Advertisement

ကမ္ဘာကျော်ဖိနပ်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Nike ဟာ အထူးဒီဇိုင်းထုတ်ဖန်တီးထားတဲ့ ရှုးဖိနပ်အရံ 30,000 ကို အမေရိကန်နိုင်ငံတဝှမ်းမှာရှိတဲ့ဆေးရုံတွေက ကျန်းမာရေးဝန်ထမ်းတွေအတွက်လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

Nike က အခုလှူဒါန်းလိုက်တဲ့ဖိနပ်‌တွေက နေ့စဉ်ဘဝရဲ့ သူရဲကောင်း‌တွေလို့ဆိုနိုင်တဲ့ ကျန်းမာရေးလုပ်သားတွေအတွက်ရည်ရွယ်ဖန်တီးထားတဲ့ The Air Zoom Pulse အမျိုးအစားဖိနပ်တွေပါ။ အချိန်ကြာရှည်မတ်တပ်ရပ်အလုပ်လုပ်ရတဲ့အခါ အဆင်ပြေပြေ သက်တောင့်သက်သာဖြစ်‌‌နေ‌အောင်ဖန်တီးထားတဲ့ဖိနပ်အမျိုးအစားလည်းဖြစ်ပါတယ်။

Chicago, Los Angeles, Memphis, New York City နဲ့ Veterans Health Administration တွေက ကျန်းမာရေးလုပ်သားတွေဆီ လှူဒါန်းထားတဲ့ဖိနပ်တွေကို Nike နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အလှူပစ္စည်းဝေငှရေးပရဟိတအဖွဲ့ Good360 ကတစ်ဆင့် ပေးပို့သွားမှာဖြစ်ပြီး Barcelona, Berlin, London, Milan, Paris အပါအဝင် ဥရောပတလွှားကဆေးရုံတွေအတွက်ကိုတော့ အရံ 2,500 စီ လှူဒါန်းပေးဖို့ရှိပါတယ်။

Healthcare Worker တွေအနေနဲ့ coronavirus တိုက်ဖျက်ရေးမှာ အကာအကွယ်ပစ္စည်းကိရိယာမစုံမလင်နဲ့ ကိုယ့်ကိုထိခိုက်‌လာနိုင်မှုကို‌တောင်အမှုမထားဘဲ လူနာတွေကို စောင့်ရှောက်ကုသပေးနေကြရတဲ့အတွက် Nike က အခုလိုမျိုး ပါဝင်ကူညီပေးတာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေအတွက် အကာအကွယ်ပစ္စည်း‌တွေဖြစ်တဲ့ full-face shield တွေနဲ့ powered, air-purifying respirator (PAPR) lens တွေကိုလည်း ဖန်တီးလှူဒါန်းသွားဦးမယ်လို့ Nike က ကြေညာခဲ့ပြီး Nike နဲ့ Nike Foundation တို့ကသုံးစွဲထားတဲ့ Covid-19 relief fund စုစုပေါင်းကတော့ $25 million ထိရှိထားပါပြီ။

Ref: CNN Business
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here