Advertisement

နိုင်ငံတွင်း Coronavirus lockdown ပြုလုပ်ထားမှုရဲ့အကျိုး‌ေကျးဇူး‌ေကြာင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ပန်ဂျပ်ပြည်နယ်သားတွေဟာ ဟိမဝန္တာတောင်တန်း‌ေတွကို ဆယ်စုနှစ် ၃ ခုစာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မိုင် 100 ကျော်အကွာအဝေးကနေ ပြန်လည်မြင်‌ေတွ့နိုင်ခဲ့ကြပါပြီ။

ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ဒီမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံရသူတွေကလည်း “ဒီလိုမျိုးမမြင်ခဲ့ရတာ ဆယ်စုနှစ်ချီကြာမြင့်နေပြီ” လို့ပြောဆိုရင်း အဲဒီပုံရိပ်တွေကို လူမှု‌ကွန်ရက်မှာမျှဝေခဲ့ကြပါတယ်။

Coronavirus Pandemic ကြောင့် လေကြောင်းလိုင်း‌ေတွဖျက်သိမ်းထားရမှု၊ လမ်း‌ေတွပေါ်သွားလာနေတဲ့ မော်တော်ကားအစီးရေလျော့နည်းသွားမှုနဲ့ စက်ရုံအလုပ်ရုံတွေကို ပိတ်သိမ်းထားရမှုတွေက အိန္ဒိယနိုင်ငံရဲ့ လေထုအရည်အသွေးကို ထူးထူးခြားခြားတိုးတက်ကောင်းမွန်လာ‌ေအာင် ဖန်တီးပေးလိုက်တာပါ။

ဒါကြောင့်ပဲ နှစ်ပေါင်း 30 နီးပါးမမြင်တွေ့နိုင်ခဲ့ကြတဲ့ ဟိမဝန္တာတောင်တန်းရဲ့ မြင်ကွင်းကို ပထမဆုံးအကြိမ်အဖြစ် အခုလို ရှင်းလင်းပြတ်သားစွာ ပြန်မြင်တွေ့လာရတာဖြစ်ပါတယ်။

Ref: CNN
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here