ခေါင်းစဉ်ကိုကြည့်တာနဲ့ Star Wars ပရိသတ်ဆိုရင် ဒီဆောင်းပါးကဘာအကြောင်းဖြစ်မယ်ဆိုတာခန့်မှန်းနိုင်မှာပါ။ မေလ ၄ရက်နေ့ဟာ နိုင်ငံတကာက Star Wars ပရိသတ်တွေသတ်မှတ်ထားတဲ့ International Star Wars Day ဖြစ်ပါတယ်။
Star Wars ရုပ်ရှင်တွေရဲ့နာမည်ကျော်စာသားဖြစ်တဲ့ May the Force be with you နဲ့အသံထွက်ဆင်တဲ့ May the 4th ကိုအမာခံပရိသတ်တွေကသတ်မှတ်ထားတာပါ။ ပုံမှန်ဆိုရင်တော့ ဒီလိုနေ့မျိုးမှာ Star Wars ဇာတ်ကောင်ပုံတွေအတိုင်း cosplay လုပ်ရင်းအပြင်မှာတွေ့ကြတာ၊ Star Wars ရုပ်ရှင်အမှတ်တရပစ္စည်းတွေရောင်းကြဝယ်ကြတာတွေလုပ်ကြပေမယ့် ဒီနှစ်မှာတော့အိမ်ထဲမှာပဲအောင်းပြီး ရုပ်ရှင်တွေ binge watch လုပ်တဲ့နည်းနဲ့ပဲ May the 4th ကိုကျင်းပလို့ရမှာပါ။
ဒီဆောင်းပါးမှာတော့ Star Wars franchise ရဲ့အတိတ်နဲ့အနာဂတ်အကြောင်းပြောပြချင်ပါတယ်။

Star Wars ရဲ့အတိတ်
အရင်ဆုံးအခုမှ Star Wars ရုပ်ရှင်တွေကိုစကြည့်မယ့်သူတွေအတွက် guide လုပ်ပေးချင်ပါတယ်။ ဒီ franchise ထဲမှာပါတဲ့ရုပ်ရှင်တွေကို ထွက်တဲ့နှစ်အတိုင်းမဟုတ်ဘဲ ဇာတ်လမ်းရဲ့ timeline အတိုင်းကြည့်မယ်ဆိုရင် Star Wars အကြောင်းပိုပြီးရေရေလည်လည်နားလည်နိုင်မှာပါ။ အောက်ပါအစီအစဉ်အတိုင်းကြည့်ပါ။
- Star Wars Episode I: The Phantom Menace (A New Hope မတိုင်မီ ၃၂နှစ်အလွန်)
- Star Wars Episode II: Attack of the Clones (၂၂နှစ်အလွန်)
- Star Wars Episode III: Revenge of the Sith (၁၉နှစ်အလွန်)
- Solo: A Star Wars Story (၁၀နှစ်အလွန်)
- Rogue One: A Star Wars Story (တနှစ်ခန့်အလွန်)
- Star Wars Episode IV: A New Hope
- Star Wars Episode V: The Empire Strikes Back (A New Hope အပြီး ၃နှစ်အကြာ)
- Star Wars Episode VI: Return of the Jedi (၄နှစ်အကြာ)
- Star Wars Episode VII: The Force Awakens (၃၄နှစ်အကြာ)
- Star Wars Episode VIII: The Last Jedi (၃၄နှစ်အကြာ)
- Star Wars Episode IX: The Rise of Skywalker (၃၅နှစ်အကြာ)

၁၉၇၇ ခုနှစ်မှာစတင်ထွက်ရှိခဲ့တဲ့ Star Wars ရဲ့ပထမဆုံးရုပ်ရှင်ကိုနောက်ပိုင်းမှာ Disney က Star Wars: A New Hope လို့နာမည်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ပစ္စုပန်၊ အတိတ်နဲ့ အနာဂတ်အကြောင်း ရုပ်ရှင် ၃ကားစီပါတဲ့ trilogy ၃ခုကိုပေါင်းပြီး Skywalker Saga လို့ခေါ်ပါတယ်။ သတိထားရမှာကဒီရုပ်ရှင်တွေကိုချိတ်ဆက်ပေးထားတဲ့ Rogue One နဲ့ Solo တို့ကို ဒီ saga ထဲမထည့်သွင်းဘူးဆိုတာပါပဲ။
Animation နဲ့ TV series ကဏ္ဍမှာကြည့်မယ်ဆိုရင်တော့ The Clone Wars animated ရုပ်ရှင်နဲ့ စီးရီးတွေဟာ Attack of the Clones နဲ့ Revenge of the Sith ကြားမှာဖြစ်ပျက်ခဲ့တာပါ။ ဒီနေ့မှာပဲ Clone Wars series ရဲ့နောက်ဆုံး episode ကို Disney+ ကထုတ်လွှင့်မှာဖြစ်ပါတယ်။ Star Wars စြက်ာဝဠာထဲက bounty hunter တွေအကြောင်းရိုက်ကူးထားတဲ့ The Mandalorian ကတော့ live action ဖြစ်ပြီး Return of the Jedi နဲ့ The Force Awakens ကြားမှာဇာတ်အိမ်တည်ထားတယ်။
(Disney+ channel ကမြန်မာနိုင်ငံမှာမရသေးပါဘူး။ ဒါကြောင့်ဒီရုပ်ရှင်တွေကိုကြည့်ချင်ရင် pirate site တွေပဲအားကိုးပါ။)

Star Wars ရဲ့အနာဂတ်
Star Wars ရုပ်ရှင်တွေဟာ Skywalker မျိုးဆက်အကြောင်းအဓိကဇာတ်အိမ်တည်ထားပေမယ့် စြက်ာဝဠာထဲမှာ Skywalker တွေလိုပဲစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကောင်တွေ အများကြီးရှိပါသေးတယ်။
ဥပမာတခုအနေနဲ့ပြောရရင် Mandalorian ကြေးစားမုဆိုးတွေအကြောင်းရိုက်ကူးထားတဲ့ live-action series The Mandalorian ကိုပရိသတ်အကြိုက်တွေ့ခဲ့ကြတယ်။ Boba Fett နဲ့ Jango Fett တို့သားအဖကနေအစပြုပြီး စြက်ာဝဠာထဲက ကြေးစားမုဆိုးနဲ့စစ်သည်တော်တွေအကြောင်း စိတ်ဝင်စားခဲ့ကြတာပါ။ အခုချိန်မှာတော့ The Mandalorian season 2 ကိုစီစဉ်နေပါပြီ။
နောက်ထပ်စိတ်ဝင်စားစရာဇာတ်ကောင်ကတော့ Obi-Wan ပဲဖြစ်ပါတယ်။ Anakin Skywalker ရဲ့လက်ဦးဆရာ Obi-Wan Kenobi ကိုအခြေခံထားတဲ့ဇာတ်လမ်းတွဲတခုကို Disney ကစီစဉ်နေကြောင်းသိရပြီး Obi-Wan အဖြစ် Ewan McGregor ကပဲပြန်သရုပ်ဆောင်မှာပါ။

အပိုင်း ၈ပိုင်းပါမယ့်ဒီဇာတ်လမ်းတွဲကို Deborah Chow ကစီမံမှာဖြစ်ပြီး Revenge of the Sith နဲ့ A New Hope ကြားမှာဇာတ်အိမ်တည်ထားပါတယ်။ Jedi Order ပြိုလဲသွားပြီးနောက် Tatooine ဂြိုဟ်ပေါ်မှာ Obi-Wan တယောက်ထွက်ပြေးပုန်းရှောင်နေတုန်း တွေ့ကြုံရတဲ့အဖြစ်အပျက်တွေအကြောင်းလို့အကြမ်းဖျဉ်းသိရပါတယ်။ Tatooine ဂြိုဟ်ပေါ်က Luke ရဲ့ကလေးဘဝကိုလည်းတွေ့ရနိုင်ချေရှိတယ်။ Tusken Raiders တွေနဲ့အားပြိုင်ရပုံတွေကိုလည်း မြင်ရနိုင်ပါတယ်။
Production ကို ၂၀၂၀မှာစတင်ဖို့စီစဉ်ထားပေမယ့် Covid-19 ကြောင့်နှောင့်နှေးမှုတွေရှိတဲ့အတွက်အစောဆုံး ၂၀၂၁ နှစ်ဆုံးပိုင်းလောက်မှာ Obi-Wan series ကိုကြည့်ရမယ်လို့တော့မျှော်လင့်ရပါတယ်။
ရုပ်ရှင်ပိုင်းမှာဆိုရင်တော့ Rogue One ထဲက intelligence officer Cassian Andor ကိုအခြေခံထားတဲ့ spin-off ရုပ်ရှင်ထွက်ဖို့ရှိပါတယ်။ သူ့ဇာတ်လမ်းကို Rogue One မတိုင်ခင် ၅နှစ်အလွန်မှာဇာတ်အိမ်တည်ထားပါတယ်။
