၀က်သားဟင်းမကြိုက်ဘူး။ ဝက်သားကင်တော့ကြိုက်တယ်ဆိုသူများရှိလား။
မတ်လနဲ့ ဧပြီလတွေမှာ စပိန်နိုင်ငံကနေတင်သွင်းတဲ့ ဝက်သားကို Babett Yangon မှာရနေပါပြီ။ ဝက်သားပဲဘာထူးဆန်းလို့လဲလို့တွေးနေမယ့်သူတွေအတွက် ဒီဝက်သားအကြောင်းကိုနည်းနည်းရှင်းပြပါ့မယ်။
Iberico Pork လို့ခေါ်တဲ့ဒီဝက်ဟာ အနက်ရောင်ရှိပြီး Iberia ကျွန်းဆွယ်မှာပဲမွေးမြူထုတ်လုပ်တဲ့ဝက်ပါ။ အသားတိုးဆေးနဲ့ ပိုးသတ်ဆေးတွေတိုက်ကျွေးခြင်းမရှိဘဲ သဘာဝအစားအစာဖြစ်တဲ့ သစ်ကြားသီးနဲ့ အခွံမာသီးတွေကိုပဲကျွေးပြီးမွေးမြူတယ်။ အသားတွင်းအဆီပါဝင်မှုမျှတတဲ့အတွက် သူ့ရဲ့အသားက ပုံမှန်ဝက်သားတွေထက်နူးညံ့တယ်။ အမျိုးမျိုးပြင်ဆင်ချက်ပြုတ်လေ့ရှိပေမယ့် ကင်ပြီးစားတာကတော့ အရိုးရှင်းဆုံးနဲ့အရသာအရှိဆုံးပါပဲ။ ကမ္ဘာတဝှမ်းနာမည်ကြီးတဲ့ စပိန်ရိုးရာဟင်းလျာတခုလည်းဖြစ်ပါတယ်။

Babett က media tasting ပွဲမှာတော့ Iberico ဝက်သားနဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ကဝက်သားကို ယှဉ်စားခွင့်ရခဲ့ပါတယ်။
စပိန်ဝက်သားကတော့ ၁ကီလိုဂရမ်ရှိတဲ့နံရိုးကင် (ကျပ် ၃၂၀၀၀) ဖြစ်ပြီး တပွဲကို ၄ယောက်လောက်စားလို့ရပါတယ်။ ဒီဝက်သားကင်ကအပတ်စဉ် ကြာသာပတေးနေ့ ညနေ ၅နာရီကနေ ၁၁နာရီအတွင်းပဲရတယ်။ ၅၀၀ဂရမ်ဆိုရင်တော့ ကျပ် ၁၇၅၀၀ ပဲကျသင့်ပါမယ်။
သူကအသားကို ငရုတ်ကောင်းနဲ့နှပ်ထားပြီးမှကင်လို့အမွှေးနံ့ကအသားထဲထိစိမ့်ဝင်နေတယ်။ အပေါ်ကနေကြက်သွန်မြိတ်လေးတွေဖြူးထားပြီး တွဲဖက်စားဖို့အားလူးကြော်တပွဲလည်းပါပါသေးတယ်။ နံကင်ဆိုတော့အသားနဲ့အဆီလေးတွဲပြီး ဝါးလိုက်တိုင်းအိစက်နေတာပဲ။

A la carte menu ထဲက Pork Chop ကတော့ ရှမ်းပြည်ကလာတဲ့ဝက်သားကိုကင်ထားတာပါ။ သူက တပွဲကို ကျပ် ၁၉၀၀၀ ဖြစ်ပြီး အရွက်သုပ်နဲ့တွဲဖက်ပေးတယ်။ သူကအသားထုကြီးပေမယ့် စပိန်ဝက်သားလောက်တော့မနူးညံ့ဘူးဗျ။ သူ့အတိုင်းစားရင်မသိသာပေမယ့် ၂မျိုးတွဲစားတော့မှ ဘယ်ဟာကပိုနူးညံ့တယ်ဆိုတာသိနိုင်တာပါ။
ပြီးတော့ Exclusive Menu ထဲက Piquant Pork Tongue (ကျပ် ၁၇၀၀၀) ကိုလည်းမြည်းစမ်းခွင့်ရခဲ့ပါတယ်။ ဒီဟင်းပွဲထဲမှာ စပိန်ဝက်လျှာကို ဝိုင်ဖြူ၊ ရှာလကာရည်၊ ထောပတ်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေရောပြီး ပျစ်ပျစ်နှစ်နှစ်ချက်ထားတာ။ ဒါကိုတော့ လုံး၀ recommend ပေးပါတယ်။

တွဲဖက်သောက်ဖို့ Monastrell နဲ့ Syrah တို့လိုစပိန်ဝိုင်နီတွေကိုရွေးသင့်တယ်။ ကိုယ်မရွေးတတ်ဘူးဆိုရင်လည်း ဝန်ထမ်းတွေကိုအကြံဉာဏ်တောင်းနိုင်ပါတယ်။
Exclusive Menu ထဲမှာ Spicy Pork Ear Salad (ဝက်နားရွက်သုပ်)၊ Piquant Pork Tongue (ဝက်လျှာ)၊ Spanish Piperade Burger (စပိန်ဝက်သားဘာဂါ)၊ Pork Belly Pot-Au-Feu (ဝက်သုံးထပ်သားစတူး)၊ Pork Ribs (ဝက်နံရိုး) နဲ့ Suckling Pig (ဝက်ကလေးသား) ဆိုပြီး ၆မျိုးပါပါတယ်။ ဈေးတွေကတော့ ကျပ် ၉၅၀၀ ကနေ ၂၄၀၀၀ ထိရှိတယ်။
ဝက်သားကြိုက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ promotion ပါပဲ။ မတ်လနဲ့ဧပြီလ ၂လတည်းပဲ အထူးဟင်းပွဲ ၆မျိုးကိုရနိုင်မှာမို့ အခုပဲ booking လုပ်လိုက်တော့နော်။
Babett Yangon
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
7 am – 1 am
01 824 3639
Zawgyi
၀က္သားဟင္းမၾကိဳက္ဘူး။ ၀က္သားကင္ေတာ့ၾကိဳက္တယ္ဆိုသူမ်ားရွိလား။
မတ္လနဲ႔ ဧျပီလေတြမွာ စပိန္ႏုိင္ငံကေနတင္သြင္းတဲ့ ၀က္သားကို Babett Yangon မွာရေနပါျပီ။ ၀က္သားပဲဘာထူးဆန္းလို႔လဲလို႔ေတြးေနမယ့္သူေတြအတြက္ ဒီ၀က္သားအေၾကာင္းကိုနည္းနည္းရွင္းျပပါ့မယ္။
Iberico Pork လို႔ေခၚတဲ့ဒီ၀က္ဟာ အနက္ေရာင္ရွိျပီး Iberia ကၽြန္းဆြယ္မွာပဲေမြးျမဴထုတ္လုပ္တဲ့၀က္ပါ။ အသားတုိးေဆးနဲ႔ ပိုးသတ္ေဆးေတြတိုက္ေကၽြးျခင္းမရွိဘဲ သဘာ၀အစားအစာျဖစ္တဲ့ သစ္ၾကားသီးနဲ႔ အခြံမာသီးေတြကိုပဲေကၽြးျပီးေမြးျမဴတယ္။ အသားတြင္းအဆီပါ၀င္မႈမွ်တတဲ့အတြက္ သူ႔ရဲ႕အသားက ပံုမွန္၀က္သားေတြထက္ႏူးညံ့တယ္။ အမ်ိဳးမ်ိဳးျပင္ဆင္ခ်က္ျပဳတ္ေလ့ရွိေပမယ့္ ကင္ျပီးစားတာကေတာ့ အရိုးရွင္းဆံုးနဲ႔အရသာအရွိဆံုးပါပဲ။ ကမာၻတ၀ွမ္းနာမည္ၾကီးတဲ့ စပိန္ရိုးရာဟင္းလ်ာတခုလည္းျဖစ္ပါတယ္။
Babett က media tasting ပြဲမွာေတာ့ Iberico ၀က္သားနဲ႔ ျမန္မာႏုိင္ငံ ရွမ္းျပည္နယ္က၀က္သားကို ယွဥ္စားခြင့္ရခဲ့ပါတယ္။
စပိန္၀က္သားကေတာ့ ၁ကီလိုဂရမ္ရွိတဲ့နံရိုးကင္ (က်ပ္ ၃၂၀၀၀) ျဖစ္ျပီး တပြဲကို ၄ေယာက္ေလာက္စားလို႔ရပါတယ္။ ဒီ၀က္သားကင္ကအပတ္စဥ္ ၾကာသာပေတးေန႔ ညေန ၅နာရီကေန ၁၁နာရီအတြင္းပဲရတယ္။ ၅၀၀ဂရမ္ဆိုရင္ေတာ့ က်ပ္ ၁၇၅၀၀ ပဲက်သင့္ပါမယ္။
သူကအသားကို ငရုတ္ေကာင္းနဲ႔ႏွပ္ထားျပီးမွကင္လို႔အေမႊးနံ႔ကအသားထဲထိစိမ့္၀င္ေနတယ္။ အေပၚကေနၾကက္သြန္ျမိတ္ေလးေတြျဖဴးထားျပီး တြဲဖက္စားဖို႔အားလူးေၾကာ္တပြဲလည္းပါပါေသးတယ္။ နံကင္ဆိုေတာ့အသားနဲ႔အဆီေလးတြဲျပီး ၀ါးလိုက္တုိင္းအိစက္ေနတာပဲ။
A la carte menu ထဲက Pork Chop ကေတာ့ ရွမ္းျပည္ကလာတဲ့၀က္သားကိုကင္ထားတာပါ။ သူက တပြဲကို က်ပ္ ၁၉၀၀၀ ျဖစ္ျပီး အရြက္သုပ္နဲ႔တြဲဖက္ေပးတယ္။ သူကအသားထုၾကီးေပမယ့္ စပိန္၀က္သားေလာက္ေတာ့မႏူးညံ့ဘူးဗ်။ သူ႔အတိုင္းစားရင္မသိသာေပမယ့္ ၂မ်ိဳးတြဲစားေတာ့မွ ဘယ္ဟာကပိုႏူးညံ့တယ္ဆိုတာသိႏုိင္တာပါ။
ျပီးေတာ့ Exclusive Menu ထဲက Piquant Pork Tongue (က်ပ္ ၁၇၀၀၀) ကိုလည္းျမည္းစမ္းခြင့္ရခဲ့ပါတယ္။ ဒီဟင္းပြဲထဲမွာ စပိန္၀က္လွ်ာကို ၀ိုင္ျဖဴ၊ ရွာလကာရည္၊ ေထာပတ္နဲ႔ ဟင္းခတ္အေမႊးအၾကိဳင္ေတြေရာျပီး ပ်စ္ပ်စ္ႏွစ္ႏွစ္ခ်က္ထားတာ။ ဒါကိုေတာ့ လံုး၀ recommend ေပးပါတယ္။
တြဲဖက္ေသာက္ဖို႔ Monastrell နဲ႔ Syrah တို႔လိုစပိန္၀ိုင္နီေတြကိုေရြးသင့္တယ္။ ကိုယ္မေရြးတတ္ဘူးဆိုရင္လည္း ၀န္ထမ္းေတြကိုအၾကံဥာဏ္ေတာင္းႏုိင္ပါတယ္။
Exclusive Menu ထဲမွာ Spicy Pork Ear Salad (၀က္နားရြက္သုပ္)၊ Piquant Pork Tongue (၀က္လွ်ာ)၊ Spanish Piperade Burger (စပိန္၀က္သားဘာဂါ)၊ Pork Belly Pot-Au-Feu (၀က္သံုးထပ္သားစတူး)၊ Pork Ribs (၀က္နံရိုး) နဲ႔ Suckling Pig (၀က္ကေလးသား) ဆိုျပီး ၆မ်ိဳးပါပါတယ္။ ေစ်းေတြကေတာ့ က်ပ္ ၉၅၀၀ ကေန ၂၄၀၀၀ ထိရွိပါတယ္။
၀က္သားၾကိဳက္တဲ့သူေတြအတြက္ေတာ့ လက္မလႊတ္သင့္တဲ့ promotion ပါပဲ။ မတ္လနဲ႔ဧျပီလ ၂လတည္းပဲ အထူးဟင္းပြဲ ၆မ်ိဳးကိုရႏုိင္မွာမို႔ အခုပဲ booking လုပ္လုိက္ေတာ့ေနာ္။
Babett Yangon
အမွတ္ ၅၊ အလံျပဘုရားလမ္း၊ ရန္ကုန္။
7 am – 1 am
01 824 3639