COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီက ရောဂါပိုးကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ပြီးခဲ့တဲ့ဧပြီလ ၁၈ ရက်က သတ်မှတ်ထုတ်ပြန်ထားတဲ့ ‘ဧပြီလ (၃၀) ရက်နေ့ထိ’ Stay Home ကာလကို ‘မေလ (၁၅) ရက်နေ့အထိ’ တိုးမြှင့်သတ်မှတ်လိုက်ပြီး “ည ၁၀ နာရီကနေ မနက် ၄ နာရီအချိန်အတောအတွင်း အပြင်မထွက်ရ” အမိန့်ကိုလည်း ‘နောက်ထပ် ၂ လ’ (လာမယ့် ဇွန်လ ၁၈ ရက်နေ့ထိ) ထပ်တိုးသတ်မှတ်ကြောင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အခုထုတ်ပြန်ချက်အသစ်နဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “လက်ရှိအချိန်ထိ ဘယ်နိုင်ငံမှာမှ COVID-19 ပြဿနာကိုအောင်နိုင်ပြီဖြစ်ကြောင်း မပြောနိုင်သေးဘဲ အချို့နိုင်ငံတွေဆိုရင် ပထမလှိုင်းပြီးလို့ ဒုတိယလှိုင်းထလာပြီလို့တောင် ဆိုနေကြကြောင်း၊ မြန်မာနိုင်ငံမှာကတော့ COVID ပထမလှိုင်းတောင်မပြီးပြတ်သေးတဲ့အခြေအနေဖြစ်နေတဲ့အတွက် လှိုင်းထိပ်ဘယ်လောက်ထိမြင့်မယ်၊ ဘယ်တော့ပြန်ကျမယ်ဆိုတာတွေကိုမသိနိုင်တာကြောင့် အကောင်းဆုံးမျှော်လင့်ထားသလိုအဆိုးဆုံးအတွက်ပါ ပြင်ဆင်ထားရမှာဖြစ်ကြောင်း” သူ့ရဲ့ Facebook မှာရေးသားဖော်ပြထားပါတယ်။
Source: Aung San Suu Kyi’s Facebook