Advertisement

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ Bronx တိရိစ္ဆာန်ရုံက ကျားတစ်ကောင်ဟာ Coronavirus ကူးစက်ခံထားရပြီး မျိုးနွယ်တူတွေထဲမှာ Virus ကူးစက်ခံရတဲ့ပထမဆုံးတစ်ကောင် ဖြစ်လာခဲ့ပါတယ်။

တိရိစ္ဆာန်ရုံမှာရှိနေတဲ့ ကျားနဲ့ ခြင်္သေ့ ၆ ကောင်လုံးမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာ‌တွေ ‌တွေ့ရတဲ့အတွက် တာဝန်ရှိသူတွေက စစ်‌ဆေးကြည့်ခဲ့ကြပါတယ်။

အဲဒီအခါ အသက် 4 နှစ်အရွယ် ပသျူးကျားမလေး Nadia ဆီမှာ Coronavirus ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး တိရိစ္ဆာန်ရုံဝန်ထမ်းတစ်ယောက်ယောက်ဆီကကူးစက်ခံရတာလို့ ယူဆထားကြပါတယ်။

လက်ရှိမှာတော့ Nadia က ပြန်သက်သာစပြုလာပြီလို့သိရပြီး Coronavirus က ကျားတွေကိုသာမကဘဲ တခြားတိရိစ္ဆာန်မျိုးစိတ်တွေဆီကိုလည်း ကူးစက်နိုင်‌‌သေးလား ဆိုတာသိရဖို့အတွက်ကိုတော့ ပညာရှင်တွေက ဆက်လက်လေ့လာ‌နေကြပါတယ်။

Ref: CNN
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here