Advertisement

Coronavirus က လူရဲ့မျက်လုံးနဲ့ မျက်ရည်‌‌ေတွက‌တစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်တယ်လို့ Johns Hopkins University ရဲ့ ဆေးသိပ္ပံသု‌ေတသီ‌တွေက သတိပေး‌ေပြာဆိုလိုက်ပါတယ်။ ဖျားနာခြင်းအပြင် မျက်လုံးယားယံမှုနဲ့ မျက်ခွံအတွင်းသားရောင်ရမ်းမှုဝေဒနာ‌ေတွပါခံစား‌‌ေနရတဲ့ Covid 19 လူနာတွေကို စမ်းသပ်လေ့လာမှုပြုခဲ့ကြပြီး ရရှိလာတဲ့ရလဒ်‌ေတွ‌အရ သူတို့က အခုလိုထုတ်‌ေဖာ်‌ေပြာဆိုလိုက်တာပါ။

အဲဒီလေ့လာစမ်းသပ်မှုတွေအရ Coronavirus က ACE-receptor လို့ခေါ်တဲ့ cell တွေရဲ့အတွင်းပိုင်းမှာတွယ်ကပ်နေနိုင်တယ်ဆိုတာကို ‌ေတွ့ရှိခဲ့ကြတာပါ။ ဒါ့အပြင် (ပုံမှန်အားဖြင့်) အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းစနစ်‌ထဲမှာပဲရှိ‌ေနတဲ့ ACE-receptor တွေကို မျက်လုံး‌ေတွကထုတ်လုပ်နိုင်တတာကိုပါ သိရှိလာခဲ့ကြပါတယ်။

Coronavirus ဟယက လူရဲ့မျက်လုံးထဲမှာ ၂၇ ရက်‌‌ေလာက်ထိကြာ‌ေအာင် ခိုအောင်းနေနိုင်စွမ်းရှိပါတယ်။ မျက်လုံးသူငယ်အိမ်ရဲ့မျက်နှာပြင်ဟာ Virus တွေခိုအောင်းဖို့ နေရာ‌ေကာင်းတစ်ခုလိုဖြစ်နေပြီး တစ်ဦးကနေတစ်ဦးဆီ ကူးစက်ပျံ့နှံ့ဖို့လွယ်ကူေစတယ် လို့သုတေသီတွေက‌ေပြာခဲ့ပြီး Covid-19 လူနာ‌ေတွရဲ့ မျက်ရည်နဲ့ မျက်ဝတ်နမူနာ‌‌ေတွထဲမှာ Coronavirus တွေ့ရ‌တဲ့ Test Result တွေလည်း အတော်များများ တွေ့ရှိထားကြောင်း ပြောပြခဲ့ပါတယ်။။

မျက်လုံးကတစ်ဆင့် Coronavirus ကူးစက်ပျံ့နှံ့နိုင်တာ မှန်ကန်‌ေကြာင်း တချို့လေ့လာမှု‌ေတွက လက်တွေ့‌သိရှိထားပြီးဖြစ်‌ေပမဲ့ တချို့‌ေလ့လာမှု‌ေတွကတော့ ဘယ်လိုဆက်စပ်မှုမျိုးမှမတွေ့ခဲ့ရ‌ဘူးလို့ ပြောဆိုထားပါတယ်။ Johns Hopkins University ဆေးသိပ္ပံ‌ပညာရှင်တွေက‌ေတာ့ လေ့လာမှုပြုလုပ်စဉ် မှာစမ်းသပ်တဲ့နည်း‌လမ်းနဲ့ အသုံးပြုတဲ့တစ်ရူးနမူနာ‌‌ေတွကွဲပြား‌မှုက ဒီလိုမတူညီတဲ့ရလဒ်တွေကို ထွက်ပေါ်လာ‌ေစတတ်ပါတယ် လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

Virus ကူးစက်ခံရနိုင်တဲ့နည်းလမ်း‌ေတွဘယ်လိုပဲ များပြား ဆန်းပြားပါ‌ေစ..အရေးအကြီးဆုံးက COVID-19 Pandemic ကာလအတွင်းမှာ လူတိုင်း တစ်ကိုယ်ရည်သန့်ရှင်း‌ေရးကိုအလေးထားဖို့ဖြစ်ပြီး COVID-19 Pandemic ပြီးဆုံးသွားခဲ့ရင်တောင်မှ အဲဒီတစ်ကိုယ်ရည်သန့်ရှင်းမှုအလေ့အထက ဆက်ပြီးစွဲမြဲကျန်‌ေနသင့်တယ် လို့လည်း သုတေသီတွေက တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

Ref: The Sun
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here