Advertisement

နယ်သာလန်နိုင်ငံ၊ Singer Laren museum က နာမည်ကျော်ဒတ်ချ်ပန်းချီဆရာ Vincent van Gogh ရဲ့ပန်းချီကားတစ်ချပ်ခိုးယူခံခဲ့ရပြီး ဒီအကြောင်းကို ပြတိုက်တာဝန်ရှိသူကလည်း ယမန်နေ့က အတည်ပြုခဲ့ပါတယ်။သူခိုးတွေဟာ တနင်္လာနေ့ မနက် ၃ ၁၅ မိနစ်လောက်မှာ ပြတိုက်ထဲကိုဖောက်ထွင်းဝင်ရောက်ပြီး Spring Garden လို့ အမည်ပေးထားတဲ့ ပန်းချီကားကို ခိုးသွားခဲ့ကြတာပါ။ သူခိုးတွေ အဲဒီပန်းချီကားကလွဲလို့ တခြားဘာကိုမှ မခိုးယူသွားခဲ့ကြပါဘူး။

၁၈၈၄ ခုနှစ် နွေဦးရာသီအချိန် Nuenen က vicarage garden ရဲ့မြင်ကွင်းကိုရေးဆွဲထားတာဖြစ်တဲ့ ဒီပန်းချီကားက ပေါင် ၅ သန်းလောက်တန်ကြေးရှိပြီး Groninger Museum ကနေခေတ္တငှားရမ်းပြသထားတာလည်းဖြစ်ပါတယ်။

Singer Larenပြတိုက်ရဲ့ဒါရိုက်တာ Jan Rudolph de Lorm ကတော့ ဒီသတင်းကြောင့် အားလုံး အကြီးအကျယ်တုန်လှုပ်ခဲ့ရပြီး စုံစမ်းစစ်ဆေးမှုတွေကို အပူတပြင်းလုပ်ဆောင်နေကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ coronavirus ကူးစက်မှုကပ်ဘေးကြောင့် Singer Laren museum ကို ယာယီပိတ်ထားပြီး မပိတ်မီအချိန်တုန်းက Toorop ကနေ Mondrian အထိ ခေတ်အသီးသီးကပန်းချီဆရာတွေရဲ့လက်ရာတွေကို စုစည်းပြသတဲ့ “Mirror of the Soul” ပြပွဲကို ပြုလုပ်ခဲ့ပါသေးတယ်။

Source: The Independent
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here