မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ရောဂါကာကွယ်တားဆီးမှုလုပ်ငန်းေတွဆောင်ရွက်ရေးအတွက် ချေးငွေ အမေရိကန်ေဒါ်လာသန်း ၅၀ ပေးအပ်သွားဖို့ ကမ္ဘာ့ဘဏ်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
ဒီစီမံကိန်းက အဓိကသတ်မှတ်ထားတဲ့ ဆေးရုံေတွရဲ့အထူးကြပ်မတ်စောင့်ရှောက်မှုဌာနတွေကို အဆင့်မြှင့်တင်သွားမှာဖြစ်ပြီး ကျန်းမာရေး၀န်ထမ်းတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့နဲ့ ရပ်ရွာလူထုကိုအသိပေးခြင်းလုပ်ငန်းေတွကို တစ်နိုင်ငံလုံးမှာ တိုးမြှင့်ဆောင်ရွက်သွားနိုင်ဖို့ အဓိက ရည်ရွယ်ထားတာပါ။
စီမံကိန်းအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာရှိတဲ့ ဗဟိုအဆင့်ဆေးရုံ ၈ ရုံ နဲ့တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆေးရုံ ၄၃ ရုံ ပါ၀င်မှာဖြစ်ပြီး လုပ်ငန်းေတွကို အပိုင်းလိုက်ဆောင်ရွက်သွားမှာဖြစ်ကာ အရေးပေါ် အလိုအပ်ဆုံးဖြစ်တဲ့ဒေသေတွ- ဥပမာအားဖြင့် လူဦးရေထူထပ်တဲ့ ဒေသများ၊ ခရီးသွားလာသူေတွနဲ့ရွှေ့ပြောင်း လုပ်သားအများအပြားရှိတဲ့ဒေသေတွမှာ ဦးစားပေး ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
Source: The World Bank Myanmar