Home News & Features Local Ayeyarwady Foundation က ဝေဘာဂီအထူးကုဆေးရုံကြီးမှ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများအတွက် တစ်လစာ လစာငွေလှူဒါန်း

Ayeyarwady Foundation က ဝေဘာဂီအထူးကုဆေးရုံကြီးမှ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများအတွက် တစ်လစာ လစာငွေလှူဒါန်း

0

COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေးအတွက် ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်‌ေနကြတဲ့ ဝေဘာဂီအထူးကုဆေးရုံကြီးက ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ယူလေးစားကျေးဇူးတင်တဲ့အ‌ေနနဲ့ Ayeyarwady Foundation က ဧပြီလအတွက် လုပ်ခလစာ တစ်လစာ ချီးမြှင့်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Max Myanmar Group ရဲ့ ဥက္ကဌ ဦးဇော်ဇော်ရဲ့ စီစဉ်ဆောင်ရွက်‌ေပးမှုနဲ့အတူ ဧရာဝတီဖောင်ဒေးရှင်းတာဝန်ရှိသူတွေဟာ ဧပြီလ (၂၁)ရက်နေ့မှာ ဝေဘာဂီအထူးကုဆေးရုံကြီးက ပါမောက္ခ ဒေါက်တာ စံပယ်ဖြူ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးအောင်တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးအထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ အခြား ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေ ဝန်ထမ်း (၁၂၀)ဦးနဲ့ Volunteer အဖြစ် တာဝန်ထမ်းဆောင်‌ေပး‌ေနကြတဲ့ အထူးကုဆရာဝန်ကြီးတွေ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း (၁၅၇)ဦး၊ စုစုပေါင်း (၂၂၇) ဦးအတွက် လစာ‌ငွေကျပ် (၃၇၅) သိန်းကို ပေးအပ်ချီးမြှင့်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အဲဒီကျန်းမာရေးဝန်ထမ်း‌အားလုံးဟာ အနီးကပ်ကြပ်မတ်ကုသခံနေရသူ (၂)ဦးအပါအဝင် COVID-19 လူနာ စုစုပေါင်း (၇၅)ဦးကို ရောဂါ သက်သာပျောက်ကင်းစေဖို့နဲ့ ထပ်မံကူးစက်ပြန့်ပွားခြင်းမရှိစေဖို့ ကိုယ်ကျိုးမငဲ့ဘဲ မနားမတန ကြိုးပမ်းဆောင်ရွက်‌ေပး‌ေနကြသူတွေပါ။

ဧရာဝတီဖောင်‌ဒေးရှင်းအနေနဲ့ ဝေဘာဂီအထူးကုဆေးရုံကြီးအတွက် ကာကွယ်၊ ကုသရေးဆိုင်ရာအထောက်အကူပြုပစ္စည်း‌ေတွဝယ်ယူနိုင်ဖို့ မတ်လ (၁၈)ရက်နေ့မှာ ငွေကျပ် သိန်း(၅၀၀)၊ ဧပြီလ (၁၈)ရက်နေ့မှာ ငွေကျပ် သိန်း(၂၀၀) အပါအဝင် စုစုပေါင်း ငွေကျပ် (၁၀၇၅)သိန်း ပံ့ပိုးလှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးက COVID-19 အရေး‌ေဆာင်ရွက်နေကြတဲ့ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းအားလုံးအတွက် ကျန်းမာရေးအာမခံရန်ပုံငွေအဖြစ် ငွေကျပ် သိန်း (၅၀၀၀) ကိုလည်း ဗဟိုကျန်းမာရေးကော်မတီကို လှူဒါန်းထားပါတယ်။

Source: Ayeyarwady Foundation

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here