အခုဆိုရင် နွေရာသီကိုဝင်ရောက်ပြီးခဲ့တာ အတော်ကြာကြာရှိနေပါပြီ။ ရာသီဥတုပူပြင်းလာတာနဲ့အမျှ ရေရှားပါးမှုဆိုတဲ့အခက်အခဲကိုလည်း ဒေသအနှံ့အပြား (အထူးသဖြင့် နယ်ဘက်) မှာ ကြုံတွေ့လာရတတ်ပါတယ်။ ရေရှားပါးလွန်းလာတဲ့အခါ တွေ့ရာကြုံရာရေကို အဆင်ပြေသလိုသောက်သုံးမိေလ့ရှိတဲ့အတွက် နောက်ဆက်တွဲအေနနဲ့ ဝမ်းပျက်ဝမ်းေလျှာရောဂါတွေ ဖြစ်ပွားနိုင်ေချရှိပါတယ်။

ဝမ်းပျက်ဝမ်းေလျှာရောဂါက ကုသဖို့လွယ်ကူတယ်ဆိုပေမဲ့ တခြားတစ်ဘက်မှာလည်း ကလေးငယ်တွေကို အသက်ငယ်ငယ်လေးနဲ့ လူ့လောကထဲက အလွယ်တကူဆွဲထုတ်သွားနိုင်တဲ့ ရောဂါဆိုးတစ်ခုဖြစ်နေပြန်ပါတယ်။ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားရတဲ့အဓိက အကြောင်းအရင်းတွေကတော့ သောက်သုံးရေမသန့်ရှင်းတာ၊ အစားအစာတွေကို သန့်ရှင်းအောင် ချက်ပြုတ် စားသောက်မှုမရှိတာ၊ ယင်လုံအိမ်သာကိုစနစ်တကျသုံးစွဲမှု မရှိတာနဲ့ လက်ကိုဆပ်ပြာနဲ့ စနစ်တကျဆေးကြောမှု မရှိတာေတွကြောင့်ပဲ ဖြစ်ပါတယ်။
ဝမ်းရောဂါကို အကြမ်းဖျဉ်းအားဖြင့် ဝမ်းပျက်ဝမ်းေလျှာရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ကာလဝမ်းရောဂါ (ကူးစက်မြန် ပြင်းထန်အရည်ဓာတ်ဆုံးရှုံးစေတဲ့ဝမ်းရောဂါ) ဆိုပြီး အမျိုးအစားခွဲခြားထားပါတယ်။ ကလေးငယ်တွေရော လူကြီးတွေမှာပါအဖြစ်များတဲ့ ဝမ်းပျက်ဝမ်းေလျှာရောဂါရဲ့လက္ခဏာတွေကတော့ တစ်နေ့ (၃) ကြိမ်နဲ့အထက် ဝမ်းပျော့ပျော့/အရည်ဝမ်းသွားတာ၊ ဝမ်းဗိုက်နာကျင်တာ၊ ဗိုက်ရစ်ပြီးနာတာ၊ ဖျားနာတာနဲ့ အရည်ဓာတ်ဆုံးရှုံးတာေတွဖြစ်ပါတယ်။
ဒီလိုလက္ခဏာတွေကြုံတွေ့ရပြီဆိုရင် ဝမ်းပျက်ဝမ်းေလျှ ရောဂါ ဖြစ်နေပါပြီ။ တကယ်တော့ ဝမ်းပျက်တယ်ဆိုတာဟာ လူ (သို့) တိရစ္ဆာန် ရဲ့ မစင် အညစ်အကြေးထဲကဝမ်းရောဂါပိုးေတွဟာ လူတွေရဲ့ ပါးစပ်ထဲကို တစ်နည်းနည်းနဲ့ ဝင်ရောက်သွားလို့ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်မှာ တစ်ယောက်ယောက်က ဝမ်းရောဂါဖြစ်နေပြီဆိုရင် ရေကိုသန့်ရှင်းအောင်ကြိုချက်သန့်စင်ပြီးသောက်သုံးဖို့၊ လက်ကို ဆပ်ပြာနဲ့ဆေးေကြာဖို့က အရေးတကြီးလိုအပ်ပါတယ်။
ဝမ်းပျက်ဝမ်းေလျှာဖြစ်လာခဲ့ရင် ပေါ့ဆမေနသင့်ဘဲ ဆေးရုံဆေးခန်းကို အမြန် သွားရောက်ကုသရမှာပါ။ တစ်ချိန်တည်းမှာပဲ ရောဂါကြောင့် ခန္ဓာကိုယ်က အရည်ဓာတ်ဆုံးရှုံးသွားမှုကိုပြန်ဖြည့်တင်းဖို့ ဓာတ်ဆားရည်သောက်သုံးပေးဖို့ကိုလည်း မမမေ့သင့်ပါဘူး။
ဓာတ်ဆားရည်သောက်ရာမှာ အရသာပါတဲ့သီးစုံ ဓာတ်ဆားမျိုးကိုမေသာက်ဘဲ ORS (Oral Rehydration Salt) ဓာတ်ဆားကိုသာ ရေသန့် ၁ လီတာနဲ့ ရောစပ်ပြီး စနစ်တကျသောက်သုံးရမှာဖြစ်ပါတယ်။ ဓာတ်ဆားကိုအလွယ်တကူမရနိုင်တဲ့နေရာဖြစ်ရင်ေတာ့ သကြား လက်ဖက်ရည်ဇွန်း (၈) ဇွန်းကို ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ ရောစပ်ကာ ရေသန့် တစ်လီတာနဲ့ ဖျော်တိုက်လို့ရပါတယ်။ အရသာကတော့ မျက်ရည်ရဲ့ အရသာနဲ့ ဆင်တူပါလိမ့်မယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါကို အလွယ်တကူကာကွယ်လို့ရနိုင်ပါတယ်။ အဲဒီလိုလွယ်ကူလွန်းလို့လည်း လူတွေက မေ့လျော့ေပါ့ဆနေကြတာပါ။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တယ် ဆိုတာကြိ လူတိုင်းသိထားပြီးသားဖြစ်လို့ ဝမ်းပျက်ဝမ်းလျောရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သောက်သုံးရေကို စနစ်တကျကြိုချက်သောက်သုံးခြင်း၊ အစားအစာကို သန့်သန့်ရှင်းရှင်းချက်ပြုတ်ပြီး ပူပူနွေးနွေးစားသောက်ခြင်း၊ ယင်လုံအိမ်သာကိုစနစ်တကျဆောက်လုပ်သုံးစွဲခြင်း၊ အစာမစားခင်နဲ့ အိမ်သာတက်ပြီးတဲ့အချိန်တိုင်း လက်ကို ဆပ်ပြာနဲ့ စနစ်ကျဆေးကြောခြင်းတွေ ပြုလုပ်ဖို့ လိုအပ်ပါကြောင်း အသိပေးေဖာ်ပြလိုက်ပါတယ်။
Thiha