Advertisement

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ထွက်ရှိလာခဲ့တဲ့ Katy Perry ရဲ့”Never Worn White” သီချင်းသစ်ကတော့ ဆွတ်ပျံ့ကြည်နူးစရာတွေနဲ့ပြည့်နှက်နေတဲ့သီချင်းတစ်ပုဒ် လို့ ဆိုရမှာပါ။ အကြောင်းကတော့ Katy က ရင်သွေးလေးလွယ်ထားတဲ့ သူ့ရဲ့ ချစ်စရာကောင်းလွန်းနေတဲ့သွင်ပြင်တွေကို ဒီသီချင်းသစ်ရဲ့ Music Video ထဲမှာ ထုတ်ဖော်ပြခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Katy က ဒီ Music Video အသစ်ထဲမှာ ခပ်ပွပွအဖြူရောင်အင်္ကျီကိုဝတ်ဆင်ထားပြီး ခင်ပွန်းလောင်းဖြစ်တဲ့ Orlando Bloom ကို လက်ထပ်လိုကြောင်းအဓိပ္ပာယ်ရတဲ့သီချင်းစာသားတွေ သီဆိုခဲ့တာဖြစ်ပါတယ်။

သူနဲ့ Orlando Bloom တို့က ၂၀၁၉ ခုနှစ်မှာ စေ့စပ်ခဲ့ကြတာပါ။ ( Perry က ဟာသသရုပ်ဆောင် Russel Brand နဲ့ အရင်ကလက်ထပ်ခဲ့ဖူးပါသေးတယ်)

ရင်သွေးလေးရှိနေပြီ ဆိုတဲ့ကိစ္စဟာ သူ အချိန်အတော်ကြာလျို့ဝှက်ထားခဲ့တဲ့ကိစ္စ လို့ Instagram Live တစ်ခုထဲမှာ Katy ကပြောပြခဲ့ပြီး ရင်သွေးလေးကို နွေရာသီနှောင်းပိုင်းအချိန် (သူ့ရဲ့ အယ်လ်ဘမ်သစ်ထွက်မယ့်အချိန်နဲ့ တစ်ချိန်တည်း) မှာ မွေးဖွားမှာဖြစ်တယ်လို့လည်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ Perry ရဲ့ pregnancy သတင်းနဲ့ Album သစ်သတင်းကို တစ်ပြိုင်တည်းသိလိုက်ရတဲ့ Perry’s fan တွေကတော့ အတော်လေးစိတ်လှုပ်ရှားပျော်ရွှင်နေကြမှာ အသေအချာပါပဲ။

Ref: NBCNews
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here