Advertisement

ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာရှိတဲ့ Monash University က ဆေးသိပ္ပံပညာရှင်တွေဟာ အလွယ်တကူဝယ်ယူလို့ရနိုင်တဲ့ ကပ်ပါးပိုးသတ်ဆေး Ivermectin က Coronavirus ရဲ့ ဆဲလ်တည်ဆောက်မှုဖြစ်စဉ်ကို တားဆီးနိုင်စွမ်းရှိ‌တာကို ဓာတ်ခွဲလေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ကြပါတယ်။

Biomedicine Discovery Institute- BDI နဲ့ Peter Doherty Institute of Infection and Immunity (Doherty Institute) တို့ ပူးတွဲ‌ေလ့လာမှုပြုခဲ့ကြတဲ့ Ivermectin ဆေးဟာ FDA က အသိအမှတ်ပြု‌ထားတဲ့ကပ်ပါးပိုးသတ်ဆေးဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့မှာ လွယ်လင့်တကူဝယ်လို့ရနေတဲ့ဆေးလည်းဖြစ်ပါတယ်။ ဆရာဝန်တွေက ဆင်ခြေထောက်ရောဂါအတွက် Ivermectin ကို Albendazole (400 mg) နဲ့ တွဲဖက်ပေးလေ့ရှိပြီး ဝဲ‌ယားနာ၊ HIV ၊ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေးနဲ့ ဇီကာဗိုင်းရပ်စ်ကုသမှုတွေမှာလည်း ဒီဆေးကို အသုံးပြုနေကြပါတယ်။

“Ivermectin ဆေးကိုတစ်ကြိမ်လောက်ပေးလိုက်တာနဲ့ viral RNA အားလုံး ( virus ၏ မျိုးဗီဇပစ္စည်းအားလုံး) ကို 48 နာရီအတွင်း ချေမှုန်းပစ်နိုင်စွမ်းရှိတဲ့အပြင် 24 နာရီအတွင်းမှယ သိသိသာသာလျော့နည်းသွားစေနိုက်တာကို တွေ့ရှိခဲ့ရတာပါ”လို့ Biomedicine Discovery Institute- BDI က Dr.Kylie Wagstaff ကပြောပြပါတယ်။ ဒါပေမဲ့ ဓာတ်ခွဲခန်းစမ်းသပ်ချက်အဆင့်မှာပဲရှိသေးတာ‌ေကြာင့် ဆက်ပြီးလေ့လာဖို့လို‌ေသးတယ်လို့လည်း Dr.Kylie Wagstaff ကဖြည့်စွက်ပြောကြားခဲ့ပါ‌ေသးတယ်။

Ivermectin ဆေးက Coronavirus ကို ဘယ်လိုပြုမူတုန့်ပြန်နိုင်သလဲဆိုတာမသိရသေးပေမဲ့ virus က သူမှီတည်ရာလက်ခံဆဲလ်ရဲ့ခုခံစွမ်းကိုဖျက်ဆီးပစ်‌ေနခြင်းအတွက် ဟန့်တားပေးနိုင်ကြောင်းကို အခုလေ့လာမှုမှာ မထင်မှတ်ဘဲသိလိုက်ရတာပါ။ လူသားတွေအတွက်သုံးတဲ့အခါ ဘာဆိုးကျိုးမှမရှိလာနိုင်‌ေအာင် မှန်ကန်တဲ့ဆေးပမာဏသတ်မှတ်နိုင်ဖို့ကိုတော့သိပ္ပံပညာရှင်တွေက ‌ေနာက်ထပ်တစ်ဆင့်အနေနဲ့ ဆက်လက်စူးစမ်းကြရဦးမှာဖြစ်ပါတယ်။

Ref: Daily Mail
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here