Advertisement

My Ambulance ထဲကဒေါက်တာပန် (Sunny Suwanmethanont) နဲ့ ချလမ် (Sky) တို့ကြားမဲခွဲခဲ့တာ Sunny ကမဲပိုရသွားတဲ့အတွက်သူ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ ချလမ့်ပရိသတ်တွေလည်းစိတ်မပူပါနဲ့၊ သူ့အကြောင်းကိုဒီပိတ်ရက်မှာတင်ဆက်ပေးသွားမှာပါ။ ဒီဆောင်းပါးမှာတော့ Sunny ရဲ့ကိုယ်ရေးရာဇဝင်အကျဉ်းနဲ့ထင်ရှားတဲ့ရုပ်ရှင်တွေအကြောင်းပြောပြထားပါတယ်။ သူသုံးတဲ့ social media account တွေနဲ့ ဓာတ်ပုံတချို့ကိုလည်းဖော်ပြပေးထားလို့စိတ်ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။

၁၉၈၁ခုနှစ် မေလ ၁၈ရက်နေ့မှာမွေးတဲ့ Sunny ဟာအခုဆို ၃၈နှစ်ရှိပါပြီ။ အဖေဖြစ်သူကထိုင်း-စင်ကာပူ ကပြားဖြစ်ပြီး အမေကတော့ပြင်သစ်လူမျိုးပါ။ အရပ် ၆ပေ (၁ ဒသမ ၈မီတာ) ရှိပြီး ပြိဿရာသီဖွားဖြစ်ပါတယ်။

Sunny ရဲ့ငယ်ဘဝကခက်ခဲကြမ်းတမ်းခဲ့တယ်လို့ဆိုရမယ်။ သူ့မိဘတွေစီးပွားပျက်ပြီး လူမွဲစာရင်းကြေညာရတဲ့အထိအခြေအနေဆိုးဝါးခဲ့တယ်။ ငယ်စဉ်ကမိဘရဲ့ ဂရုစိုက်မှုကိုလည်းမခံခဲ့ရပါဘူး။ အခုတော့အရင်ကထက်ဆက်ဆံရေးပိုအဆင်ပြေလာပြီလို့ပြောပါတယ်။

Sunny ငယ်ငယ်က (Credit: Sunny FC Facebook)

Sunny ဟာ သင်္ချာဘာသာရပ်ကိုအလွန်မုန်းသူပါ။ ဒါကြောင့်လည်း တက္ကသိုလ်မှာသင်္ချာတွက်စရာမလိုတဲ့ Communication Arts (ကြော်ငြာလုပ်ငန်း) မေဂျာကိုပဲသင်ယူခဲ့တယ်။ ကျောင်းပြီးသွားတော့မော်ဒယ်အဖြစ် ကြော်ငြာတွေမှာသရုပ်ဆောင်ခဲ့သလို ညဘက်ဆိုသူ့သူငယ်ချင်းတီးဝိုင်း Kingkong Project နဲ့ဘားတွေမှာဖျော်ဖြေခဲ့ဖူးတယ်။ ဒါပေမယ့်သူကဒီအလုပ်ကိုငြီးငွေ့လာတယ်။ လူတွေကအရက်သောက်ဖို့ပဲအာရုံရှိပြီး သူတို့သီချင်းကိုဘယ်သူမှ အရေးတယူနားမထောင်ကြဘူးလို့ ပြောပါတယ်။

တနေ့မှာတော့ထိုင်းနိုင်ငံရဲ့စီးပွားရေးအရအအောင်မြင်ဆုံးရုပ်ရှင်ကုမဏီ GDH 559 ကသူ့ကိုသရုပ်ဆောင်ရွေးပွဲလာပြိုင်မလားလို့ကမ်းလှမ်းခဲ့ပါတယ်။ အစပိုင်းမှာချီတုံချတုံဖြစ်နေခဲ့ပေမယ့် နောက်ဆုံးတော့သရုပ်ဆောင်ရွေးပွဲကိုသွားပြိုင်ခဲ့တယ်။ ဒီလိုနဲ့ပဲ ၂၀၀၅ခုနှစ်ထုတ်ရုပ်ရှင် Dear Dakanda ထဲမှာခေါင်းဆောင်မင်းသားအဖြစ်အရွေးခံရပြီးပရိသတ်စတင်သတိထားမိခဲ့ပါတယ်။

သူက single ပါ။ အိမ်ထောင်ပြုခြင်းဟာဘဝကိုရှုပ်ထွေးစေပြီး လူ ၂ယောက်ဟာတယောက်ကိုတယောက်ပိုင်ဆိုင်လိုစိတ်တွေမရှိဘဲ အတူတူနေထိုင်သွားနိုင်ရင် အကောင်းဆုံးပဲလို့ဆိုပါတယ်။ ဒီအတွေးအခေါ်ကြောင့်လည်းသူ့မှာရည်းစားမရှိတာလို့လည်းပြောပါသေးတယ်။

သူကဘာသာမဲ့တယောက်ပါ။ သူငယ်ငယ်ကမိသားစုဒုက္ခရောက်တဲ့အချိန်မှာ ဘယ်သူကမှလာမကူညီကြဘဲ ကိုယ့်အားကိုယ်ကိုးဖြတ်သန်းခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်အားကိုးခြင်း (self-reliance) ကသာအကောင်းဆုံးလို့ယူဆပါသတဲ့။

သူကဟာသဉာဏ်ရှိသူပါ။ ထိုင်းမင်းသားတွေထဲမှာရုပ်လည်းချော ဟာသဉာဏ်လည်းရှိတဲ့သူရှားကြောင်း Bangkok Post ကဂျာနယ်လစ်တယောက်ကမှတ်ချက်ပေးခဲ့ဖူးပါတယ်။

Credit: Thai GQ

သူကကြောင်ချစ်သူပါ။ ကြောင်လေးတွေရဲ့အပြုအမူကရယ်ရတယ်လို့ထင်ပြီး သူတို့သွားလာလှုပ်ရှားနေပုံကိုကြည့်ရတာ သဘောကျပါသတဲ့။

သူကကားမောင်းလေ့မရှိပါဘူး။ BTS Skytrain (မိုးပျံရထား) စီးခြင်း၊ တက္ကစီးစီးခြင်း၊ လမ်းလျှောက်ခြင်းတွေကိုနှစ်သက်သူပါ။

သူကရုပ်ရှင်တကားမှာအဓိကနေရာကသရုပ်ဆောင်ရဖို့ထက် ဒီရုပ်ရှင်ကားပိုကောင်းသွားအောင် သူနဲ့လိုက်ဖက်တဲ့ဇာတ်ရုပ်မျိုးကဘယ်လိုသရုပ်ဆောင်မလဲဆိုတာကိုပဲအာရုံစိုက်ပါသတဲ့။ တကယ်လည်းသူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တချို့မှာ အပြိုင်နေရာ၊ ဇာတ်ပို့နေရာကသရုပ်ဆောင်ခဲ့ပါတယ်။

သူ့ bio ကတော့ဒီလောက်နဲ့လုံလောက်ပြီထင်ပါတယ်။ နောက်သိချင်တာရှိသေးရင် comment မှာမေးလို့ရပါတယ်။ အခုသူ့ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေထဲကကောင်းနိုးရာရာလေးတွေကိုညွှန်းပေးချင်တယ်။ သူ့ရုပ်ရှင်အများစုကိုအင်္ဂလိပ်စာတန်းထိုးနဲ့ kissasian နဲ့ newasiantv တို့မှာ stream လုပ်ကြည့်လို့ရပါတယ်။

I Fine Thank You Love You (2014)

ထိုင်းရုပ်ရှင်လောကမှာ Pee Mak ပြီးရင် ရုံဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်သလို Sunny ရဲ့အအောင်မြင်ဆုံးရုပ်ရှင်လည်းဖြစ်တယ်။ ဒီကားမှာသူကဂျပန်လူမျိုးချစ်သူရဲ့စွန့်ပစ်ခြင်းခံရလို့ သူမရှိတဲ့အမေရိကကိုလိုက်သွားဖို့ အင်္ဂလိပ်စာသင်တဲ့စက်ရုံဝန်ထမ်းတယောက်အဖြစ်သရုပ်ဆောင်ထားတယ်။ သူ့ရဲ့အပေါက်ဆိုးဆိုး ဂျစ်ကန်ကန်ဇာတ်ကောင် Yim ဟာထိုင်းနိုင်ငံမှာတင်မက အရှေ့တောင်အာရှတခွင်မှာလူကြိုက်များခဲ့ပြီး Sunny ဟာလည်း A-lister တယောက်ဖြစ်လာခဲ့ပါတယ်။

Heart Attack (2015)

My Ambulance ထဲက Davika “Mai” Hoorne နဲ့ပထမဆုံးတွဲပြီးသရုပ်ဆောင်ခဲ့တဲ့ရုပ်ရှင်ပါ။ ဒီရုပ်ရှင်မှာသူက အလုပ်တအားလုပ်လို့ကျန်းမာရေးချို့ယွင်းသွားတဲ့ graphic designer Yoon အဖြစ်သရုပ်ဆောင်ခဲ့ပြီး Davika ကတော့သူ့ကိုဆေးကုပေးတဲ့ဆရာဝန်မလေးအဖြစ်ပါဝင်ထားပါတယ်။ အလုပ်ဘဲအာရုံစိုက်နေလို့ပေါင်းသင်းဆက်ဆံရေးမှာ အူကြောင်ကြောင်နိုင်တဲ့ Yoon ဇာတ်ကောင်ဟာ သူသရုပ်ဆောင်နေကျဇာတ်ရုပ်တွေနဲ့ကွဲထွက်နေတယ်။ ဒီဇာတ်ကောင်နဲ့ပဲထိုင်းနိုင်ငံရဲ့အရေးပါတဲ့ရုပ်ရှင်ဆု Suphannahong National Film Awards မှာအကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့ပါတယ်။

Brother of the Year (2018)

Sunny ရဲ့နောက်ထပ် box-office success တခုပါ။ ဒီထဲမှာညီမဖြစ်သူရဲ့အချစ်ရေးကိုဝင်နှောင့်ယှက်တဲ့အစ်ကို Chut အဖြစ်သရုပ်ဆောင်ထားပြီး နာမည်ကြီးထိုင်းမင်းသမီး Urassaya “Yaya” Sperbund နဲ့ ကိုရီးယားတီးဝိုင်း 2PM ထဲက Nichkhun တို့လည်းပါတယ်။ ဟာသကားသက်သက်ဆိုတာထက် မောင်နှမတွေကြားကချစ်ခြင်းမေတ္တာကိုလည်းပြသသွားခဲ့တယ်။ ထိုင်းရုပ်ရှင်လောကမှာ၂၀၁၈ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးဇာတ်ကားလည်းဖြစ်ပါတယ်။

Shambhala (2012)

Shutter ထဲမင်းသား Ananda Everingham နဲ့ညီအစ်ကိုအဖြစ်သရုပ်ဆောင်ထားတဲ့ Shambhala ဟာ ထိုင်းရုပ်ရှင်လောကမှာတွေ့ရခဲ့တဲ့ဇာတ်ကားပါ။ ဆက်ဆံရေးအဆင်မပြေတဲ့ညီအစ်ကို ၂ယောက် တိဗက်ကိုခရီးထွက်ရင်းနားလည်မှုရလာတာကိုတင်ဆက်ထားတယ်။ ရယ်ရတဲ့ road trip ဇာတ်လမ်းမှာ ညီအစ်ကို ၂ယောက်ကြားကချစ်ခြင်းမေတ္တာကိုသရုပ်ဖော်ထားတဲ့ dramedy ဆန်ဆန်ဇာတ်လမ်းမျိုးဖြစ်ပြီး တိဗက်ရဲ့လှပတဲ့ရှုခင်းတွေကိုလည်းမြင်ရဦးမှာပါ။ ဒီကားကို admin လည်းရှာတုန်းမို့ download လုပ်လို့ရမယ့်နေရာသိရင်အလင်းပြပါဦး။

Happy Old Year (2020)

Sunny ဟာအဓိကဇာတ်ကောင်နေရာကသရုပ်မဆောင်ရလည်း ရုပ်ရှင်ကားကောင်းဖို့သာအာရုံစိုက်တယ်ဆိုတာ ဒီကားမှာသက်သေပြထားတယ်။ ဒီ indie ရုပ်ရှင်ဟာ မင်းသမီးဇာတ်လမ်းဖြစ်တဲ့အတွက် Sunny အနေနဲ့လုပ်ကွက်သိပ်မရပေမယ့် ရတဲ့နေရာကနေအကောင်းဆုံးသရုပ်ဆောင်သွားခဲ့ပါတယ်။ ဇာတ်လမ်းကအေးပေမယ့် အယူအဆလေးကောင်းတာမို့စိတ်ရှည်ရှည်ထားပြီးကြည့်ဖို့ညွှန်းပါတယ်။

Answer for Heaven (2019)

Sunny ရဲ့ပထမဆုံး Netflix series ပါ။ လူသားတွေဘာကြောင့် ကောင်းမှုကုသိုလ်ပြုမှုနည်းလာရသလဲဆိုတာစုံစမ်းဖို့လူ့ပြည်ဆင်းလာတဲ့နတ်သားအဖြစ်သရုပ်ဆောင်ထားပါတယ်။ မှုခင်းနဲ့စုံထောက်ဆန်ဆန်ဇာတ်လမ်းဖြစ်ပြီး Netflix မှာကြည့်လို့ရပါပြီ။

နောက်ထပ်ကြည့်ရမယ့်ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေကတော့

Mr Hurt (2017) – ဒီကားထဲမှာတော့အသဲကွဲနေတဲ့ တင်းနစ်ကစားသမားတယောက်အဖြစ် သရုပ်ဆောင်ထားတယ်။ ဝေဖန်ရေးဆရာတချို့ကတော့ Forgetting Sarah Marshall ဆိုတဲ့အင်္ဂလိပ်ကားကို ခိုးချထားတယ်လို့စွပ်စွဲကြပေမယ့် ပရိသတ်တွေကတော့အကြိုက်တွေ့ခဲ့ပါတယ်။

Stupid Cupid (2015) – ဒါကတော့ရုပ်သံဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီထဲမှာ Sunny ကအရမ်းချမ်းသာတဲ့မိသားစုတခုရဲ့ အမွေဆက်ခံသူ Chawee အဖြစ်ပါဝင်သရုပ်ဆောင်ထားတယ်။ အဘွားဖြစ်သူပေးစားတဲ့မိန်းကလေးနဲ့ သူ့ချစ်သူတို့ကြားဗျာများရသလို မိသားစုရဲ့အရှုပ်အရှင်းတွေကြားမှာလည်း အဆင်ပြေအောင်နေရတဲ့ဇာတ်ရုပ်မျိုးပါ။

7 Something (2012) – GDH ရဲ့ ၇နှစ်မြောက်အထိမ်းအမှတ်အဖြစ်ထုတ်လုပ်တဲ့ဒီရုပ်ရှင်မှာ Sunny ကရုပ်ရှင်လောကကအနားယူပြီး ငါးပြတိုက်တခုမှာအလုပ်လုပ်တဲ့သူအဖြစ်သရုပ်ဆောင်ထားတယ်။

Dear Dakanda (2005) – ဒီထဲမှာတော့ friendzone ထဲရောက်နေတဲ့ပန်းချီကျောင်းသားတဦအဖြစ်သရုပ်ဆောင်ထားပြီး စီးပွားရေးအရအသင့်အတင့်အောင်မြင်မှုရခဲ့ပါတယ်။

Sunny အကြောင်းပိုသိချင်ရင် Facebook ပေါ်မှာ သူနဲ့တခြား admin ၃ယောက်ကိုင်တဲ့ Sunny FC ဆိုတဲ့ official fan club ရှိပါတယ်။ Instagram ဆိုရင်တော့ @sunny_suwanmethanont account က official ပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here