အီတလီကသက်ကြီးရွယ်အိုတွေ COVID-19 ဆေးကုသခွင့်ဆုံးရှုံးဖွယ်ရှိ

0
Advertisement

အီတလီမှာအသက် ၈၀ ကျော်တဲ့ပြည်သူတွေနဲ့ ကျန်းမာရေးမကောင်းသူတွေ Coronavirus (COVID-19) ကူးစက်ခံရတဲ့အခါဆေးကုသခွင့်ဆုံးရှုံးဖွယ်ရှိနေပါတယ်။

ဒီဆုံးဖြတ်ချက်ကို တနင်္ဂနွေနေ့က Turin မှာရှိတဲ့ crisis management team ရဲ့မှတ်တမ်းမှတ်ရာတွေကတဆင့်သိရှိရတာပါ။ ဆေးရုံမှာကုတင်တွေမလုံလောက်တဲ့အတွက် ဒီစီမံချက်ကိုကျင့်သုံးဖို့ဖြစ်လာကြောင်းပြောထားပါတယ်။

ဒီဆုံးဖြတ်ချက်ကိုအတည်ပြုလိုက်ရင် လူနာတယောက်ရဲ့အသက်နဲ့ ဆေးမှတ်တမ်းကိုကြည့်ပြီးထိုသူကိုဆေးကုသခွင့်ပြုမပြု ဆရာဝန်တွေကဆုံးဖြတ်ရမှာဖြစ်ပြီး အသက် ၈၀ကျော်နေခဲ့ရင်၊ ဆေးမှတ်တမ်းမှာရောဂါဖြစ်ပွားမှုနှုန်းများနေရင် COVID-19 ကိုကုသခွင့်ရရှိမှာမဟုတ်ပါဘူး။

ဆရာဝန်တယောက်ကတော့ဒါဟာ စစ်ပွဲတွေမှာကျင့်သုံးလေ့ရှိတဲ့စနစ်လို့မှတ်ချက်ပေးတယ်။

ဥရောပမှာအဆိုးရွားဆုံး Coronavirus အကျပ်အတည်းနဲ့ကြုံတွေ့နေရတဲ့ အီတလီနိုင်ငံမှာ စနေနေ့အထိ လူ ၂သောင်းခွဲနီးပါးရောဂါကူးစက်ခံထားရပြီး ၁၈၀၀ ကွယ်လွန်သွားခဲ့ပါပြီ။
လွန်ခဲ့တဲ့ ၁၅ရက်လောက်ကတည်းကတနိုင်ငံလုံးခရီးသွားလာမှုဖြတ်တောက်ထားတာဖြစ်ပါတယ်။

Ref: The Sun

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here