Advertisement

Bollywood သရုပ်ဆောင် Irrfan Khan ကတော့ အူမကြီးကင်ဆာရောဂါနဲ့ မွမ်ဘိုင်းဆေးရုံကြီးမှာ ဒီနေ့ပဲ ကွယ်လွန်သွားခဲ့ပါပြီ။ ဒီသတင်းကို သူ့ကိုယ်စားပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပြောကြားလိုက်တာပါ။ Khan က သူ့ရဲ့ကင်ဆာဝေဒနာကို၂၀၁၈ ခုနှစ်ကတည်းက စတင်ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

အခုကွယ်လွန်ချိန်မှာ အသက် ၅၃ နှစ်အရွယ်ရှိ‌နေပြီဖြစ်တဲ့ Khan ဟာ ကျွန်တော်တို့ သိပ်သဘောကျခဲ့ကြရတဲ့ Slumdog Millionaire, The Amazing Spiderman, Life of Pi,The Lunchbox, The Jurassic World, Hindi Medium, The Jungle Book နဲ့ Blackmail စတဲ့ Hollywood & Bollywood ရုပ်ရှင်‌ကောင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ကောင်းမွန်ရာဘုံဘဝသစ်တစ်ခုမှာ အေးအေးချမ်းချမ်းအနားယူနိုင်ပါစေ Khan ရေ…။

Ref: Indiatimes
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here