COVID-19 Pandemic ကြောင့် ခဏပိတ်ထားခဲ့ရတဲ့ Public Place တွေနဲ့ လုပ်ငန်းခွင်တချို့ကေတာ့ အခုပြန်ဖွင့်လှစ်လာကြပါပြီ။ ဒီလိုပြန်ဖွင့်လာပြီဆိုပေမဲ့လည်း အခြေအနေတွေက အရင်ကလိုမဟုတ်ေတာ့တဲ့အတွက် လုံခြုံစိတ်ချရတဲ့အခြေအနေမျိုးလို့ တစ်ထစ်ချ ယူဆလိုက်လို့မရနိုင်ေသးပါဘူး။ Quarantine ကာလပြီးဆုံးလို့ ပုံမှန်အတိုင်း ပြန်လည်ပတ်လှုပ်ရှားနေတဲ့နိုင်ငံေတွမှာေတာင် ၊Covid-19 ရဲ့ Second Wave အန္တရာယ်မကြုံရစေဖို့ သက်ဆိုက်ရာကထုတ်ပြန်ထားတဲ့သတိပေးလမ်းညွှန်ချက်တွေအတိုင်း ဆက်လိုက်နာေနကြရဆဲဖြစ်ပါတယ်။ Reopening ကာလအတွင်း ဘယ်လိုအပြုအမူမျိုးတွေကို မလုပ်မိေအာင်သတိထားရမလဲ ဆိုတာကို စာဖတ်သူတွေသိရှိထားနိုင်ဖို့ မျှဝေေပးလိုက်ရပါတယ်။
(လက်ဆွဲနှုတ်ဆက်ခြင်း)

ရောဂါပိုးကူးစက်မှုဖြစ်ေစနိုင်တဲ့ လက်ဆွဲနှုတ်ဆက်ခြင်းအလေ့အထကို Coronavirus ကူးစက်မှုရှိလာခဲ့ချိန်ကစလို့ လက်ရှိအထိတားမြစ်ကန့်သတ်ထားပါေသးတယ်။ ဘာမှစိတ်မချရသေးတဲ့အခုအချိန်မှာ ဒီအလေ့အထကို ပြန်ကျင့်သုံးမယ်ဆိုရင် အန္တရာယ်ရှိ
နိုင်တာက အသေအချာပါ။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ customer ေတွအတွက် Sanitization Station တွေစီစဉ်ထားရှိေပးတာမျိုးလုပ်ဆောင်ဖို့ကလည်း မဖြစ်မနေလိုအပ်ေနပါတယ်။
(အပေါင်းအသင်းေတွပြန်ဆုံေတွ့ခြင်း)

Washington State မှာတော့ Coronavirus Party တွေကျင်းပပြီးစုေဝးခဲ့သူေတွဟာ ပါတီေတွအပြီးမကြာခင်မှာပဲ virus ကူးစက်ခံရတဲ့ေဝဒနာခံစားလာခဲ့ကြရတယ်လို့ New York Times ကဖော်ပြခဲ့ပါတယ်။ လက်ရှိကတော့ လူစုလူဝေးတွေနဲ့ ဝေးနိုင်သမျှဝေးဝေးေနခြင်း ကသာ လူတိုင်းအတွက်အန္တရာယ်အကင်းေစနိုင်ဆုံးနည်းလမ်းပါ။
(Social Distancing အလေ့အထကိုမေ့ေလျာ့သွားခြင်း)

Public place တွေကိုလည်း ပြန်ဖွင့်ေပးလာတဲ့ဒီလိုအချိန်မှာ လူေတွက ocial distancing guideline နဲ့ပတ်သက်လို့ ပေါ့ဆ မေ့လျော့သွားတာမျိုးကလည်း ရှိလာနိုင်ပါတယ်။ အိမ်အပြင်ဘက်က ဘယ်လိုနေရာမျိုးကိုပဲသွားသွား တခြားသူတွေနဲ့ 6 ပေခွာပြီးနေရမယ် ဆိုတဲ့အချက်ကို အမြဲသတိရေနဖို့လိုပါတယ်။
(လုပ်ငန်းခွင်ထဲမှာ အရင်လိုလူပြန်စုံလာခြင်း)

ပြန်ဖွင့်ေတာ့မယ့်လုပ်ငန်းေတွအေနနဲ့ reopening ကာလမှာ သတိပေးလမ်းညွှန်ချက်ေတွအတိုင်း လိုက်နာလုပ်ေဆာင်ကြဖို့ အာဏာပိုင်တွေက အထူးသတိပေးထားပါတယ်။ ဝန်ထမ်းတွေကို လုပ်ငန်းခွင်ဆီပြန်ခေါ်ဖို့အချိန်သတ်မှတ်မှုကလည်း သေသေချာချာတွက်ဆရမယ့်ကိစ္စပါ။ အဆိုင်းခွဲဆင်းစေတာ၊ မဖြစ်မနေရုံးလာဖို့မလိုတဲ့ဝန်ထမ်းတွေကို WFH စနစ်နဲ့ပဲဆက်လုပ်စေတာ စတဲ့အစီအစဉ်တွေနဲ့လည်ပတ်လုပ်ကိုင်တာမျိုးက သင့်တော်နိုင်တဲ့နည်းလမ်းပ။
(သတိပေးလမ်းညွှန်ချက်တွေကို လျစ်လျူရှုထားလိုက်ခြင်း)

အခြေအနေ နည်းနည်းတည်ငြိမ်လာလို့ အိမ်ထဲကအိမ်ပြင်ထွက်ခွင့်ပြန်ရချိန်မှာ လူအများစုလုပ်မိနိုင်တဲ့ နောက်ထပ်အမှားတစ်ခုကတော့ ကိုယ်လိုက်နာရမယ့်အသိပေးလမ်းညွှန်ချက်တွေကို မေ့မေ့လျော့လျော့ထားလိုက်ခြင်းပါပဲ။ အန္တရာယ်တွေဝန်းရံနေတဲ့အခြေအနေတစ်ခုမှာ ကိုယ့်အတွက်အန္တရာယ်ကင်းေနစေချင်ရင်တော့ ကျွမ်းကျင်သူတွေရဲ့ညွှန်ကြားမှုတွေကို လိုက်နာရမှာပါ။ public place တွေကို တစ်ေယာက်တည်းသွားရတဲ့အခါ မိသားစု မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်ရှိေနတာ၊ ရောက်သမျှေနရာတိုင်းမှာ သတိရှိရှိနေတာ၊ ကိုယ်ရင်းနှီးကျွမ်းဝင်နေတဲ့ေနရာမျိုးမှာပဲ စုစည်းဆုံတွေ့မှုပြုလုပ်တာ၊ ကိုယ်က ဘယ်နေရာမှာရှိမယ်၊ ဘယ်သူနဲ့ရှိနေမယ်ဆိုတာေတွကို ရင်းနှီးသူတစ်ယောက်ဆီ အမြဲကြိုအသိပေးတာ စတဲ့အချက်တွေကိုလည်း ကိုယ့်ရဲ့လုံခြုံရေးအတွက် လုပ်ေဆာင်သင့်ပါတယ်။
(Virus အန္တရာယ်မနိုင်ရှိေတာ့ဘူးလို့ယူဆလိုက်ခြင်း)

ရုံးကကိုယ့်အလုပ်စားပွဲမှာပြန်ထိုင်ခွင့်ရတာ၊ Hair Salon မှာဆံပင်သွားညှပ်ခွင့်ပြန်ရလာတာေတွလောက်နဲ့ COVID-19 ကူးစက်မှုပျောက်ပြီလို့ ယူဆသူတွေရှိနေပါတယ်။ အဲဒါက လုံးဝကို လွဲမှားတဲ့ကိစ္စပါ။ ဒီလိုထင်မြင်ယူဆချက်ရှိသူတွေများလာခဲ့မယ်သာဆို အန္တရာယ်အကြီးအကျယ်ရှိလာပါလိမ့်မယ်။ ဒါကြောင့် reopeningကာလမှာလည်း ဒီ Pandemic အတွက် ထုတ်ပြန်ထားတဲ့အသိပေးလမ်းညွှနမှုတွေအတိုင်းပဲ ဆက်ပြီးလိုက်နာနေထိုင်သင့်ပါတယ်။
Ref: Bestlife
Thiha