Advertisement

နာမည်ကျော် မက္ကဆီကန်ဘီယာ Corona ရဲ့ထုတ်လုပ်ရေးနဲ့ ဈေးကွက်ရှာဖွေရေးလုပ်ငန်းတွေကတော့ ရပ်ဆိုင်းထားလိုက်ရပါပြီ။ ဒီအကြောင်းကို Corona ဘီယာထုတ်လုပ်‌ရေးကုမ္ပဏီ Grupo Modelo က Twitter ကနေ ကြေညာခဲ့တာဖြစ်ပြီး Mexico အစိုးရက အရေးကြီးကုန်စည်မဟုတ်တဲ့လုပ်ငန်းတွေကို ယာယီပိတ်သိမ်းထားဖို့ ညွှန်ကြားလာတာကြောင့်လို့ ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။ ဒါပေမဲ့ အဖျော်ယမကာတွေကို လိုအပ်ကုန်စည်အဖြစ် အစိုးရက ပြောင်းလဲသတ်မှတ်လာခဲ့ရင်‌အဆင်သင့်ဖြစ်နေဖို့ ပြင်ဆင်မှုတွေလုပ်ဆောင်ထားတယ်လိုတော့ Grupo Modelo ကပြောထားပါတယ်။

မက္ကဆီကိုနိုင်ငံအတွင်း Coronavirus ကူးစက်ခံရမှု‌ပေါင်း 1500 နဲ့ သေဆုံးသူ 50 ရှိလာတဲ့အခြေအနေမှာ Public နဲ့ Private Sector တွေအတွက် မဖြစ်မနေလိုအပ်ချက်မရှိနိုင်တဲ့ကုန်စည်မှန်သမျှကို April 30 ထိ ထုတ်လုပ်မှုရပ်ဆိုင်းထားကြဖို့ ဒီသီတင်းပတ်အစောပိုင်းမှာပဲ Mexico အစိုးရက ထုတ်ပြန်ကြေညာခဲ့တာပါ။

Virus ရဲ့အမည်နဲ့ မတော်တဆတိုက်ဆိုင်‌‌နေတဲ့ Corona ဆိုတဲ့အမည်‌က ဘီယာရဲ့ရောင်းအားကို အများထင်သလို မထိခိုက်‌စေတဲ့အပြင် ဒီနှစ်ရဲ့ ပထမသုံးလမှာတင် ရောင်းအားက 8.9% ထိ‌ပိုတိုးလာတာ‌ကို‌တောင်‌တွေ့ခဲ့ရပါတယ်။ အမေရိကန်မှာဆိုရင်လည်း Coronavirus ကြောင့် အိမ်တွင်း‌အောင်းနေရသူတွေက ဝယ်ယူမှုများပြားခဲ့တာကြောင့် အဖျော်ယမကာ‌‌တွေရဲ့ ရောင်းအားဟာ အခုလအတွင်းမှာ သိသိသာသာကိုမြင့်မားခဲ့ပြီး Nielsen (NLSN) ရဲ့ March 21 ထိအ‌ရောင်းစာရင်းအချက်အလက်တွေမှာလည်း ယမန်နှစ်တွေကထက် ၃၄% ထိ ပိုမြင့်တက်လာ‌တယ်လို့ဖော်ပြထားပါတယ်။

Ref: CNN Business

Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here