Advertisement

BreadTalk’s Say Cheese to Chocolate

BreadTalk Myanmar ရဲ့မုန့်စီးရီးသစ်ဖြစ်ပြီး “Say Cheese To Chocolate” လို့ခေါ်ပါတယ်။ Chocolate ကြိုက်တဲ့သူတွေနဲ့ Cheese ကြိုက်တဲ့သူတွေကတော့သဘောကျမှာပါ။ ဒီ series ထဲမှာ Cheese Me, Tempt-pura, Cheese Lava, Choco Aleck Choco Toast, Choco Walnut တွေအပါအဝင် Bun (၆) ခု၊ Toast (၁) ခုနဲ့ ကိတ်သေးလေး (၁) ခုပါတာမို့ ရွေးချယ်စရာတွေအများကြီးရှိပါတယ်။ BreadTalk ဆိုင်ခွဲတိုင်းမှာရနိုင်ပါပြီ။

International Weekday Buffet Dinner

တနင်္လာနေ့ကနေသောကြာနေ့အထိအထူးပြင်ဆင်ပေးထားတဲ့ Sedona Hotel Yangon ရဲ့ D’Cuisine စားသောက်ဆိုင်ကဘူဖေးမှာ အရှေ့တိုင်းအနောက်တိုင်းဟင်းလျာတွေအပြင် မြန်မာ့ရိုးရာအစားအသောက်တွေပါဝင်ပါတယ်။ လတ်ဆတ်သန့်ရှင်းတဲ့အသားနဲ့ပင်လယ်စာ၊ စားမြိန်စာတွေအာလုံးကို ၂ယောက်ကို ၃၅ဒေါ်လာ (nett) တည်းနဲ့ သုံးဆောင်နိုင်မှာပါ။ ဒီ promotion ကိုရယူဖို့အတွက် Sedona Hotel Yangon ရဲ့ Facebook page ကို Like and Share ပြုလုပ်ပေးရုံပါပဲ။ ဆိုင်ရောက်ရင်ကိုယ် Like and Share လုပ်ထားတာလေးကိုပြလိုက်ရုံနဲ့ ဒီ promotion ကိုခံစားနိုင်ပါပြီ။ Promotion ကဧပြီ ၃၀အထိရှိတယ်နော်။ +95 1 860 5377 or +95 9 894 628 822 ကိုဆက်သွယ်ပြီး booking အခုပဲတင်လိုက်ပါ။

Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

Urban Oasis Package

မြို့ပြရဲ့မွန်းကျပ်မှုတွေကပြေးထွက်ရင်း ရန်ကုန်ရဲ့အိုအေစစ်လေးမှာအနားယူလိုက်ပါ။ Sedona Hotel Yangon ရဲ့ Urban Oasis package ကိုအခုပဲဘွတ်ကင်တင်ရင်း အထူးအခွင့်အရေးနဲ့ဝန်ဆောင်မှုတွေရယူနိုင်ပါပြီ။ ဖုန်းနံပါတ် +95 1 9544051 (သို့) [email protected] မှာ ဘွတ်ကင်တင်လို့ရပါတယ်။

Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

Staycation at Melia Yangon

Melia Yangon မှာ staycation လုပ်ရင်းအပန်းဖြေချင်တယ်ဆိုရင်တော့ ဒီ promotion ကိုဖတ်ကြည့်ဖို့လိုပါပြီ။ ၂ယောက်စာ $80 ကနေစပြီး တည်းခိုနိုင်ပါတယ်။ မနက်စာဘူဖေး၊ sparkling wine တပုလင်း၊ ချောကလက်အုပ်ထားတဲ့ရာသီစာသစ်သီးတွေအပြင် Fitness Centre နဲ့ ရေကူးကန်အသုံးပြုခွင့်တွေကိုလည်းရဦးမှာပါ။ ဧပြီ ၇ရက်မတိုင်မီ အခန်း ၅ခန်းနဲ့အထက် booking လုပ်ရင် ၁၀ရာခိုင်နှုန်း discount ရနိုင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် အခုပဲ 01 934 5000 ကိုဆက်သွယ် booking တင်လိုက်ပါ။

Melia Yangon
၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်း၊ ရန်ကုန်။
3 January 2020 (6 PM – 10 PM)

Staycation at LOTTE Hotel Yangon

ပိတ်ရက်တွေမှာ ခရီးလည်းမသွားချင်ဘူး။ အိမ်မှာလည်းမနေချင်ဘူး ဆိုပြီး စဉ်းစားရခက်နေရင်တော့ LOTTE Hotel Yangon ရဲ့ စိတ်ဝင်စားစရာ Staycation Package လေးတွေရှိနေပါတယ်နော်။

အထူးခံစားခွင့်တွေနဲ့ အတူ မတ်လအတွင်မှာ ဘွတ်ကင်လုပ်မယ်ဆိုရင်တော့ ရွှေသားဆုပေးမယ့် Special Lucky Draw အစီအစဉ်မှာ ကံထူးရှင်ဖြစ်နိုင်သလို 10% Discount နဲ့ Body Shop Gift Set ကိုလည်း ရရှိဦးမှာပါ။ ဒါကြောင့် စိတ်အေးအေးချမ်းချမ်းနဲ့ အနားယူဖို့ ဆိုရင်တော့ LOTTE Hotel Yangon ရဲ့ Staycation Package တွေက အသင့်တော်ဆုံးပဲလေ။
အသေးစိတ်သိရှိလိုပါက ဖုန်းနံပတ် 01-9351000 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Festive Thingyan Package

Novotel Yangon Max ရဲ့ Festive Thingyan Package မှာ ၂ယောက်ခန်း Deluxe Room မှာတည်းခိုရင်းဘူဖေးမနက်စာတို့ကိုသုံးဆောင်နိုင်မှာပါ။ ၁၆နှစ်အောက်ကလေးဆိုရင် လည်းလူကြီး ၂ယောက်နဲ့အတူတည်းခိုနိုင်ပါတယ်။ ဒီ package မှာ Gourmet Bar, Pool Bar နဲ့ Time Out Sports Bar တို့မှာ Happy Hour အတွင်း Free Flow Cocktail တွေသုံးဆောင်နိုင်ပါတယ်။ 30 USD Nett (per room per night) ထပ်မံပေးဆောင်ရုံနဲ့ VIK Suite ကို upgrade လုပ်လို့ရတယ်နော်။ Ma Thuzar (01-2305858) နဲ့ email (H[email protected]) တို့ကိုဆက်သွယ်ပြီး reservation တင်လို့ရပါတယ်။

Novotel Yangon Max
အမှတ် ၄၅၉၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်။
12pm – 2:30pm

Go Loco for Iberico!

မတ်လနဲ့ ဧပြီလတွေမှာ စပိန်နိုင်ငံကနေတင်သွင်းတဲ့ ဝက်သားကို Babett Yangon မှာရနေပါပြီ။ Iberico Pork လို့ခေါ်တဲ့ဒီဝက်ဟာ အနက်ရောင်ရှိပြီး Iberia ကျွန်းဆွယ်မှာပဲမွေးမြူထုတ်လုပ်တဲ့ဝက်ပါ။ အသားတိုးဆေးနဲ့ ပိုးသတ်ဆေးတွေတိုက်ကျွေးခြင်းမရှိဘဲ သဘာဝအစားအစာဖြစ်တဲ့ သစ်ကြားသီးနဲ့ အခွံမာသီးတွေကိုပဲကျွေးပြီးမွေးမြူတယ်။ အသားတွင်းအဆီပါဝင်မှုမျှတတဲ့အတွက် သူ့ရဲ့အသားက ပုံမှန်ဝက်သားတွေထက်နူးညံ့တယ်။ ဝက်သားကြိုက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ promotion ပါပဲ။ မတ်လနဲ့ဧပြီလ ၂လတည်းပဲ အထူးဟင်းပွဲ ၆မျိုးကိုရနိုင်မှာမို့ အခုပဲ booking လုပ်လိုက်တော့နော်။

Babett Yangon
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
7 am – 1 am
01 824 3639

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here