Advertisement

Coronavirus တိုက်ဖျက်ရေးအတွက် အားသွန်ခွန်စိုက်ပါဝင်ကြိုးပမ်းနေတဲ့ ဘီလျံနာကြီး Bill Gates ကတော့ ကူးစက်မှုကိုတားဆီးနိုင်တဲ့‌ဆေးမရလာ‌သေးသမျှ‌ အရင်အခြေအနေမျိုးပြန်‌နေနိုင်‌တော့မှာ မဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ အဆိုးထဲကအကောင်းအဖြစ် ဆေးကို မူလခန့်မှန်းတာထက် မြန်မြန်ရလာနိုင်ချေလည်းရှိ‌နေပါတယ်။

‘Coronavirus vaccine တစ်ခုကိုဖန်တီးဖို့က ၁၈ လဝန်းကျင်လောက်အချိန်ယူရနိုင်တယ်လို့ ပညာရှင်တွေကယူဆထားကြပြီး ကျွန်တော်လည်းသူ့တို့လို့ပဲသဘောရပါတယ်။ အနည်းဆုံး ၉ လက‌နေ အများဆုံး ၂ နှစ်လောက်ထိ ကြာမြင့်နိုင်မှာပါ။ ‌ဆေးဖန်တီးဖို့ အဲဒီလိုမျိုး ၁၈ လ‌လောက်အချိန်ယူရတယ်ဆိုရင်‌တောင် ဒါဟာ သိပ္ပံပညာရှင်တွေရဲ့အမြန်ဆုံးဖန်တီးပြီး‌မြောက်မှုလို့ဆိုနိုင်ပြီး COVID-19 vaccine candidate ၁၁၅ မျိုးထဲက ၈-၁၀ လောက်ဟာ အလုပ်ဖြစ်လာနိုင်ချေရှိတယ်’ လို့ Gates က သူ့ရဲ့ blog post တစ်ခုမှာ ရေးသားထားပါတယ်။

“လက်ရှိစမ်းသပ်ဖန်တီးနေကြတဲ့အထဲက ဆေးနှစ်မျိုးအတွက်ကိုတော့ ကျွန်တော် တကယ်စိတ်လှုပ်ရှားနေပါတယ်။ အခုအချိန်မှာ ခက်ခဲနေသေးပေမဲ့လည်း လမ်းဆုံးရင်တော့ရွာကိုတွေ့လာမှာပါပဲ”လို့လည်း Gates က သုံးသပ်ရေးသားခဲ့ပါ‌သေးတယ်။

Ref: Bloomberg
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here