လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးကို အကြီးအကျယ်ထိတ်လန့်တုန်လှုပ်နေရစေတဲ့အရာကတော့ ကူးစက်ပျံ့နံှ့မှုမြန်ဆန်လွန်းပြီး ကမ္ဘာ့ကပ်ရောဂါ (Global Pandemic) အဖြစ်ကိုရောက်လာတဲ့ COVID-19 ခေါ် Novel Coronavirus ပါ။ ဒီ Virus က လူ့အသက်တွေအပြင် လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာပါ နစ်နာဆုံးရှုံးမှုတွေကိုဖြစ်လာစေပါတယ်။
လူသားတွေကိုအကြီးအကျယ်ဒုက္ခဆင်းရဲကြုံစေခဲ့တဲ့ ဒီလိုကပ်ရောဂါဆိုးတွေဟာ ရှေးခေတ်ကာလတွေတုန်းကလည်း ပေါ်ပေါက်ခဲ့ဖူးတာဖြစ်ပါတယ်။ Centers for Disease Control (CDC) ရဲ့အဆိုအရ 19 ရာစုအတွင်းမှာ ကပ်ရောဂါ (၄) ခု နဲ့ 20 ရာစုအတွင်းမှာ ကပ်ရောဂါ (၃) ခုဖြစ်ပွားခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒီနေ့တော့ သမိုင်းတစ်လျှောက်မှာအဆိုးဆုံ းလို့သတ်မှတ်ထားကြတဲ့ ကပ်ရောဂါဆိုး (၆) ခုရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ပုံတစ်ခုချင်းစီမှာ လေ့လာဖတ်ရှုကြည့်လိုက်ပါဦး….။

The Spanish Flu
1918 ခုနှစ် နဲ့1919 ခုနှစ်တွေအကြားကာလမှာ တစ်ကမ္ဘာလုံးနီးပါးကိုပျံ့နှံ့ကူးစက်ခဲ့တဲ့ နာမည်ကျော် “Spanish Flu” (စပိန်တုပ်ကွေး) အကြောင်းကိုတော့ ကြားဖူးထားကြမှာပါ။ ကြက်၊ ငှက်တွေဆီက အစပြုပျံ့နှံ့တဲ့ H1N1 virus ကြောင့်ဖြစ်တယ်လို့ဆိုကြပေမဲ့လည်း virus အစပျိုးရာဇစ်မြစ်အမှန်ကိုတော့ တိတိကျကျမသိခဲ့ရပါဘူး။ လူဦးရေ သန်း 500 (အဲဒီကာလက ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံပုံ ၁ ပုံ) လောက်ထိ Virus ကူးစက်ခံခဲ့ရပြီး လူသန်း 50 လောက်ထိ စံချိန်တင်အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် Spanish Flu အဆိုးတကာ့ အဆိုးဆုံးကပ်ရောဂါအဖြစ် သတ်မှတ်ထားကြပါတယ်။

The Black Death
မဲသေရောဂါ (သို့) ပလိပ်ကပ်ရောဂါလို့သိကြတဲ့ The Black Death ဟာ လူ့သမိုင်းမွာ အဖျက်စွမ်းအားအကြီးဆုံး ကူးစက်ရောဂါတစ္မျိုး ဖြစ်ျပီး 1347 ကနေ 1351 ခုနှစ်အကြားကာလအတွင်မှား Europe နဲ့ Asia က လူဦးရေ သန်းပေါင်း 75 -200 လောက်ကို ဇီဝိန်ခြွေပစ်ခဲ့ပါတယ်။ အဲဒီကပ်ရောဂါက အင်္ဂလန်နိုင်ငံ London မြို့ဆီကို 1665 ခုနှစ်မှာထပ်ရောက်လာခဲ့ပြီး မြို့နေလူဦးရေ ၁၀၀၀၀၀ (မြို့နေလူဦးရေစုစုပေါင်းရဲ့ 20%) ရဲ့ အသက်တွေကို နုတ်ယူသွားခဲ့ပြန်ပါတယ်။

Asian Flu
H2N2 strain influenza virus ကြောင့်ဖြစ်တဲ့ Asian Flu (အာရှတုပ်ကွေး) ကို 1957 တုန်းက Singapore မှာ စတွေ့ခဲ့တာပါ။ အဲဒီကနေ Hong Kong နဲ့ United States ရဲ့ကမ်းရိုးတန်းမြို့တွေထိပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာ virus ကြောင့် သေဆုံးသူ 1.1 သန်းထိရှိခဲ့ပါတယ်။

Hong Kong Flu
Influenza A virus (H3N2) ကြောင့်ဖြစ်ပွားတဲ့ Hong Kong flu (ဟောင်ကောင်တုပ်ကွေး) က 1968 မှာ တရုတ်နိုင်ငံကနေ စတင်ပျံ့နှံ့ခဲ့တဲ့ကပ်ရောဂါဖြစ်ပါတယ်။ 20 ရာစုရဲ့ တတိယမြောက်ကပ်ရောဂါဖြစ်ခဲ့ပြီး အဲဒီ virus ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ လူ ၁ သန်းနီးပါးအသက်ဆုံးရှုံးခဲ့ရပါတယ်။

Swine Flu
2009 ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ “swine flu (ဝက်တုပ်ကွေး)” က Novel influenza virus (H1N1) ကြောင့်ဖြစ်တဲ့ရောဂါပါ။ US မှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီကနေ ကမ္ဘာတစ်လွှားကို မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့ခဲ့ပါတယ်။ , 2009 April 12 ကနေ 2010 April 10 အကြားကာလအတွင်းမှာ လူပေါင်း 60.8 သန်းဆီ ပျံ့နှံ့ကူးစက်ခဲ့ကာ ကမ္ဘာတစ်ဝှမ်းလုံးမှာ virus ကြောင့်အသက်ဆုံးရှုံးရသူဦးရေက ခန့်မှန်းချေအားဖြင့် 575,400 လောက်ထိရှိခဲ့ပါတယ်။

HIV/ AIDS
Human immunodeficiency virus (HIV)/ ခုခံအားကျဆင်းမှုရောဂါ Acquired Immunodeficiency Syndrome (AIDS) ကို 1980 ခုနှစ်အစောပိုင်းလောက်မှာ စတင်တွေ့ရှိခဲ့တာပါ။ American Gay အဖွဲ့အစည်းတွေမှာ အရင်ဆုံးစတွေ့ရှိခဲ့တယ်လို့ဆိုကြပြီး 1920 အတွင်းက Chimpanzee တွေမှာတွေ့ရတဲ့ Virus တစ်မျိုးကနေဆင့်ကဲပြောင်းလဲလာတဲ့ Virus လို့လည်း ယူဆထားကြပါတယ်။ WHO ရဲ့ အချက်အလက်တွေအရ Virus ကိုစတင်တွေ့ချိန်ကနေ လက်ရှိအချိန်ထိ ကမ္ဘာတစ်ဝှမ်းလုံးမှာ Virus ကူးစက်ခံရသူဦးရေ 75 သန်းနဲ့ Virus ကြောင့်အသက်ဆုံးရှုံးရသူဦးရေ 32 သန်းထိ ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
Ref: WHO
Thiha