International Weekday Buffet Dinner

တနင်္လာနေ့ကနေသောကြာနေ့အထိအထူးပြင်ဆင်ပေးထားတဲ့ Sedona Hotel Yangon ရဲ့ D’Cuisine စားသောက်ဆိုင်ကဘူဖေးမှာ အရှေ့တိုင်းအနောက်တိုင်းဟင်းလျာတွေအပြင် မြန်မာ့ရိုးရာအစားအသောက်တွေပါဝင်ပါတယ်။ လတ်ဆတ်သန့်ရှင်းတဲ့အသားနဲ့ပင်လယ်စာ၊ စားမြိန်စာတွေအာလုံးကို ၂ယောက်ကို ၃၅ဒေါ်လာ (nett) တည်းနဲ့ သုံးဆောင်နိုင်မှာပါ။ ဒီ promotion ကိုရယူဖို့အတွက် Sedona Hotel Yangon ရဲ့ Facebook page ကို Like and Share ပြုလုပ်ပေးရုံပါပဲ။ ဆိုင်ရောက်ရင်ကိုယ် Like and Share လုပ်ထားတာလေးကိုပြလိုက်ရုံနဲ့ ဒီ promotion ကိုခံစားနိုင်ပါပြီ။ Promotion ကဧပြီ ၃၀အထိရှိတယ်နော်။ +95 1 860 5377 or +95 9 894 628 822 ကိုဆက်သွယ်ပြီး booking အခုပဲတင်လိုက်ပါ။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
BreadTalk’s Say Cheese to Chocolate

BreadTalk Myanmar ရဲ့မုန့်စီးရီးသစ်ဖြစ်ပြီး “Say Cheese To Chocolate” လို့ခေါ်ပါတယ်။ Chocolate ကြိုက်တဲ့သူတွေနဲ့ Cheese ကြိုက်တဲ့သူတွေကတော့သဘောကျမှာပါ။ ဒီ series ထဲမှာ Cheese Me, Tempt-pura, Cheese Lava, Choco Aleck Choco Toast, Choco Walnut တွေအပါအဝင် Bun (၆) ခု၊ Toast (၁) ခုနဲ့ ကိတ်သေးလေး (၁) ခုပါတာမို့ ရွေးချယ်စရာတွေအများကြီးရှိပါတယ်။ BreadTalk ဆိုင်ခွဲတိုင်းမှာရနိုင်ပါပြီ။
Your Wedding. Sedona Delivers.

သင့်ချစ်သူနဲ့တဘဝလုံးစာအမှတ်တရမင်္ဂလာပွဲကနေ ညစာစားပွဲတွေအထိ Sedona Hotel Yangon ရဲ့ခမ်းနားလှပတဲ့ခန်းမတွေမှာစီစဉ်လိုက်ပါ။ Sedona ကအသေးစိတ်လိုလေသေးမရှိအောင်ဆောင်ရွက်ပေးနေပါပြီ။ ကိုယ်သိလိုတဲ့အချက်အလက်တွေကိုမေးမြန်းဖို့နဲ့ booking တင်ဖို့အတွက် +95 9977 532 958 (သို႔) [email protected] ကိုဆက်သွယ်လိုက်နော်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Go Loco for Iberico!

မတ်လနဲ့ ဧပြီလတွေမှာ စပိန်နိုင်ငံကနေတင်သွင်းတဲ့ ဝက်သားကို Babett Yangon မှာရနေပါပြီ။ Iberico Pork လို့ခေါ်တဲ့ဒီဝက်ဟာ အနက်ရောင်ရှိပြီး Iberia ကျွန်းဆွယ်မှာပဲမွေးမြူထုတ်လုပ်တဲ့ဝက်ပါ။ အသားတိုးဆေးနဲ့ ပိုးသတ်ဆေးတွေတိုက်ကျွေးခြင်းမရှိဘဲ သဘာဝအစားအစာဖြစ်တဲ့ သစ်ကြားသီးနဲ့ အခွံမာသီးတွေကိုပဲကျွေးပြီးမွေးမြူတယ်။ အသားတွင်းအဆီပါဝင်မှုမျှတတဲ့အတွက် သူ့ရဲ့အသားက ပုံမှန်ဝက်သားတွေထက်နူးညံ့တယ်။ ဝက်သားကြိုက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ promotion ပါပဲ။ မတ်လနဲ့ဧပြီလ ၂လတည်းပဲ အထူးဟင်းပွဲ ၆မျိုးကိုရနိုင်မှာမို့ အခုပဲ booking လုပ်လိုက်တော့နော်။
Babett Yangon
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
7 am – 1 am
01 824 3639
Saturday’s Australian BBQ Buffet Dinner

မတ်လ ၂၈ရက်နေ့ ညနေ ၆နာရီကနေ ၁၀နာရီအထိ Rose Garden Hotel Yangon မှာသြစတြေးလျစတိုင် BBQ ဘူဖေးညစာရှိတယ်နော့်။ သားပိုက်ကောင်၊ မိကျောင်းသား၊ emu ငှက်သားတို့လို ထူးထူးဆန်းဆန်းအသားတွေကိုစားရဦးမယ့်အပြင် သိုးသား၊ သြစတြေးလျအမဲသား၊ red snapper၊ ocean trout၊ ကျားပုစွန်တွေလည်းပါဦးမှာပါ။ Draught beer နဲ့ soft drink တွေ free flow ရနိုင်ပါတယ်။ ဒါတွေအကုန်လုံးကို ၂၆ဒေါ်လာတည်းနဲ့သုံးဆောင်နိုင်ပါပြီ။ ကလေးတွေဆို ၅၀ရာခိုင်နှုန်း discount ရှိပါတယ်။ ၃နာရီကနေ ၇နာရီအထိ ရေကူးခွင့်လည်းရဦးမှာနော်။
01-371992 သို့မဟုတ် [email protected] မှာ ဘွတ်ကင်တင်လို့ရပါတယ်။ ဒီလင့်ကနေတဆင့် ဘွတ်ကင်တင်လို့လည်းရပါတယ်။ http://bit.ly/MarchAUBBQBuffetDinner မှာလည်းဖောင်ဖြည့်ပြီး reservation လုပ်လို့ရပါတယ်။
Rose Garden Hotel – Yangon
၁၇၁၊ ပန်းဆိုးတန်းအထက်လမ်း၊ ကန်တော်ကြီးအနီး၊ ရန်ကုန်။