Advertisement

Stay home မှာကြက်ကင်စားချင်တဲ့သူတွေအတွက် ရန်ကုန်ကကြက်ကင် delivery မှာလို့ရတဲ့ဆိုင်တချို့ကို အင်္ဂလိပ်အက္ခရာစဉ်အလိုက်ဖော်ပြပေးထားပါတယ်။ တခြား ကြက်ကင် delivery ပို့ဆောင်ပေးတဲ့ဆိုင်ရှင်တွေလည်း ဒီဆိုင်စာရင်းထဲမှာပါဝင်ချင်တယ်ဆိုရင်လာပြောနိုင်ပါတယ်ခင်ဗျ။ ကြော်ငြာခပေးစရာမလိုပါဘူး။ Stay home နေရတဲ့ပြည်သူတွေနဲ့ စားသောက်ဆိုင်လုပ်ငန်းရှင်တွေကို တဘက်တလမ်းကကူညီပေးချင်ပါတယ်။

The Bash Yangon

ဖွင့်တာမကြာသေးတဲ့ဆိုင်လေးဖြစ်ပြီး ကြက်တကောင်လုံးကိုအထဲမှာကောက်ညှင်း၊ ဘဲဥ၊ သီဟိုဠ်စေ့၊ ကြက်အူချောင်းတွေသွပ်ပြီးကင်ထားတာဖြစ်ပါတယ်။ အထူးအစီအစဉ်အနေနဲ့ တကောင် ၁၃၀၀၀ ကျပ်ဖြစ်ပြီး Heineken တလုံးလက်ဆောင်ပေးနေပါတယ်။
09 509 6069 ကိုဖုန်းဆက်မှာယူနိုင်ပါတယ်။

CP Myanmar Kitchen

CP ကြက်ကင်နဲ့ကြက်ကြော်ကတော့ လူတော်တော်များများလည်းစားဖူးကြမယ့် brand ပါ။ သူက foodpanda နဲ့လက်တွဲထားတယ်။ ကြက်ကင်တကောင် ကျပ် ၅၅၀၀ ကျသင့်မှာပါ။ ကြက်ဆီထမင်း၊ ကြက်ကြော်နဲ့ အသားလုံးတွေလည်း delivery ရတယ်။ ဒါပေမယ့် delivery ရတဲ့မြို့နယ်တော်တော်နည်းပြီး admin နေတဲ့မြို့ထဲမှာလည်း delivery မရသေးပါဘူး။
09 2500 32500, 09 751 999990 ကိုလည်းဖုန်းဆက်မှာယူနိုင်ပါတယ်။

Daddy Delicious

သူကကျ delivery ကိုကိုယ်တိုင်လုပ်တာဖြစ်ပြီး တရက်ကြိုမှာရပါတယ်။ ရိုးရိုးကင်တာနဲ့ ခဲပတ်ကင်တာဆိုပြီး ၂မျိုးရှိပါတယ်။ ပေါင်၊ ပေါင်ရင်းသားနဲ့ ရင်အုံစသဖြင့်ရွေးလို့ရပြီး တတုံးကို ၁၂၀၀-၁၅၀၀ အတွင်းရှိပါတယ်။ ကြက်ဆီထမင်းလည်းရတယ်။ ၂၀၀၀၀ ဖိုးနဲ့အထက် delivery free ပါ။
09 966 602 222, 09 420 123 404 ကိုဖုန်းဆက်မှာယူနိုင်ပါတယ်။

DD Chicken

တပတ်ကို ၂ရက် delivery order လက်ခံပါတယ်။ Original taste ကြက်ကင်တခြမ်းကို ၉၀၀၀ ဖြစ်ပြီး တကောင် ၁၅၀၀၀ပါ။ Chili ကြက်ကင်ဆိုရင်တော့ ၁၀၀၀၀/ ၁၆၅၀၀ ကျသင့်မှာဖြစ်ပါတယ်။ ကြက်ကင်အပြင် sandwich မုန့်တွေလည်းရတယ်။ ကြက်ကင်ကိုကောက်ညှင်းနဲ့တွဲစားမယ်ဆိုရင်လည်း ကောက်ညှင်းမှာလို့ရပါတယ်။
09 755 083 653 ကိုဖုန်းဆက်မှာယူနိုင်ပါတယ်။

YPPN

ထိုင်းစတိုင်စဉ့်အိုးကြက်ကင်မြည်းကြည့်ချင်ရင်တော့ YPPN မှာရပါတယ်။ Original နဲ့ Mala ဆိုပြီး ၂မျိုးရတယ်။ တခြမ်း ၇၅၀၀၊ တကောင် ၁၃၀၀၀ ပါ။ သူကိုယ်တိုင်လည်း delivery ပို့ပေးသလို foodpanda နဲ့လည်းချိတ်ဆက်ထားပါတယ်။
09 783 463 377, 09 783 463 388 ကိုလည်းဖုန်းဆက်မှာယူနိုင်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here