A protester carries the carries a U.S. flag upside, a sign of distress, next to a burning building Thursday, May 28, 2020, in Minneapolis. Protests over the death of George Floyd, a black man who died in police custody Monday, broke out in Minneapolis for a third straight night. (AP Photo/Julio Cortez)
Advertisement

အမေရိကန်နိုင်ငံ၊ မင်နီယာနာပူးလစ်မြို့မှာ ရဲတပ်ဖွဲ့ဝင် တစ်‌ယောက်က George Floyd လို့ခေါ်တဲ့ လူမည်းအမျိုးသားတဦးကိုဖမ်းဆီးစဉ် လည်ပင်းကို ဒူးနဲ့ဖိထားရာက အမျိုးသားဟာ အသက်ရှူမရပဲ သေဆုံးသွားခဲ့ပါတယ်။

အဲဒီ ရုပ်သံဖိုင် online မှာ ပျံ့နှံ့လာခဲ့ပြီးတဲ့နောက် သမ္မတ‌ေဒါ်နယ်ထရမ့်ပ် က ရဲတွေကို အလုပ်ဖြုတ်ပစ်ကာ စုံစမ်းစစ်ဆေးဖို့ စီစဉ်နေတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာဖြစ်ပွားခဲ့တဲ့ မင်နီယာနာပူးလစ်မြို့နေ လူမည်းတွေရဲ့ဒေါသကထိန်းမရတော့ပဲ မြို့တွင်းမှာအကြီးအကျယ်ဆန္ဒပြခဲ့ကြသလို ဖျက်ဆီးမှုတွေလည်း တညလုံးနီးပါး ပြုလုပ်ခဲ့ကြပါတယ်။ ရဲတွေလည်း မထိန်းနိုင်တော့တာကြောင့် မြို့ဟာ တညလုံး မီးဟုန်းဟုန်းတောက်နေခဲ့ပါတယ်။

ဆန္ဒပြအကြမ်းဖက်မှုတွေဟာ ဒုတိယညမှာ ပိုဆိုးလာခဲ့ပြီး လူဖြူတွေကပါ လူမဲတွေနဲ့ အတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အမှတ် ၃ ရဲစခန်းကို ဝင်စီးနင်းပြီး မီးရှို့လိုက်ကြလို့ ရဲတွေက စခန်းကိုစွန့်ခွာပြီး ထွက်ပြေးသွားကြပြီလို့ သိရပါတယ်။

သတင်းတွေအရ ဒီဆန္ဒပြပွဲတွေဟာ အရင်ဖြစ်စဉ်တွေထက် အများကြီးပိုပြင်းထန်တယ်လို့ဆိုထားပါတယ်။ ဆန္ဒပြသူတွေဟာ ရဲစခန်းခေါင်မိုးပေါ်ကနေ မီးရှူးမီးပန်းတွေလဲ ပစ်လွှတ်ခဲ့ကြပြီး ဒါကို Social Media ပေါ်မှာ ပုံတွေ Video တွေ တင်ခဲ့ကြပါတယ်။ ပြည်နယ်အစိုးရကတော့ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့တွေကို စေလွှတ်ဖို့ အကူအညီတောင်းခံထားပါပြီ။

ဆန္ဒပြသူတွေက No Justice, No Peace ( တရားမျှတမှုမရှိရင် ငြိမ်းချမ်းရေးလဲ မရှိနိုင်) လို့ကြွေးကြော်ရင်း နိုင်ငံတလွှားကအခြားမြို့တွေသာမက COVID အကြီးအကျယ်ဖြစ်ပွားနေတဲ့ New York မှာပါ ဆန္ဒပြ‌ေနကြတာဖြစ်ပါတယ်။

Ref: CNN, NayThway’s FB

Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here