Home Uncategorized သွားစွယ်တွေ ဘာကြောင့်ပါ?

သွားစွယ်တွေ ဘာကြောင့်ပါ?

0

ကျွန်တော်တို့ လူသားတွေမှာ ခြ‌င်္သေ့၊ ရေမြင်းနဲ့ တခြား‌သောနို့တိုက်သတ္တဝါအများစုလိုပဲ ‘သွားစွယ်’ တွေပါရှိ‌‌နေကြပါတယ်။ အမျိုးသားတွေရဲ့ သွားစွယ်က အမျိုးသမီးတွေရဲ့သွားစွယ်ထက် ၁၀% လောက်ပိုရှည်လျားပါတယ်။”အသားတွေစား‌သောက်တဲ့အခါ ကိုက်ဖြတ်ဆုတ်ဖြဲနိုင်‌အောင် ဒီသွားစွယ်‌တွေရှိနေရတာဖြစ်တယ်” ဆိုတဲ့ ယူဆချက်ကိုလည်း လူအတော်များများ ကြားဖူးထားကြမှာပါ။ ဒါပေမဲ့ အဲဒါက အလုံးစုံမမှန်ကန်‌‌ပါဘူး။

ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဖြစ်တဲ့ ရှေးဦးလူသား‌တွေဟာ မျိုးဆက်ပြန့်ပွားရေးကြိုးပမ်းချိန်မှာ အဖိုအချင်းချင်းတိုက်ခိုက်ဖို့လက်နက်အနေနဲ့ အဲဒီသွားစွယ်တွေကို အသုံးပြုခဲ့ကြပါသေးတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် လူသားနဲ့ မျိုးနွယ်အနီးစပ်ဆုံး ဂေါ်ရီလာ (gorillas) မျောက်ဝံတွေရဲ့ Mating Right ကြောင့်ပဲဖြစ်ပါတယ်။ ဂေါ်ရီလာအုပ်စုထဲမှာ သွားစွယ်အရှည်ဆုံးရှိတဲ့အဖိုဟာ တခြားအဖိုတွေကို တိုက်ခိုက်အနိုင်ယူနိုင်စွမ်းရှိပြီး ရှိသမျှအမအားလုံးကို သိမ်းပိုက်ခွင့်ရလေ့ရှိပါတယ်။

ပထမဆုံးလူသားမျိုးစိတ်တွေဖြစ်တဲ့ Ardipithecus ramidus (သို့) Australopithecus anamensis တို့မှာလည်း ရှည်လျားတဲ့သွားစွယ်တွေပါရှိခဲ့တာကြောင့် လက်နက်အဖြစ်အသုံးပြုခဲ့ခြင်းက ဖြစ်နိုင်ချေများတယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ခဲ့ကြတာပါ။ခေတ်ကာလ‌တွေ ရွေ့လျားပြောင်းလဲလာပြီးတဲ့နောက်မှာတော့ လက်နက်အ‌နေနဲ့ အသုံးပြုမှုမရှိ‌တော့တဲ့အတွက် လူသားရဲ့သွားစွယ်တွေက တဖြည်းဖြည်းနဲ့ အရွယ်အစားသေးငယ်သွားတာဖြစ်တယ် လို့လည်း ဆိုထားပါတယ်။ (Post ရဲ့ Comment Box မှာ ရုပ်သံဖိုင်လင့်ခ်ပေးထားပါတယ်)

Ref: science Insider
Thiha

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here