ခြင်္သေ့လေး Simba ပါဝင်တဲ့ The Lion King ကာတွန်းရုပ်ရှင်ထွက်ရှိခဲ့ပြီးတာဟာ အခု ၂၀၂၀ ခုနှစ်ဆိုရင်၂၆ နှစ်ပြည့်မြောက်သွားခဲ့ပါပြီ။ ၂၀၁၉ ခုနှစ်ထဲမှာ Version အသစ်နဲ့ထပ်ထွက်လာခဲ့တဲ့ရုပ်ရှင်ကိုလည်း ကြည့်ခဲ့ကြရမှာပါ ဒါပေမဲ့ Version အသစ်ကို လူကြိုက်မများခဲ့ပါဘူး။ ဒါကလည်း ပရိသတ်တွေရင်ထဲမှာ Original Version ကိုသာနှစ်သက်စွဲလန်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် The Lion King Original Version နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအချက်အလက်တချို့ကို ဒီနေ့အတွက်ဖတ်စရာအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

ခြင်္သေ့ကြီး Scar ရဲ့မျက်နှာပေါ်က အမာရွတ်ဟာ Scarface ရုပ်ရှင်ထဲကဇာတ်ေကာင် Tony Montana (Al Pacino သရုပ်ဆောင်ထား) ရဲ့မျက်နှာပေါ်ကအမာရွတ်နဲ့ အတော်လေးဆင်တူပါတယ်။ဖန်တီးသူတွေ ကနဦးရွေးချယ်ခဲ့ကြတဲ့ ရုပ်ရှင်ရဲ့အမည်တွေက King of the Kalahari, King of the Beasts နဲ့ King of the Jungle စတာတွေဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ခြင်္သေ့တွေက တောအုပ်ထဲမှာမနေဘူးလို့သိလာရတဲ့အတွက် The Lion King လို့ပဲ နာမည်ပေးခဲ့ကြတာပါ။

ဒါရိုက်တာ George Scribner ဟာ ဒီရုပ်ရှင်ကို တာဝန်ယူရိုက်ကူးဖို့ အတော်လေးနီးစပ်ခဲ့ပြီး စစချင်း သူစီစဉ်ခဲ့တာက Animated Documentary ရုပ်ရှင်ပုံစံရိုက်ကူးဖို့ပါ။ ဒါပေမဲ့ Musical Film ပုံစံရိုက်ကူးလိုသူတွေများလာတဲ့အခါမှာတော့ Scribner ဟာအဖွဲ့ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

တကယ်တမ်းမရိုက်ကူးခင်မှာ ရုပ်ရှင်ရဲ့ဇာတ်ညွှန်းကို ပြန်ပြင်ရေးခဲ့ပါတယ်။ မူရင်းဇာတ်လမ်းက Lions နဲ့ Baboons တွေအကြား စစ်ပွဲတွေဖြစ်ကြတဲ့ပုံစံမျိုးပါ။ ဇာတ်လမ်းဖန်တီးသူတွေဟာ Timon နဲ့ Pumbaa တို့ကို Simba ရဲ့ငယ်ပေါင်းကြီးဖော်တွေအဖြစ်ဖန်တီးထားပြီး Simba ကိုလည်း ပျင်းရိပြီး ကိုးရိုးကားရားနိုင်တဲ့ပုံစံမျိုးဖန်တီးထားခဲ့တာဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ Shakespeare ဖန်တီးတဲ့ Hamlet နဲ့ Biblical ပြဇာတ်တွေရဲ့အငွေ့အသက်တွေလွှမ်းနေပါတယ်။Scar ကဦးခေါင်းခွံတစ်ခုကိုကစားနေတဲ့ဇာတ်ဝင်ခန်းဆိုရင် Prince of Denmark ပြဇာတ်ထဲက ဇာတ်ကွက်အတိုင်းပါပဲ။

The Lion King ရုပ်ရှင်ကို အောင်မြင်မှုရလိမ့်မယ်လို့ ဘယ်သူမှမထင်ခဲ့ကြပါဘူး။ Secondary Project အဆင့်မှာသာရှိခဲ့ပြီး လူတိုင်းက Pocahontas ရုပ်ရှင်အတွက်ပဲ ပိုအာရုံထားနေခဲ့ကြတာပါ။ တကယ်တမ်းရုံတင်ပြသတဲ့အချိန်မှာတော့ The Lion King ဟာ သမိုင်းတစ်လျှောက်အအောင်မြင်ဆုံး Animated Film ဖြစ်လာခဲ့သလို box office ဝင်ငွေအရလည်း Pocahontas ရုပ်ရှင်ရဲ့ ဝင်ငွေ $346 million ကိုကျော်လွန်ပြီး $968 million ထိရရှိခဲ့ပါတယ်။
မူလကထည့်ရိုက်ကူးဖို့စီစဉ်ထားတဲ့ဇာတ်ကောင်အားလုံးဟာ တကယ့်ရုပ်ရှင်ထွက်လာချိန်မှာ အတိအကျမပါဝင်ခဲ့ပါဘူး။ မပါဝင်လာတဲ့ဇာတ်ကောင်တွေက Mheetu (Nala’s Brother), Bhati (the wise fox), Iggy (the lizard) နဲ့ Tesma (the meerkat) ဆိုတဲ့ဇာတ်ကောင်တွေဖြစ်ပါတယ်။

ရုပ်ရှင်ထဲက Character တွေရဲ့ နာမည်တွေမှာ (အာဖရိကန်ဒေသိယဘာသာစကား) အဓိပ္ပာယ်တွေ ရှိနေပါတယ်။ Simba က “ခြင်္သေ့” Rafiki က “မိတ်ဆွေ” Pumbaa က “အရူး” Banzai က “ပုန်းရှောင်ခြင်း” Shenzi က “ခက်ထန်ကြမ်းကြုတ်မှု” လို့အဓိပ္ပာယ်ရပြီး Mufasa ဆိုတဲ့နာမည်ကတော့ British colonization မတိုင်ခင်အုပ်ချုပ်ခဲ့တဲ့ Kenya နောက်ဆုံးဘုရင်ရဲ့အမည်ပါ။

Animator တွေဟာ Africa ဒေသရင်းအပင်နဲ့ သတ္တဝါတွေရဲ့ သွင်ပြင်နဲ့သလဘာသဘာဝကို တိတိကျကျသိရဖို့အတွက် Kenya နိုင်ငံ ကိုလေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး “Hakuna-matata” ဆိုတဲ့စကားကို Africa မှာ ကြားဖူးလာခဲ့တာဖြစ်ပါတယ်။
ရုပ်ရှင်ထဲမှာပါတဲ့ Rock of the ancestor ကို သေချာကြည့်မယ်ဆို တောရိုင်းတိရိစ္ဆာန်ကြီးတစ်ကောင် (မိချောင်း/ ခြင်္သေ့/ ဝက်ဝံ) ကောင်းကင်ကိုမော့ပြီးပါးစပ်ဟထားပုံနဲ့ တူနေတာကိုတွေ့ရမှာပါ။

အမှန်တကယ်တော့ Mufasa နဲ့ Scar တို့ဟာ တကယ့်ညီအစ်ကိုတွေမဟုတ်ကြပါဘူး။ ဇာတ်လမ်းဖန်တီးသူတွေဟာ သူတို့ကို ခြင်္သေ့အုပ်ထဲက အပြိုင်အဆိုင်ခြင်္သေ့နှစ်ကောင်အဖြစ်သာ ဖန်တီးခဲ့တာပါ။ အဲဒီအချက်ကို ရုပ်ရှင်ထွက်ရှိပြီးတဲ့နောက် ၂၃ နှစ်အကြာမှပဲ Director နဲ့ Producer တို့က ထုတ်ပြောပြခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင်ထဲမှာ Timon နဲ့ Pumbaa တို့သီဆိုတဲ့သီချင်းရဲ့အေကြာင်းအရာက မူလကတော့ ပိုးကောင်ေတွကိုရှာစားကြတဲ့အကြောင်း ပါ။ ရုပ်ရှင်ဖန်တီးသူတွေဟာ အာဖရိကကနေ သူတို့ကြားဖူးလာခဲ့တဲ့ “Hakuna-matata” စာသားကိုသတိရပြီး သီချင်းအကြောင်းအရာကို အသစ်ပြောင်းပစ်လိုက်ကြတာဖြစ်ပါတယ်။

Ref: Brightside, Wiki
Thiha