Advertisement

Coronavirus (COVID-19) ကူးစက်ခံရပြီး သက်သာပျောက်ကင်းသွားတဲ့လူနာတွေမှာ အဆုတ်စွမ်းဆောင်ရည်လျော့ကျသွားတယ်လို့ ဟောင်ကောင်ဆရာဝန်များကစစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။

Infectious Disease Centre at Princess Margaret Hospital က Dr Owen Tsang Tak-yin ရဲ့ပြောပြချက်အရ ဆေးရုံဆင်းသွားတဲ့လူနာ တဒါဇင်ကိုနောက်ဆက်တွဲစမ်းသပ်ကြည့်တဲ့အခါမှာ လူနာ တချို့ရဲ့အဆုတ်စွမ်းဆောင်ရည်ဟာ ၂၀ရာခိုင်နှုန်းကနေ ၃၀ရာခိုင်နှုန်းလောက်ကျဆင်းသွားကြောင်း သိရပါတယ်။

“လူနာ ၂ယောက် ၃ယောက်လောက်ကလမ်းမြန်မြန်လျှောက်ရင်မောတယ်လို့ပြောကြတယ်။ အရင်လိုအမောမခံနိုင်တော့တာလည်းတွေ့ရတယ်ဗျ” လို့ Dr Tsang ကကြာသာပတေးနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အဆုတ်ကို scan ဖတ်ပြီးစစ်ဆေးရာမှာတော့ အဆုတ်မှာဒဏ်ဖြစ်နေတာတွေ့ရပြီး ရေရှည်မှာ pulmonary fibrosis လိုရောဂါအဖြစ်ကူးပြောင်းသွားနိုင်ချေရှိမရှိဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Ref: Independent

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here