ဆေးသိပ္ပံပညာရှင်ေတွကေတာ့ Face Mask ဝတ်ဆင်ခြင်းဟာ လတ်တလော COVID-19 pandemic ကာလအတွင်း လူတိုင်း မဖြစ်မနေလိုက်နာလုပ်ေဆာင်ဖို့လိုတဲ့လုပ်ေဆာင်စရာတစ်ခုလို့ ေပြာဆိုထားကြပါတယ်။

Coronavirus ကူးစက်ခံရနိုင်ချေေလျာ့နည်းေစဖို့ Face Mask ဝတ်ဆင်ကြရာမှာ နည်းမှန်လမ်းမှန်နဲ့ ဝတ်ဆင်တတ်ဖို့က အရေးတကြီးသတိပြုသင့်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အများစုက Mask ကို အသုံးပြုပြီးတဲ့အခါ ချွတ်ပစ်ရမယ် ဆိုတာလောက်ပဲသိထားပြီး ဘယ်လို မျိုးစနစ်တကျချွတ်သင့်လဲ စွန့်ပစ်သင့်လဲဆိုတာတွေကို တိတိကျကျမသိထားကြပါဘူး။

လူအေတာ်များများအနေနဲ့ Mask ချွတ်တဲ့အခါလုပ်မိတတ်တဲ့အလွဲကေတာ့ Mask ကို ပြီးစလွယ်ကြုံရာနည်းနဲ့ချွတ်တတ်ခြင်း ပါပဲ။ တကယ်တော့ Face Mask ရဲ့အပြင်ဘက်ခြမ်းကို လက်နဲ့ ထိကိုင်ပြီးချွတ်ခိုကိတဲ့အပြုအမူက Virus ကူးစက်ခံရနိုင်ေချကို ပိုပြီးများသွားေစနိုင်တဲ့ တကယ့်အလွဲအမှားကြီးတစ်ခု ပါ။ Mask ရဲ့အပြင်ခြမ်းဟာ Virus တွေကပ်ငြိနေနိုင်တဲ့ေနရာဖြစ်တာေကြာင့် အဲဒီနေရာကို မထိကိုင်မိအောင် အမြဲသတိထားရမှာဖြစ်ပါတယ်။

လူတိုင်းအတွက် အန္တရာယ်ကင်းေစနိုင်မယ့် အသင့်တော်ဆုံး Mask ချွတ်နည်းကတော့ Mask ရဲ့ကြိုးတွေကေနကိုင်ပြီးချွတ်တဲ့နည်း ပါ။ တကယ်လို့ အမှတ်တမဲ့နဲ့ နည်းလမ်းမကျဖြစ်ခဲ့ရင်လည်း သိပ်မစိုးရိမ်သွားပါနဲ့။ ချက်ချင်း လက်ဆေးလိုက်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ (တစ်ခါသုံး) Mask အသုံးပြုသူတွေအနေနဲ့ Mask ကိုသုံးစွဲပြီးတဲ့အခါတိုင်း အမှိုက်ပုံးထဲ စနစ်တကျစွန့်ပစ်ဖို့သတိထားသင့်ပြီး Reusable Mask အသုံးပြုသူတွေကလည်း အသုံးပြုပြီးသား Mask တွေကို ဆပ်ပြာနဲ့လျှော်ဖွပ်သန့်စင်ပြီးမှ နောက်တစ်ကြိမ်ထပ်သုံးသင့်တာကိုသိထားသင့်ပါကြောင်းလည်း အသိပေးလိုက်ပါရစေ။
Ref: Best Life
Thiha