Social Distancing ဟာ Coronavirus ကူးစက်မှုကိုထိန်းချုပ်နိုင်ဖို့အတွက် နောက်ထပ်နှစ်အတော်အတန်ကြာ (၂၀၂၂ လောက်) ထိတိုင် ထိရောက်အရေးပါတဲ့လုပ်ေဆာင်ချက်အဖြစ်ရှိနေလိမ့်ဦးမယ် လို့ ကပ်ရောဂါပျံ့နှံ့မှုလေ့လာရေးသုတေသီတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၂၀၀၃ ခုနှစ်ကဖြစ်ခဲ့ဖူးတဲ့ SARS ရောဂါနဲ့ အလားတူေနတဲ့ SARS-CoV-2 က ကုသလို့ပျောက်ကင်းနိုင်မယ့်ရောဂါဖြစ် မဖြစ် (ဆောင်းရာသီရောက်တိုင်း ပြန်ပေါ်လာနိုင် မလာနိုင်) ကို သုတေသနပြုနေကြဆဲပါ။

SARS-CoV-2 ရဲ့ Immunity နဲ့ ပတ်သက်လို့လည်း နားမလည်သေးတာတွေအေတာ်များများရှိနေသေးပြီး f immunity to the virus အမြဲရှိနေနိုင်သလား၊ ရာသီတုပ်ကွေးလို ယာယီနာမကျန်းဖြစ်စေရုံပဲလား စတဲ့အချက်တွေအေပါ် ပညာရှင်တွေကလေ့လာဆန်းစစ်နေကြရဆဲဖြစ်ပါတယ်။
ဂျပန်အပါအဝင် တချို့သောနိုင်ငံတွေမှာဆိုရင် social distancing guideline တွေကို စနစ်တကျလိုက်နာလုပ်ဆောင်မှုကြောင့် second wave of case တွေကိုရှောင်လွှဲနိုင်ခဲ့တာကို တွေ့ရပါတယ်။
ကမ္ဘာတစ်လွှားက ဒါဇင်နဲ့ချီတဲ့ေဆးကုမ္ပဏီတွေကလည်း လက်ရှိမှာ COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် အပူတပြင်းလုပ်ဆောင်နေကြပါတယ်။ လာမယ့် ၁၈ လ ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ကာလမှာ ဆေးရရှိနိုင်မယ်လို့မျှော်မှန်းထားသလို hydroxychloroquine နဲ့ remdesivir တို့လို ဆေးဝါးတွေကိုလည်း clinical trial အဆင့်စမ်းသပ်နေကြပါပြီ။
Ref: Forbes
Thiha