Advertisement

Coronavirus ရဲ့ဆဲလ်အကြောင်းလေ့လာနေတဲ့ တရုတ်လူမျိုး အမေရိကန်နိုင်ငံသားဆေးသိပ္ပံပညာရှင်တစ်ဦး အမေရိကန်နိုင်ငံမှာ လုပ်ကြံသတ်ဖြတ်ခံရကြောင်း CNN သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

Pittsburgh တက္ကသိုလ်က Bing Liu လို့အမည်ရတဲ့ သုတေသနလက်ထောက်ပါမောက္ခကို သူ့ရဲ့နေအိမ်အတွင်းမှယ ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ်နဲ့ ခြေ လက်သေနတ်ဒဏ်ရာ‌တွေနဲ့သေဆုံး‌နေကြောင်း ပြီးခဲ့တဲ့စနေနေ့မှာ Ross ရဲတပ်ဖွဲ့ဝင်‌တွေက တွေ့ရှိခဲ့ကြတာပါ။

စုံစမ်းစစ်ဆေးသူတွေက Liu ကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ယူဆရတဲ့အမည်မသိလူတစ်ဦးကိုလည်း ကားတစ်စီးထဲမှာ သူ့ကိုယ်သူ‌သေနတ်နဲ့ပစ်သတ်ပြီးသေဆုံးနေတာ‌တွေ့ရကြောင်းထုတ်ဖော်ပြောဆိုထားကာ သူတို့နှစ်ဦးဟာအချင်းချင်းသိကျွမ်းထားပုံရပြီး ဒီလိုသတ်ပစ်တာက Liu ရဲ့ တရုတ်လူမျိုးဖြစ်နေခြင်းနဲ့တော့ မသက်ဆိုင်ကြောင်း စုံထောက် Brian Kohlhepp က ပြောပါတယ်။

Pittsburgh တက္ကသိုလ်ရဲ့ တွက်ချက်မှုနဲ့ နည်းစနစ်ပိုင်းဇီဝဗေဒဌာနမှာရှိတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်တွေကတော့ Bing ဟာ SARS-CoV-2 ကူးစက်မှုနဲ့ပတ်သက်တဲ့ ဆဲလ်အပြုအမူတွေကိုနားလည်နိုင်‌စေမယ့် အရေးကြီးစူးစမ်းမှုတွေကို တွက်ချက်‌‌ဆောင်ရွက်ပေးခဲ့သူဖြစ်‌ကြောင်း ပြောဆိုခဲ့ကြပါတယ်။

လူကဖန်တီးထားတဲ့ဗိုင်းရပ်စ်လား သဘာဝအလျောက်ဖြစ်ပေါ်ကူးစက်ပျံ့နှံ့လာတာလား ဆိုတာကို သို့လော သို့လောဖြစ်‌နေကြချိန်မှာ အခုလိုမျိုး အမေရိကန်နိုင်ငံသား ဆေးပညာရှင်တစ်ယောက်သတ်ဖြတ်ခံရမှုက ဘယ်လိုနောက်ဆက်တွဲအ‌ဖြစ်အပျက်တွေရှိလာစေမလဲဆိုတာကို‌တော့ အတော်များများက စိတ်ဝင်စားနေကြပါပြီ။

Ref: CNN
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here