Advertisement

COVID-19 ကူးစက်မှုဖြစ်စဉ်ကြောင့် လုပ်ငန်း‌‌ေတွ ယာယီပိတ်သိမ်းထားရချိန်မှာ လုပ်သားတွေဟာလည်း အလုပ်လုပ်ကိုင်ရမှုမရှိဘဲ ရပ်နားနေခဲ့ကြရပါတယ်။ မူလက လုပ်ငန်းတွေကို ရက်နေ့မှာ ပြန်ဖွင့်လှစ်ဖို့သတ်မှတ်ထားပေမဲ့လည်း ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ရမယ့်အတွက် တချို့လုပ်ငန်းတွေကို ခုထိဆက်လက်ပိတ်ထားရဆဲပါ။

ဒါကြောင့် ဒီကာလအတောအတွင်းမှာ လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားတဲ့လုပ်သားတွေကို အလုပ်ရက်နားထားရတဲ့ရက်တွေအလိုက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ လုပ်ခလစာရဲ့ ၄၀%ကို ထောက်ပံ့ကူညီမှုအကျိုးအဖြစ်ခံစားခွင့်ပြုသွားမယ်လို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

လုပ်သားတွေအနေနဲ့ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၃(ခ) (၂) နဲ့ ပုဒ်မ (၁၀၀) တို့အရ ထည့်ဝင်ကြေးပေးသွင်းထားတဲ့လုပ်ခလစာရဲ့ ၄၀% ပမာဏကို ထောက်ပံ့ကူညီမှုအကျိုးအဖြစ်ခံစားခွင့်ရရှိမှာဖြစ်ပြီး အခုအမိန့်စာထုတ်ပြန်ချိန်ကစတင်ကာ သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးတွေမှာလျှောက်ထားနိုင်ပြီလို့ သိရပါတယ်။

Source: MOLIP

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here