Delivery ရှိတဲ့စားသောက်ဆိုင်တွေအကြောင်းတော့ဖော်ပြပေးပြီးသွားပြီ။ ဒါပေမယ့် ပီဇာစားရင်ဘီယာလေးတကျိုက်တော့ကျိုက်ချင်မယ်၊ အသားကင်စားရင်း ဝိုင်နီလေးတခွက်တော့တောင့်တနေမယ်ဆိုတာကျနော်တို့သိပါတယ်။ ဒါကြောင့် ဘီယာ၊ ဝိုင်၊ ကော့တေး အပါအဝင် alcohol အမျိုးမျိုးအိမ်တိုင်ရာရောက်လိုက်ပို့ပေးတဲ့ဝန်ဆောင်တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ အိမ်မှာနေရင်းလည်းပျော်စရာအချိန်တွေဖန်တီးလို့ရပါတယ်နော်။
Burbrit ကသူတို့ကိုယ်တိုင်ချက်လုပ်တဲ့ဘီယာဖြစ်ပြီး မြန်မာ့ပထမဆုံး craft beer ထုတ်တဲ့အမှတ်တံဆိပ်လည်းဖြစ်ပါတယ်။ တဘူးကို ၂၀၀၀ကျပ်ဖြစ်ပြီး ၆လုံးပါ ၂ကဒ်မှာရင် free delivery ရပါတယ်။ ဖုန်းခေါ်ပြီးဖြစ်ဖြစ် Facebook messenger ကဖြစ်ဖြစ်တရက်ကြိုမှာယူနိုင်ပါတယ်။
09 774 734 774, 09 950 962 119
3pm – 10:30pm
အသင့်ဖျော်စပ်ပြီးကော့တေးတွေကိုပုလင်းလိုက်မှာလို့ရတဲ့ဆိုင်လေးပါ။ Gin Lemongrass, Brandy Vanilla စတဲ့ကော့တေးအမျိုးအစား ၁၁ မျိုးရှိပြီး ၂၀၀ မီလီလီတာတပုလင်းကို ၆၀၀၀ကျပ်ပါ။ မြို့ထဲဆို delivery ခ ၂၀၀၀ကျပ်ပေးရပြီး မြို့နဲ့လှမ်းရင်တော့အကွာအဝေးအလိုက်ဈေးနှုန်းအပြောင်းအလဲရှိပါတယ်။ အသင့်ဖျော်စပ်ပြီးကော်ဖီတွေလည်းရတာမို့ ကော်ဖီခါးခါးလေးသောက်ရင်း မနက်ခင်းမှာလန်းလန်းဆန်းဆန်းရှိနေမှာပါ။
09 952 041 094
8am – 10pm
Rangoon Tea House – ရန်ကုန်တီးဟောက်စ်
RTH ဆိုရင်အစားအသောက်နဲ့ပတ်သက်ပြီးသိကြပေမယ့် အခုတော့ Burbrit နဲ့ပူးပေါင်းပြီး craft beer တွေကိုစတင်ထုတ်လုပ်နေပါပြီ။ အခါးနည်းနည်းနဲ့အဝင်ကောင်းတဲ့ Baby Lay နဲ့ ခပ်ပြင်းပြင်း American pale ale ပုံစံချက်ထားတဲ့ Lockdown IPA ဆိုပြီး ၂မျိုးရှိတယ်။ တဘူး ၃၃၀ မီလီလီတာပါပြီး အနည်းဆုံး ၆ဘူးကို ၁၇၈၅၀ ကျပ်နဲ့မှာယူပေးရပါမယ်။ သူ့ page ကနေလည်းမှာယူနိုင်သလို foodpanda ကလည်းမှာလို့ရပါတယ်။ ဆိတ်သားစမူဆာတို့ ကြက်ပလာတာတို့နဲ့ဆိုအရမ်းလိုက်တာနော်။
09 979 078 681
10am – 8pm
Cellar Door
ဝိုင်သောက်ရင်းအရသာရှိတဲ့ဟင်းလျာတွေစားမယ်ဆိုရင်တော့ Cellar Door မှာ ဝိုင်ကော ဟင်းပွဲတွေကော delivery ရတယ်နော်။ အထူး Promotion အစီအစဉ်အနေဖြင့် ၂၀,၀၀၀ ကျပ်နဲ့ အထက်မှာယူသူတိုင်း Delivery Free ရယူနိုင်ပြီး ၄၀,၀၀၀ ကျပ်နှင့်အထက် မှာယူသူတိုင်းကတော့ Free Deliver Service အပြင် Aythaya Grand Reserve White Wine/ Aythaya Grand Reserve Red Wine/ Maison Castel Pinot Noir ဝိုင်တစ်ပုလင်းကိုလည်း လက်ဆောင်ရရှိမှာဖြစ်ပါတယ်။
Menu: https://www.facebook.com/pg/cellardoorwinebistro/shop/
09 774 159 891 (Door2Door နဲ့ Food2U ကလည်းမှာနိုင်ပါတယ်)
11am – 7pm
Marco’s Cellar on 499 Merchant
ဒီမှာလည်းဝိုင်နဲ့ဟင်းပွဲတွေကို delivery ဝန်ဆောင်မှုရှိပြီးမြို့ထဲဆို free delivery ပါ။ မြို့ထဲနဲ့ဝေးရင်တော့ မြို့နယ်အလိုက် delivery fee ပြောင်းလဲတတ်ပါတယ်။
09 789 499 777
11am – 11pm
Quarantine လုပ်နေချိန်မှာသောက်ဖို့အထူးဖန်တီးထားတဲ့ QUARANTINI ကော့တေးကို တပုလင်းမှာ ၇၅၀ မီလီပါတဲ့ highball drink ၅မျိုး၊ ၃၀၀ မီလီပါတဲ့ night caps & martinis ဆိုပြီးမှာယူနိုင်ပါတယ်။ ဘယ်အမျိုးအစားပဲမှာမှာ တပုလင်း ၄၀၀၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး မြို့နယ်အလိုက် delivery ခပြောင်းလဲနိုင်ပါတယ်။ ၁သိန်းကျပ်အထက်မှာယူရင်တော့ free delivery ပါ။ ဗုဒ္ဒဟူးနဲ့ သောကြာနေ့တိုင်း နေ့လယ် ၁၂နာရီကနေ ၅နာရီအထိ delivery ပို့မှာဖြစ်လို့ MademeEm’s Facebook ကနေ ကြိုမှာထားဖို့တော့လိုမယ်နော်။
09 979 799978
Fine dining စားသောက်ဆိုင်ဖြစ်ပြီး သူ့ဆီကဟင်းပွဲတွေနဲ့ဝိုင်အမျိုးမျိုးကိုအိမ်မှာမှာယူသုံးဆောင်လို့ရပါတယ်။
နိုင်ငံခြားဖြစ်ဝိုင်အမျိုးမျိုးကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ၆ပုလင်းအနည်းဆုံးမှာယူရမှာဖြစ်ပြီး Facebook page (သို့) Yangon D2D တို့ကနေမှာယူပါ။ သူ့ Facebook page မှာ catalog ကြည့်ပြီးရွေးချယ်နိုင်ပါတယ်။
နိုင်ငံခြားဖြစ်ယမကာမျိုးစုံရပါတယ်။ 09 779 090 910, 09 964 590 910 ကိုဆက်သွယ်ပါ။ သူ့ Facebook page မှာ catalog ကြည့်ပြီးရွေးချယ်နိုင်ပါတယ်။
နိုင်ငံခြားဖြစ်ဝိုင်မျိုးစုံရပါတယ်။ တနင်္လာနေ့တရက်ပဲ delivery ပို့ဆောင်ပေးမှာဖြစ်လို့ကြိုတင်မှာယူဖို့လိုပါတယ်။ ၂ပုလင်းအထက်မှာရင် delivery free ပါ။ သူ့ Facebook page မှာ catalog ကြည့်ပြီးရွေးချယ်နိုင်ပါတယ်။