Advertisement

လက်ရှိမှာ အရေးပေါ်အခြေအနဖြစ်နေတဲ့ coronavirus အန္တရာယ်ကိုကာကွယ်နိုင်ဖို့အတွက် company အများစုဟာ ဝန်ထမ်းတွေကို အိမ်မှာပဲအလုပ်လုပ်ဖို့ ညွှန်ကြားလာကြပြီး Twitter ဆိုရင် ဖြစ်လာနိုင်ချေတွေကို ကြိုတင်မှန်းဆလို့ သူ့ရဲ့ဝန်ထမ်း 5,000 လုံးကို ရုံးမလာဘဲ အိမ်ကနေအလုပ်လုပ်ဖို့ စီစဉ်ပြီးပါပြီ။

ဘယ်သူမဆို company ထံကနေ ရက်သတ္တပတ်နည်းနည်း ဒါမှမဟုတ် ရက်နည်းနည်းလောက် အိမ်ကနေအလုပ်လုပ်စေလိုကြောင်း အကြောင်းကြားစာရောက်လာတဲ့အခါမှာ အဲဒီလိုလုပ်ဖို့ကအဆင်ပြေနိုင်ပါ့မလား လို့ စိုးရိမ်သွားမိမှာပါ။ အဲဒီအတွက်တော့ ပူနေဖို့မလိုပါဘူး။ ဘာကြောင့်လဲဆိုရင် အခုဖော်ပြပေးမှာက စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ COVID-19 Outbreak ကာလအတွင်း အခမဲ့သုံးခွင့်ရမယ့် နည်းပညာလုပ်ငန်းကြီး (၅) ခုရဲ့ Service နဲ့ Software တွေအကြောင်းဖြစ်နေလို့ပါပဲ။ ဖတ်ရှုကြည့်လိုက်ပါဦး…။

Microsoft

Microsoft က သူတို့ရဲ့ Teams chat app premium planကို Free Trial ပေးထားပြီး အဲဒီ plan ထဲမှာ Free version မှာမရရှိနိုင်တဲ့ meeting မှတ်တမ်းတင်နိုင်မှုနဲ့ အချက်အလက် 1TB သိမ်းဆည်းနိုင်မှုတွေပါဝင်ပါတယ် ။ ဒါ့အပြင် ၆ လထိအသုံးပြုနိုင်မယ့် extended premium trial ကိုလည်း ဖန်တီးနေတယ်လို့သိရပါတယ်။

Google

Google က Hangouts Meet (to all G Suite) enterprise version နဲ့ Education user တွေအတွက် G Suite ကို အခမဲ့ရယူသုံးစွဲခွင့်ပေးထားပါတယ်။ ဒီ version မှာ call တစ်ခုအတွင်း user 250 ထိပါဝင်နိုင်မှု၊ Meeting တွေကိုမှတ်တမ်းတင်ထားနိုင်တဲ့လုပ်‌ဆောင်ချက်နဲ့ viewer 100,000 ထိရရှိနိုင်တဲ့ livestream ဝန်ဆောင်မှု စတာတွေကို July 1, 2020 ထိ သုံးစွဲခွင့်မှာဖြစ်ပါတယ်။

LogMeIn

LogMeIn ရဲ့ “Emergency Remote Work Kits” ကိုတော့ 3 လတိတိ အခမဲ့သုံးခွင့်ရမှာပါ။ အဲဒီအခမဲ့သုံးစွဲခွင့်ကို သုံးနေကျဖောက်သည်မဟုတ်တဲ့ ပရဟိတအဖွဲ့အစည်းတွေ၊ ကျောင်းတွေနဲ့ healthcare organization တွေအတွက် ‌LogMeIn က ရည်ရွယ်ပေးအပ်တာဖြစ်ပါတယ်။ သုံးနေကျ small-business customer တွေကလည်း အခမဲ့သုံးစွဲနိုင်မှာဖြစ်ပြီး ဒီ kits မှာ GoToMeeting, GoToWebinar (users can host presentations for up to 3,000 users) စတဲ့ Feature တွေပါဝင်သလို device များစွာကနေ access လုပ်သုံးစွဲနိုင်အောင်လည်း LogMeIn က remote desktop Access ကိုဖန်တီးပေးထားပါသေးတယ်။

Cisco

Cisco က သူ့ရဲ့ Webex service free version ကို အချိန်အကန့်အသတ်မရှိ အခမဲ့သုံးစွဲခွင့်ပေးထားပါတယ်။ အဲဒီ service မှာ meeting participant အရေအတွက်ကို 100 ထိထပ်တိုးနိုင်မှုအပြင် လုပ်ငန်းသုံး toll-free dial-in feature ကိုလည်း ရက် 90 လိုင်စင်နဲ့အသုံးပြုခွင့်ရရှိမှာပါ။

Zoom

Zoom ကတော့ သူတို့ရဲ့ videoconferencing software free version ကို အခမဲ့သုံးခွင့်ပေးထားပြီးဖြစ်သလို သုံးစွဲမှုများပြားလာ‌နေတဲ့အ‌လျောက် ကွန်ရက်စနစ်ပိုကောင်းမွန်လာအောင်လည်း လုပ်ဆောင်နေတယ်လို့ ကုမ္ပဏီ ရဲ့ CEO ကိုယ်တိုင်‌က ပြောဆိုထားပါတယ်။ Zoom ကိုသုံးစွဲရင်းရှိထားတဲ့ လုပ်ငန်းငယ်တွေအတွက် resource တွေနဲ့ information session တွေကိုလည်း ဖန်တီးပေးထားတဲ့အပြင် တရုတ်နိုင်ငံကသုံးစွဲသူတွေအတွက်လည်း meeting times နဲ့ breakout rooms အကန့်အသတ်မဲ့သုံးစွဲနိုင်ခွင့်၊ participant limit restriction ဖယ်ရှားနိုင်ခွင့် စတာတွေကို အချိန်ကာလထပ်တိုးခွင့်ပြုပေးထားပါတယ်။

Ref: Business Insider
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here