Facebook ကတော့ Zoom နဲ့ Houseparty တို့လို နာမည်ကြီး Video-conferencing service တွေကိုယှဉ်ပြိုင်ဖို့အတွက် သူတို့ရဲ့ Video-conferencing service အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။ လက်ရှိမှာေတာ့ ဒီ Service ကို U.S., Mexico နဲ့ Canada နိုင်ငံတွေမှာပဲသုံးနိုင်သေးပြီး လာမယ့်သီတင်းပတ်ေလာက်မှ ကျန်ရှိနေတဲ့တခြားနိုင်ငံေတွအတွက် ထုတ်ပေးသွားမှာပါ။

လက်ရှိ အားလုံးကြုံတွေ့နေရတဲ့ Coronavirus Pandemic ကာလအတွင်း စည်းေဝး တွေ့ဆုံ ပြောဆို ဆက်သွယ်မှုေတွနဲ့ပတ်သက်ပြီးကန့်သတ်ချက်ရှိလာခဲ့မှုက Video Conferencing Service တွေကိုအသုံးပြုမှုနှုန်းကို ထူးထူးခြားခြားကို မြင့်တက်လာေစခဲ့တာပါ။ အခု Facebook က ဖန်တီးမိတ်ဆက်လိုက်တဲ့ Messenger Room ဟာ အသုံးပြုချိန်အကန့်အသတ်မသတ်မှတ်ထားသလို Video Conference တစ်ခုအတွင်း လူဦးရေ ၅၀ ထိပါဝင်ခွင့်ေပးထားတဲ့အတွက် Zoom နဲ့ Houseparty တို့လို့ နာမည်ရှိပြီး Service ေတွကို အခက်တွေ့ လာစေမှာပါ။
Messenger Room တစ်ခုကိုဖန်တီးဖို့အတွက် ဖန်တီးလိုသူဆီမှာ Facebook Account တစ်ခုရှိထားဖို့လိုပြီး ချိတ်ဆက်ပါဝင်သူတွေအနေနဲ့ကေတာ့ Facebook Account မရှိရင်တောင် ကနေတစ်ဆင့် ပါဝင်နိုင်မှာဖြစ်ပါတယ်။
Messenger Room တစ်ခုဖန်တီးဖို့အတွက်
- Facebook မှာ Logged in လုပ်ထားတဲ့ user တိုင်းဟာ Rooms section ကို status bar ရဲ့အောက်ဘက်မှာတွေ့ရမှာ
- Create to start ကိုနှိပ်ပြီးရင် ဒါမှမဟုတ် ရှိနေတဲ့ Room video call တစ်ခုမှာသွားရောက်ချိတ်ဆက်ပါဝင်ပြီးရင် Room ကိုစအသုံးပြုနိုင်ပါပြီ
- Room ရဲ့ Purpose ကိုဖော်ပြဖို့အတွက်ကတော့ ကိုယ့်ဘာသာရွေးချယ်သတ်မှတ်နိုင်ရသလို Facebook က သတ်မှတ်ပေးထားတဲ့ “Happy Hour” or “Here All Day.” တို့ထဲကတစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။
- Room ကို public /private သတ်မှတ်ဖို့အတွက် Who is Invited section ထဲမှာ ပြုလုပ်နိုင်ပါတယ်။ Invite all your friends ကိုနှိပ်လိုက်ရင် ဖိတ်ခေါ်ခံရသူအားလုံးရဲ့ Facebook Homepage ရဲ့အပေါ်ဘက်နားမှာ Room Notification လေးပေါ်ေနမှာပါ။ Invite Specific Friends ဆိုတဲ့ button ကတော့ Room ကိုမြင်တွေ့ခွင့်ရှိတဲ့ Friend တွေကိုရွေးချယ်ဖို့ဖြစ်ပါတယ်။ Facebook Groups or Event တွေထဲမှာဆိုရင်တော့ Room ကို Group member တွေပါဝင်ချိတ်ဆက်ဖို့ Option ေပးထားတဲ့ Post တစ်ခုပုံစံမျိုးနဲ့ တွေ့ရပါလိမ့်မယ်။

Messenger Rooms ကို Facebook Messenger appမှာသုံးမယ်ဆိုရင်
- Facebook Messenger ကိုဖွင့်ပြီးရင် အောက်ခြေညာဘက်ေထာင့်ေနရာက People tab ကိုနှိပ်ပါ။ ပြီးရင် Create a Room ကို နှိပ်ရမှာဖြစ်ပါတယ်။
ကိုယ်ဖန်တီးထားတဲ့ Room မှာ ကိုယ်ချိတ်ဆက်ပါဝင်ေစချင်သူေတွဆီဖိတ်ခေါ်မှုေပးပို့ဖို့အတွက် Share Link Button ကိုသုံးမှာပါ။ ဘယ်လို Device အမျိုးအစားနဲ့မဆို Room မှာပါဝင်ချိတ်ဆက်နိုင်မှာဖြစ်ပြီး Facebook Account မရှိသူတွေအနေနဲ့လည်း လက်ခံရရှိတဲ့ share link ကိုနှိပ်ရုံနဲ့ ချိတ်ဆက်ပါဝင်နိုင်မှာဖြစ်ပါတယ်။

Video Confrence တစ်ခုပြုလုပ်နေစဉ် လူသစ်ချိတ်ဆက်ပါဝင်မှုနဲ့ပတ်သက်သမျှကို Conference ဖန်တီးသူတစ်ဦးတည်းကပဲ ထိန်းချုပ်သတ်မှတ်ခွင့်ရှိမယ့် Feature ပါဝင်မှုကေတာ့ လုံခြုံရေးပိုင်းပြဿနာေတွကြားနစ်နေတဲ့ Zoom အတွက်အရှိုက်ထိေစတဲ့ Feature ဖြစ်လာနိုင်ပါတယ်။ Room တစ်ခုဟာ Facebook ရဲ့ community standard တွေကို ချိုးေဖာက်ေနတယ်လို့ေတွ့လာရင် ဘယ်သူမဆို Facebookဆီ ချက်ချင်း report တင်နိုင်ပြီး Room ထဲက Video or Audio ဆက်သွယ်မှုအချက်အလက်ပေါက်ကြားမှုဆိုတာမျိုး ရှိလာနိုင်မှာမဟုတ်သလို ကြော်ငြာကိစ္စတွေအတွက်အသုံးချသွားမှာမဟုတ်ေကြာင်းလည်း Facebook ကကြေညာထားပါတယ်။
Ref: Forbes
Thiha