Advertisement

စာဖတ်သူတို့ရဲ့ အိမ်ထဲမှာချည်း‌နေ‌နေရတဲ့ခံစားချက်က ဘယ်လိုများရှိမလဲ? အိမ်တွင်းအောင်းနေရတဲ့အချိန်‌တွေမှာငကာ ဘာတွေလုပ်ဖြစ်ကြလဲဗျ?

Adas Vasiliauskas ဆိုတဲ့ Lithuanian ဓာတ်ပုံဆရာတစ်ဦးကတော့ COVID-19 Outbreak Quarantine ကြောင့် ဓာတ်ပုံရိုက်ဖို့အလုပ်တွေအားလုံးကိုဖျက်ထားရချိန်မှာ အကြံ‌ကောင်းတစ်ခုကို တွေးမိခဲ့ပါတယ်။ အဲဒါကတော့ လူအချင်းချင်းထိတွေ့မှုကင်းအောင်နေကြရတဲ့အခြေအနေအတွင်းမှာ zero-human-contact နည်းလမ်းနဲ့ လူတွေကို ဓာတ်ပုံရိုက်ကူးကြည့်ဖို့ပါပဲ။

အစမှာ သူက Drone တစ်စင်းကိုအသုံးပြုပြီး သူငယ်ချင်းတချို့ရဲ့ပုံတွေကို အစမ်းရိုက်ကူးကြည့်ခဲ့ပါတယ်။ အဲဒီပုံတွေကို လူမှုကွန်ရက်ပေါ်တင်လိုက်တဲ့အခါ လူကြိုက်များ‌နေတာကို သိရတဲ့နောက်‌တော့ သူက ဒါကို Project တစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်ပါ‌တော့တယ်။

ဒီရယ်စရာဓာတ်ပုံတွေဟာ အိမ်တွင်းအောင်းနေရသူတွေကို အိမ်မှာနေရတာကလည်း တစ်မျိုးပျော်စရာကောင်း‌ကြောင်း နဲ့ လက်ရှိအခြေအနေမှာ Social Distancing ရဲ့အရေးပါမှုကို လူတိုင်းသိအောင် အသိပေးနိုင်မယ်လို့ ယုံကြည်ကြောင်း Adas က ပြောပြခဲ့ပါတယ်။

Ref: demilked
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here