Advertisement

နှလုံးဆိုင်ရာခွဲစိတ်ကုသမှုခံယူထားတဲ့ မြောက်ကိုရီးယားအဓိပတိ Kim Jong Un ရဲ့ကျန်းမာရေးအ‌ေခြအနေက စိုးရိမ်ဖွယ်ရာဖြစ်နေတယ်လို့ The Korea Herald သတင်းဌာနကဖော်ပြလိုက်ပါတယ်။

Kim ဟာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့်ပဲ April 15 မှာကျင်းပမယ့် အဘိုးဖြစ်သူ Kim Il-sung ရဲ့မွေးနေ့အထိမ်းအမှတ်ပွဲကိုလည်းမကျင်းပနိုင်ခဲ့ပါဘူး။ ဒါဟာ 2012 ကနေ လက်ရှိအချိန်ကာလအတွင်းမှာ နိုင်ငံတော်အခမ်းအနားတစ်ခုကို Kim ရဲ့ ပထမဆုံးအကြိမ်ပျက်ကွက်မှုလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနကတော့ Kim ဟာ တနင်္လာနေ့က ခွဲစိတ်မှုခံယူခဲ့ပြီး ပြန်သက်သာလာတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

Ref: The Korea Herald
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here