သိပ်မကြာေသးခင်ရက်ပိုင်းက Covid-19 ကို ကုသနိုင်တဲ့ဆေးထွက်တော့မယ်/ ထွက်လာပြီဆိုတဲ့သတင်းအေတာ်များများ ထွက်လာခဲ့ပြီး ဗိုင်းရပ်စ်တိုက်ခိုက်ရေးဆေးဝါး Remdesivir က Coronavirus ကို နှိမ်နင်းပစ်နိုင်တယ်ဆိုတဲ့အသံဗလံတွေလည်း ဆူညံလာခဲ့ပါတယ်။ COVID-19 ကာကွယ်ဆေးတွေ ဈေးကွက်ထဲကို ရောက်သင့်၊ မရောက်သင့်စမ်းသပ်မယ့်အဖွဲ့အစည်းက စုစုပေါင်း ၁၅၀ ကျော်ရှိပြီး အဲဒီထဲတစ်ခုဖြစ်တဲ့ ရှီကာဂိုဆေးတက္ကသိုလ်ရဲ့ သိပ္ပံပညာရှင်အချင်းချင်း Remdesivir နဲ့ပတ်သက်ပြီး ပြောဆိုနေကြတဲ့ရုပ်သံဖိုင်ပေါက်ကြားလာတာကို အမေရိကန်ရဲ့ နာမည်ကျော် ကျန်းမာရေးဝက်ဘ်ဆိုက် STAT က အဲဒါကို တင်ဆက်ေဖာ်ပြလိုက်ရာမှာ ဒီလိုအခြေအနေမျိုးဖြစ်လာခဲ့တာပါ။

Remdesivir ဆေးဟာ လူရဲ့ခန္ဓာကိုယ်တွင်းမှာ ဗိုင်းရပ်စ်အေရအတွက်ပိုပွားများလာတဲ့အဆင့်ကို တားဆီးဖို့ ဒီဇိုင်းထုတ်ထားတဲ့ဆေးဖြစ်ပါတယ်။ သီအိုရီပိုင်းအရ ဗိုင်းရပ်စ်အမျိုးမျိုးအတွက် အလုပ်ဖြစ်တဲ့ ဆေးဝါးတစ်မျိုးလို့ ပြောနိုင်ပေမဲ့ Covid-19 အတွက်တော့ ထိရောက်နိုင်တယ်ဆိုရင်တောင် ပိုတိကျတဲ့အချက်အလက်နဲ့ စမ်းသပ်မှုတွေကို လိုအပ်ဦးမှာပါ။ အီဘိုလာဗိုင်းရပ်စ်ကုသစဥ်အသုံးပြုခဲ့တဲ့ဆေးဖြစ်တာေကြာင့် အခြားသိပ္ပံပညာရှင်တွေကလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့စမ်းသပ်မှုတွေအပြည့်အ၀မလုပ်ရသေးသမျှ COVID-19 ကုသဆေးအဖြစ်သုံးဖို့မဖြစ်နိုင်သေးကြောင်း သတိပေးထားကြပါတယ်။

ဆေးကိုထုတ်လုပ်တဲ့ အမေရိကန် Biopharmaceutical Company “Gilead Sciences” ကလည်း သူတို့ဆေးဝါးနဲ့ ပတ်သက်တဲ့မှတ်ချက်တွေကြောင့် အားတက်မိပေမဲ့လို့ Covid-19 ကုသရေးမှာအသုံးပြုဖို့ စနစ်တကျအေခြအေနမှာမရှိသေးကြောင်း ထုတ်ပြန်ထားပြီး ဒီလကုန်ပိုင်းလောက်မှာတော့ ပိုတိကျကောင်းမွန်တဲ့ အချက်အလက်တွေရလာနိုင်တယ်လို့ဆိုခဲ့ပါတယ်။ Gilead ဟာ လက်တွေ့စမ်းသပ်မှုအဆင့် ၃ နှစ်ခုအတွက် လူနာပေါင်း ၁၂၅ ဦးကို စမ်းသပ်ကုသခဲ့ပြီး အဲဒီလူတွေထဲက ၁၁၃ ဦးဟာ ပြင်းထန်တဲ့အဆင့်ကို ခံစားနေရသူတွေပါ။ Remdesivir နဲ့ ကုသပေးခဲ့အပြီးမှာေတာ့ လူနာအများစုဟာ အခြေအနေအေတာ်ေလးကောင်းလာကြတာဖြစ်ပါတယ်။ ပြင်းထန်တဲ့အဖျားရောဂါကေနသက်သာသွားပြီး ကိုယ်အပူချိန်ကလည်း ပုံမှန်အခြေအနေကို အလျင်အမြန်ရောက်လာပါတယ်။ နောက်ရက်ပိုင်းတွေမှာတော့ အတော်တော်များများဟာ အသက်ရှူစက်ကူရတဲ့အခြေအနေကနေလွတ်လာပြီး ၁၀ ရက်ကြာကုသရမယ့်အဆင့်တွေကိုကျော်လွန်ကာ ၃ ရက်ကနေ ၆ ရက်အတွင်း ပြန်နာလန်ထနိုင်ကြတာကိုတွေ့ခဲ့ကြရတာဖြစ်ပါတယ်။

WHO ရဲ့ လက်ထောက်ညွန်ကြားရေးမှူးချုပ် Bruce Aylward ကလည်း လောလောဆယ်မှာ Covid-19 အတွက် မျှော်လင့်လို့ရတဲ့ထိန်းချုပ်ဆေးကတစ်မျိုးပဲရှိေသးပြီး အဲဒီဆေးကတော့ remdesivir ပါ လို့ ပြောဆိုထားပါတယ်။ Gilead က ဒီဧပြီလအကုန်ေလာက်မှာ ပထမဆုံးအနေနဲ့ လူနာ ၄၀၀ ကို အသေးစိတ်စမ်းသပ်ကုသမှုတွေစပြုလုပ်သွားမယ်လို့ဆိုထားပြီး ဒီမတိုင်ခင်မှာ ဘယ်အချက်အလက်ကိုမှထုတ်ပြန်ေပးမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း စမ်းသပ်မှုရလဒ်တွေကိုတော့ အချိန်မရွေးကြေညာေပးသွားဖို့ရှိတယ်လို့ ပြောဆိုထားပါတယ်။
Ref: Financial Times, Wikipedia
Thiha