လက်ရှိ Cronavirus Outbreak ကာလအတွင်းမှာ လူတိုင်းရဲ့ နေ့စဉ်ဘဝအတွက် မဖြစ်မနေလိုအပ်ချက်လိုဖြစ်လာတဲ့အရာကိုပြပါဆိုရင်တော့ Face Mask တွေကို ပဲလက်ညှိုးထိုးပြရပါလိမ့်မယ်။ Virus ကူးစက်မှုကိုကာကွယ်နိုင်ဖို့ Mask ဝတ်ဆင်ရခြင်းဟာ နေ့စဉ်ဘဝရဲ့လိုအပ်ချက်တစ်ခုအဖြစ်နဲ့ လာမယ့်နှစ်အတော်ကြာကြာထိ ဆက်ရှိနေဦးမှာပါ။ အဲဒါကြောင့် အဝတ်အစားဒီဇိုင်းနဲ့လိုက်ဖက်တဲ့ Mask တွေဖန်တီးဖို့ဆိုတဲ့စိတ်ကူး က ဖက်ရှင်ဒီဇိုင်းနယ်ပယ်အတွက် Trend အသစ်တစ်ခုဖြစ်လာပါတယ်။

Face Mask တွေက Fashion Trend အသစ်တစ်ခုဖြစ်လာခြင်းနဲ့အတူ Fashion Designer တွေကလည်း ပွဲတက်ဝတ်စုံေတွနဲ့ ဆင်တူတွဲဖက်ဝတ်ဆင်လို့ရမယ့် Face Mask ဒီဇိုင်းကိုဖန်တီးလာကြပြီး အီတလီနိုင်ငံက Elexia Beachwear လုပ်ငန်းရှင်၊ ဒီဇိုင်နာ Tiziana Scaramuzzo ဖန်တီးလိုက်တဲ့ Bikini နဲ့ Face Mask အတွဲ Trikini ဆိုရင် ဒီလရဲ့သတင်းခေါင်းစီးအများစုမှာေတာင် နေရာယူနိုင်ခဲ့တာပါ။ အဲဒီဝတ်စုံဒီဇိုင်းကို အပျော်သေဘာမျိုးဖန်တီးခဲ့တာဖြစ်ေပမဲ့လည်း လူမှုကွန်ရက်ေပါ်တင်ပြီးချိန်မှာ အမှာစာေတွရခဲ့တယ်လို့လည်း ကေပြာပြခဲ့ပါတယ်။

အခုဆိုရင် အမေရိကန်နိုင်ငံက Room Shop Vintage ဖက်ရှင်လုပ်ငန်းက Mask နဲ့ Top Set ဆင်တူဝတ်စုံကို စတင်ေရာင်းချနေပါပြီ။ ဒီဇိုင်နာေတွကေတာ့ ဒီလိုနှစ်မျိုးတွဲဝတ်စုံဒီဇိုင်းဖန်တီးမှုအပြင် အဆင်အသွေးနဲ့ ဒီဇိုင်းပိုင်းအရ ဆန်းသစ်ထူးခြားတဲ့ Face Mask ဒီဇိုင်းဖန်တီးဖို့အတွက်ပါ ကြံစည်စိတ်ကူးနေပြီဖြစ်ပါတယ်။

ကိုယ်ဝတ်ဆင်မယ့်အဝတ်အစားနဲ့ Mask လိုက်ဖက်ညီ
မယ့် ၊နေ့စဉ်သွားလာလှုပ်ရှားမှုေတွအတွက် ဒီဇိုင်းဆန်းဆန်း Face Mask တစ်ခု ဒါမှမဟုတ် အလားတူအသုံးအေဆာင်တစ်ခုခုကိုဝတ်ဆင်ပြီးသွားလာ ကပ်ရောဂါကာကွယ်ရေးတိုက်ပွဲဝင်ဖို့အတွက်ချည်းမဟုတ်တော့ဘဲ နေ့စဉ်ဘဝလိုအပ်ချက်တစ်ခုလိုေတာင်ဖြစ်လာပြီလို့ ဆိုရမှာပါ။
Ref: BBC
Thiha