Advertisement

ကမ္ဘာကျော်ဘာစီလိုနာ‌‌ဘောလုံးအသင်းရဲ့ တိုက်စစ်မှူး Lionel Messi က COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှာပါဝင်ကူညီတဲ့အနေနဲ့ ဘာစီလိုနာမြို့ပြည့်သူ့‌ဆေးရုံအတွက် အလှူငွေ ပေါင် ၁ သန်း လှူဒါန်းခဲ့‌ကြောင်းသိရပြီး ဆေးရုံရဲ့တရားဝင် Twitter စာမျက်နှာမှာလည်း ဒီလှူဒါန်းမှုအကြောင်းမှတ်တမ်းတင်ဖော်ပြထားပါတယ်။

ဒါဟာ ဘာစီလိုနာအသင်းမန်နေဂျာဟောင်း ပက်ဂွာဒီယိုလာရဲ့ ပေါင် ၁ သန်းဖိုးဆေးပစ္စည်းအလှူပြီးရင် ဒုတိယမြောက် ဘာစီလိုနာအသင်းအခြေပြုအလှူတစ်ခုပါ။

မက်ဆီရဲ့ခေတ်ပြိုင် ဂျူဗင်တပ်အသင်းတိုက်စစ်မှူး Cristiano Ronaldo နဲ့ သူ့ရဲ့ agent ဖြစ်သူJorge Mendes တို့ဟာလည်း ပေါ်တူဂီနိုင်ငံ Lisbon နဲ့ Porto မြို့တွေက ဆေးရုံတွေအတွက် အလှူငွေ‌ပေါင် ၁ သန်းလှူဒါန်းထားတယ်လို့ သိရပါတယ်။

လက်ရှိကာလမှာ ဘာစီလိုနာမြို့အပါအဝင် စပိန်နိုင်ငံတဝှမ်းလုံး COVID-19 ကပ်ဘေးဒဏ်ကိုခံစား‌နေရတာပါ။ မက်ဆီရဲ့ အသင်းဖော် အိုင်ဗန်ရာကီတစ်က အခုအချိန်အတွက် အိမ်မှာနေတာကသာ ကျွန်တော့တို့လုပ်နိုင်တဲ့ အကောင်းဆုံးရောဂါကာကွယ်ရေးနည်းလမ်းဖြစ်တယ်လို့ပြောခဲ့ပါတယ်။

Ref: BBC
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here