Advertisement
ဗြိတိသျှရုပ်ရှင်မင်းသား Idris Elba ဟာ Coronavirus (COVID-19) ကူးစက်ခံထားရကြောင်း တနင်္လာနေ့မနက်က Twitter မှာပြောပါတယ်။
အသက် ၄၇နှစ်အရွယ် Elba ဟာ virus ကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာတွေမပြသေးကြောင်း ပြောပါတယ်။
Coronavirus ရှိတဲ့သူတယောက်နဲ့ဆုံတွေ့ခဲ့မိကြောင်း သတိထားမိခဲ့တဲ့အတွက် အရင်အပတ်သောကြာနေ့ကတည်းက အိမ်မှာပဲနေခဲ့တယ်လို့ ပြောပါတယ်။
သူ့အမျိုးသမီး Sabrina Dhowre ကတော့ပိုးရှိမရှိမစစ်ဆေးရသေးပေမယ့် အခုထိဖျားနာမှုမရှိသေးကြောင်းလည်း ပရိသတ်တွေကိုအသိပေးလိုက်ပါတယ်။
Thor မှာ Heimdall အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Elba ဟာရောဂါပျံ့ပွားမှုကိုထိန်းချုပ်နိုင်ဖို့ အိမ်မှာပဲနေသင့်ကြောင်း သူ့ပရိသတ်တွေကိုတိုက်တွန်းလိုက်ပါသေးတယ်။

Advertisement