ရန်ကုန်ရဲ့ လမ်းမတွေပေါ်မှာ ခြေဦးတည့်သလိုလျှောက်သွားရင်း ပုံကြမ်းပန်းချီ (Sketch) တွေရေးလေ့ရှိတဲ့ sketch artist တစ်စုကို တွေ့မိဖူးပါသလား…။ အမြဲလူရှုပ်ထွေးဆူညံနေတတ်တဲ့ဈေးတန်းတွေရဲ့မြင်ကွင်း၊ ငြိမ်သက်တိတ်ဆိတ်နေတဲ့ အထင်ကရရှေးအမွေအနှစ်အဆောက်အဦတွေရဲ့ခန့်ထည်နေတဲ့မြင်ကွင်းတွေရဲ့သရုပ်သကန်ကို သူတို့ရဲ့ ပုံကြမ်းပန်းချီတွေထဲမှာ မိအောင်ဖမ်းယူရေးခြစ်ကြသူတွေပါ။ အဲဒီ sketch artist တွေထဲက ၂ ဦးနဲ့ ဆုံမိခိုက်မှာ ကိုနေသီဟ က သူသိချင်နေတဲ့အကြောင်းအရာတချို့ကို မေးခဲ့ပါတယ်။

တကယ်တော့ urban sketchers community တစ်ခုဖွဲ့ဖို့စိတ်ကူးက အသစ်အဆန်းတော့ မဟုတ်နေပါဘူး။ ဥရောပပက Scotland နိုင်ငံကစလို့ ဒေသတွင်းအိမ်နီးချင်း Singapore ထိအောင် နိုင်ငံတချို့ဆီမှာ ဖွဲ့ထားတာကြာပြီဖြစ်တဲ့ urban sketchers community တွေရှိထားပြီး blogs နဲ့ social media တွေကနေ သူတို့ရဲ့ဖန်တီးမှုတွေကို မျှဝေနေကြပါတယ်။ြ မန်မာနိုင်ငံ၊ ရန်ကုန်မြို့အတွက် urban sketchers community ကတော့ ကိုအောင်ထွဋ်ခေါင်နဲ့ တခြား sketch artist ၁၂ ဦးတို့ရဲ့စုစည်းဖွဲ့စည်းမှုကတစ်ဆင့် ဖြစ်တည်ပေါ်ပေါက်လာခဲ့ပါတယ်။

“တစ်ယောက်နဲ့ တစ်ယောက်က Facebook မှာ အရင်စရင်းနှီးကြတာ December 2018 ကျမှပဲ အပြင်မှာ ပထမဆုံးဆုံဖြစ်ကြတယ်” လို့ က urban sketchers community မဖြစ်လာခင်ကာလကအကြောင်းကို ကိုအောင်ထွဋ်ခေါင်က ပြောပြပါတယ်။
တနင်္ဂနွေညနေခင်းတိုင်း အဖွဲ့သားတွေပုံမှန်စုပြီး ရန်ကုန်မြို့တစ်လွှားလမ်းလျှောက်ရင်း ပန်းချီရေးစရာမြင်ကွင်းအရှာထွက်ကြပါတယ်။ သူတို့သွားတတ်တဲ့နေရာတွေကတော့ တရုတ်တန်းနဲ့ ဗိုလ်တထောင်ဆိပ်ကမ်း လိုနေရာမျိုးတွေအပါအဝင် နေရာအတော်လေးစုံပါတယ်။ ရန်ကုန်တင်မကဘဲ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာအချက်အချာနေရာတွေဖြစ်တဲ့ ပုဂံ၊ မန္တလေးနဲ့ မြောက်ဦး ဒေသတွေဆီကိုလည်း ခရီးထွက်ပြီး ရေးဆွဲကြပါသေးတယ်။

“ပထမဆုံးအကြိမ်ဆွဲတုန်းကဆို မိုးတွင်းဘက်ဖြစ်နေတော့ ရေဆေးကားတွေ အကုန်ပျက်စီးသွားတော့တာပဲ” လို့ ကိုအောင်ထွဋ်ခေါင်က ရယ်ရင်းနဲ့ ပြောပြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာပြုလုပ်ခဲ့တဲ့ Sketching Walkers 2.0 ပြပွဲနဲ့ဆိုရင် သူတို့ရဲ့ပန်းချီကားတွေကို စုစည်းပြသတဲ့ Group Show က ၂ ပွဲရှိထားပြီးပါပြီ။
ပုံကြမ်းပန်းချီက အနုပညာအရကြည့်ရင် ဆီဆေးနဲ့ ရေဆေးပန်းချီတွေလောက်တော့ လူကြိုက်မမျာလှးပါဘူး။ ဒါပေမဲ့ သူ့ဟန်နဲ့သူတော့ရှိပါတယ်။ အရေးအပါဆုံးအချက်ကတော့ ရိုးရှင်းပြီး ငွေကုန်ကြေးကျမများတာပါပဲ။ အရောင်သုံးစွဲမှုသီအိုရီတွေနဲ့ အနုပညာစံတွေလည်း မလိုအပ်ပါဘူး။ ခဲတံနဲ့ ပုံဆွဲစက္ကူတချို့ရှိရင်ပဲ ဆွဲနိုင်နေပါပြီ။

ကာတွန်းဆရာဖြစ်တဲ့အပြင် တက်တူးရေးသူလည်းဖြစ်တဲ့ sketcher ကိုဝင်းထွန်းသန့် က “ပုံကြမ်းပန်းချီတွေရဲ့ဟန်က တစ်မျိုးသတ်သတ်ကို ကွဲထွက်နေတယ်ဗျ။ ကျွန်တော်ဆွဲခဲ့သမျှပုံတွေထဲမှာလည်း Stroke နဲ့ Line တွေသုံးပြီးဆွဲထားတဲ့ပုံကချည်း ၁၀ % လောက်ရှိမယ်။ အဲဒီအရာတွေမှာ ကိုယ်ပိုင်ဟန်တစ်ခုကိုရှိနေတာ” လို့ sketch တွေအကြောင်းကို ပြောပြပါတယ်။
အနုပညာတက္ကသိုလ်ကနေ ဘွဲ့ရရှိထားသူ ကိုဝင်းထွန်းသန့်က ပန်းချီပညာကို ကလေးအရွယ်ကတည်းက စိတ်ဝင်စားခဲ့သူပါ။ တခြားပန်းချီဆရာတွေနည်းတူပဲ သူ အရင်ဆုံးစဆွဲခဲ့တဲ့ပန်းချီပုံတွေက ပတ်ဝန်းကျင်က မြင်ကွင်းတွေဖြစ်ခဲ့ပါတယ်။
“ကျွန်တော်က လုပ်ငန်းသုံးသရုပ်ဖော်ပုံတွေလည်းဆွဲပါတယ်။ ဒါပေမဲ့ ဆွဲရတဲ့ခံစားချက်ချင်းကတော့ မတူဘူးဗျ။ ဆွဲခပေးပြီးအပ်လို့ဆွဲရင် ကွန့်မြူးဖန်တီးမှုအပြည့်မပါနိုင်ဘူး။ ကိုယ်ဆွဲချင်တာကို ဆွဲရမှပဲ ဈာန်ဝင်တာ”
သူကတော့ ရှေးဟောင်းအဆောက်အဦတွေနဲ့ ဘုရားစေတီတွေရဲ့မြင်ကွင်းတွေကို အဓိကဆွဲလေ့ရှိသူပါ။ ကောက်ကြောင်းနဲ့ အရောင်တွေအပေါ်မှာ သူ့ရဲ့အေသေးစိတ်ကျကျအာရုံဝင်စားတတ်မှုက သူ့ပန်းချီကားတွေကို ပိုသရုပ်ပါလာစေတဲ့ အခြေခံအချက်ဖြစ်ပါတယ်။ ပြည်မြို့က ပျူခေတ်ဗိသုကာလက်ရာ သုံးပန်လှ ရှေးဟောင်းဘုန်းကြီးကျောင်းပုံဆိုရင် ကိုဝင်းထွန်းသန့်ရဲ့ပြောင်မြောက်လှတဲ့လက်ရာတွေထဲက တစ်ခုပါ။

ကိုအောင်ထွဋ်ခေါင်ရဲ့ လက်ရာတွေက ပိုပြီးအခြေခံကျတဲ့ပုံစံမျိုးရှိပါတယ်။ တစ်ကားမှာ တောတန်းလေးရဲ့ကြား ချောင်းရိုးလေးထဲက လှေငယ်တစ်စင်းကိုတွေ့ရပြီး နောက်တစ်ကားထဲမှာတော့ အရောင်ဖျော့ဖျော့တွေသုံးပြီးဆွဲထားတဲ့ လှေ ၄ စင်းတန်းပုံကိုတွေ့ရပါတယ်။ သူ့ရဲ့ အရောင်နုနုသုံးတဲ့ပုံစံက အံ့အားသင့်စရာကောင်းပြီး animated film တစ်ခုထဲက မြင်ကွင်းမျိုးလို့ထင်ရပါတယ်။ ဒုတိယမြောက်ပြပွဲမှာပြခဲ့တဲ့ ရဲ့ ပန်းချီကားတွေကလည်း လှေနဲ့ လှေဆိပ်မြင်ကွင်းပန်းချီကားတွေပါ။

“သူများတွေက ဓာတ်ပုံရိုက်ယူပြီး အိမ်မှာ အေးအေးဆေးဆေးဆွဲတတ်ကြပေမဲ့လို့ ကျွန်တော်တို့ကတော့ တစ်ထိုင်တည်းကြည့်ဆွဲရတာကိုပဲ ပိုကြိုက်ကြတယ်”
urban sketchers community က ပြည်တွင်း ပြည်ပ artist အားလုံးကို ကြိုဆိုဖို့ အမြဲတမ်းအသင့်ရှိနေပါတယ်။ အဖွဲ့ရဲ့ ပုံမှန် meet-up တွေမှာ လာရောက်ပူးပေါင်းချင်သူတွေအတွက် ပညာရှင် ဝါသနာရှင်ရယ်လို့ ခွဲခြားလက်ခံတာမျိုးလည်းမရှိပါဘူး။
“ပန်းချီရေးတာကိုလေ့လာဖို့အကောင်းဆုံးနည်းက ဆွဲနိုင်သမျှ များများဆွဲနေဖို့ပဲ။ ဒါမှ တဖြည်းဖြည်းနဲ့ ကိုယ့်ဘာသာ ယုံကြည်မှုပိုရှိလာပြီး ကိုယ်ပိုင်ဟန်တစ်ခုလည်း ပေါ်လာမှာ” လို့ ကိုဝင်းထွန်းသန့်ပြောပြပါတယ်။

“ကမ္ဘာတစ်လွှားက community တွေနဲ့ ပုံမှန်အဆက်အသွယ်ရှိနေနိုင်အောင်ကြိုးစားနေပြီး global community က တရားဝင်အသိအမှတ်ပြုတဲ့ တစ်ခုဖြစ်လာဖို့ကလည်း သိပ်မကြာတော့ဘူး”လို့ ကိုအောင်ထွဋ်ခေါင်က ပြောပါတယ်။ global community မှာပါဝင်ရပြီဆိုရင် ရာနဲ့ချီတဲ့ sketcher တွေရဲ့ sketche ထောင်ဂဏန်းလောက်ပြသတဲ့ AsiaLink Sketch Walk လိုပွဲမျိုးတွေကို မြန်မာနိုင်ငံမှာ လက်ခံကျင်းပခွင့်ရလာမှာဖြစ်ပါတယ်။ ဒီလိုပွဲကို ၂၀၁၉ အတွက် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ နောက်ဆုံးကျင်းပထားပါတယ်။
“မြန်မာနိုင်ငံအကြောင်းကို နိုင်ငံတကာခရီးသွားတွေပိုသိလာစေဖို့နဲ့ ခရီးသွားလုပ်ငန်းပုံရိပ်တိုးတက်လာစေဖို့အတွက် ဒီပန်းချီတွေက တကယ်ကောင်းတဲ့ကြားခံပဲ လို့သိပြီးကတည်းက လက်တွေ့အကောင်အထည်ဖော်ချင်လာတော့တာ” လို့လည်း ကိုအောင်ထွဋ်ခေါင် ကပြောပါတယ်။

သူတို့က အားလပ်နေချိန်မျိုးမှာ ၁ လမ်းကနေ၆၄ လမ်းအကြား ကုန်သည်လမ်းတစ်လျှောက်မှာရှိနေတဲ့ ကိုလိုနီခေတ်အဆောက်အဦတွေရဲ့ပုံတွေကို ရေးခြစ်ထားတတ်ပြီး ရန်ကုန်ရဲ့ အလှတရားကိုလှစ်ဟပြနေတဲ့အဲဒီပုံတွေကိုတော့ ပြပွဲမှာရော hardcover book အတွက်ပါ အသုံးပြုထားပါတယ်။ Urban sketcher တွေနဲ့အတူ လမ်းလျှောက်ရင်း ပန်းချီရေးဖို့စိတ်ဝင်စားရင် သူတို့ရဲ့ Facebook page (@uskyangon) follow လုပ်ထားပြီး Urban Sketchers Myanmar Facebook Group ကို လာ Join နိုင်တယ်လို့လည်း urban sketchers community က ဖိတ်ခေါ်ထားပါတယ်။