Advertisement

တရုတ်နိုင်ငံက သူတို့ရဲ့ COVID-19 ကာကွယ်ကုသဆေး၊ ကုထုံးဆိုင်ရာသု‌ေတသနတွေနဲ့ ရရှိထားတဲ့‌ေအာင်မြင်မှုတွေကို ရောဂါပိုးတိုက်ဖျက်ရေးနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်မျှဝေ‌‌ေပးလိုက်ပါတယ်။

သုတေသနလုပ်‌ေဆာင်ထားမှုတွေထဲက သိသာထူးခြား‌တဲ့ကုထုံးတစ်ခုကတော့ Stem Cell Treatment ဖြစ်ပြီး ဝူဟန်မြို့က လူနာ ၂၀၀ ကျော်ကို အဲဒီကုထုံးအသုံးပြုကုသ‌ေပးခဲ့‌ေကြာင်း China National Center for Biotechnology Development ရဲ့ အကြီးအကဲ Sun Yanrong က ယမန်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ဒီကုထုံးဟာ နာလန်ထကာလအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာလုပ်ဆောင်ချက်‌ေတွကို တိုးတက်ကောင်းမွန်စေနိုင်တဲ့အပြင် အဆုတ်ရောင်မှုအ‌ေခြအ‌ေနကိုပါတားဆီး‌ေပးနိုင်တာ‌ေကြာင့် ရောဂါပြင်းထန်လူနာတွေအတွက် ထိရောက်စိတ်ချရတဲ့ကုသနည်းတစ်ခုဖြစ်‌ေနပါတယ်။ Plasma ကုထုံးတစ်မျိုးကိုလည်းလေ့လာလုပ်ဆောင်ခဲ့ကာ အဲဒီကုထုံးနဲ့ကုသမှုခံယူပြီး ရလဒ်ကောင်းမွန်‌ေနတဲ့လူနာဦးရေက ခုထိဆို ၇၀၀ ကျော်ရှိထားပြီလို့ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ COVID-19 စတင်ခဲ့ချိန်ကနေ လက်ရှိအထိ ဆေးဝါး၊ ကုထုံးဆိုင်ရာသု‌ေတသနနဲ့ အခြားဆက်စပ်နည်းပညာ‌သုတေသန‌ project ပေါင်း ၂၇ ခုထိလုပ်ဆောင်ထားပြီးပါပြီ။ အဒီသုတေသနအလုပ်တွေကိုလုပ်ဆောင်သူတွေထဲမှာ တရုတ်နိုင်ငံတလွှားမှာရှိတဲ့ ဆေးသိပ္ပံဆိုင်ရာတက္ကသိုလ်နဲ့ ဆေးရုံပေါင်း ၁၅၂ ခုက ပညာရှင် ၃၂၀၀ ကျော်အပြင် ဝူဟန်မြို့က COVID-19 ကူးစက်မှုဖြစ်စဥ်‌ေတွမှာ ရှေ့တန်းကပါဝင်ခဲ့တဲ့ဆရာဝန်တွေလည်းပါဝင်‌ေနပါတယ်။

COVID-19 ကာကွယ်ဆေးအဖြစ်ဖန်တီးထားတဲ့ဆေးဝါး (၂) မျိုးကို Human Trials အဖြစ်ထပ်မံစမ်းသပ်ခွင့်ပြုလိုက်‌ေကြာင်းကိုလည်း တရုတ်နိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်‌‌ေကြညာခဲ့ပြီး ဒါ့ကြောင့် တရုတ်အစိုးရက စမ်းသပ်ခွင့်ပြုထားတဲ့‌ေဆးအ‌ေရအတွက်က (၃) မျိုးထိရှိလာခဲ့ပါပြီ။

Clinical Trial အဖြစ် ပထမဆုံးစမ်းသပ်ခွင့်ပြုခဲ့တဲ့ဆေးကတော့ တရုတ်တပ်မ‌ေတာ်‌ေဆးပညာသင်တန်း‌ေကျာင်းနဲ့ သုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်းဖန်တီးထားတဲ့ adenovirus vector vaccine တစ်မျိုးဖြစ်ပြီး March လအကုန်‌ေလာက်က စမ်းသပ်မှု First Phase ကို ပြီးစီးခဲ့တာပါ။ Second Phase ကိုလည်း April 12 က စတင်လုပ်ဆောင်ထားပါပြီ။ အဲဒီဆေးဟာ Clinical Trial အဖြစ်စမ်းသပ်မှုမှာ ဒုတိယအဆင့်ကိုရောက်ရှိလာခဲ့တဲ့ ကမ္ဘာ့ပထမဆုံး စမ်းသပ်အဆင့်ဆေးဝါး ဖြစ်တယ်လို့ WHO ကပြောဆိုထားပါတယ်။ အခုထပ်မံခွင့်ပြုလိုက်တဲ့ဆေး (၂) မျိုးက အလားအလာဘယ်လိုရှိလာနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။

(နောက်ဆက်တွဲသတင်းတစ်ခုအနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကိုဗဟိုပြုနေတဲ့ WHO ရဲ့ လုပ်ရပ်တွေအပေါ်အားမရ‌ေကြာင်းစွပ်စွဲ‌ေပြာဆိုလိုက်ပြီး ရန်ပုံ‌ေငွ‌ထောက်ပံ့‌ေပးတဲ့အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပါတယ်။ အမေရိကန်ဟာ WHO အတွက်နှစ်စဉ် ဒေါ်လာသန်း ၁၀၀ နီးပါးထောက်ပံ့‌ေပးနေတာဖြစ်ပြီး တရုတ်နိုင်ငံကတော့ ဒေါ်လာသန်း ၄၀ လောက် ပုံမှန်ထောက်ပံ့ပေးနေတာပါ။)

Ref: Xinhua, Straitstimes, China Daily, BBC
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here