ကမ္ဘာ့ေနရာေဒသတချို့က ဆင်းရဲ-ချမ်းသာကွာဟမှုနှုန်းများပြားလာမှု၊ အစားအစာငတ်မွတ်ခြင်းအတိဒုက္ခေတွများလာမှုသတင်းေတွကို မကြာခဏဆိုသလို ကျွန်ေတာ်တို့ဖတ်ဖူးကြပါတယ်။ အဲဒါေတွရဲ့တခြားတစ်ဘက်မှကာေတာ့ အလွန်အမင်းကြွယ်ဝချမ်းသာေနကြတဲ့ ဒီနေ့ခေတ် မီလျံနာ၊ ဘီလျံနာနဲ့ ထရီလျံနာများစွာကို လူေတွကအားကျငေးမောနေေကြာင်းေတွ့ရမှာပါ။
အခုဖော်ပြပေးလိုက်တာက သမိုင်းမှာ ထာဝရအချမ်းသာဆုံးပုဂ္ဂိုလ်ေတွအဖြစ်သတ်မှတ်ခြင်းခံထားရသူ (၁၀) ဦးရဲ့အကြောင်းဖြစ်ပါတယ်။ ဘယ်သူတွေများဖြစ်နေမလဲ သိရအောင်ဖတ်ကြည့်လိုက်ပါဦး…။
10. Genghis Khan

မွန်ဂိုအင်ပါယာရဲ့အရှင်သခင်အဖြစ်သိကြတဲ့ စစ်ဘုရင် Genghis Khan (1162-1227) က ဥစ္စာဓနကြွယ်ဝသူ လူချမ်းသားတစ်ဦးပါ။ ဒါပေမဲ့ သူက ပစ္စည်းဥစ္စာေတွကိုစုဆောင်းသိုမှီးထားတတ်သူမျိုးတော့မဟုတ်ပါဘူး။
9. Jeff Bezos

၂၀၁၄ ခုနှစ်က Microsoft သူဌေးကြီး Bill Gates ရယူထားခဲ့ဖူးတဲ့ ကမ္ဘာ့ ၉ ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်နေရာက လက်ရှိမှာတော့ Jeff Bezos အတွက်ဖြစ်သွားခဲ့ပါပြီ။ Amazon လုပ်ငန်းစုကိုတည်ထောင်သူ၊ အမေရိကန်လူမျိုးစက်မှုလုပ်ငန်းရှင် Bezos ရဲ့ အသားတင်ပိုင်ဆိုင်ကြွယ်ဝမှုပက $147.4 ဘီလျံထိရှိပါတယ်။
8. Alan Rufus (a.k.a. Alan the Red)

1st Lord of Richmond လို့သိကြတဲ့Alan Rufus က Normandy မြို့စား William II ရဲ့တူ ဖြစ်သလို ရဲဖော်ရဲဖက်ကောင်းတစ်ဦးလည်းဖြစ်ပါတယ်။ Rufus ကွယ်လွန်သွားခဲ့ချိန်မှာ သူပိုင်ဆိုင်ထားတဲ့ေငွကြေးဥစ္စာအဖြစ် စတာလင်ပေါင် 11,000 ကျန်ရစ်ခဲ့ပြီး အဲဒီငွေပမာဏကို 2014 ခုနှစ်ကေငွတန်ဖိုးနဲ့တွက်ကြည့်ရင် အမေရိကန်ဒေါ်လာ 194 ဘီလျံလောက်တန်ဖိုးရှိပါတယ်။
7. John D. Rockefeller

တစ်ခေတ်တစ်ခါက ကမ္ဘာ့အကြွယ်ဝဆုံးသူေဌးကြီးတစ်ဦးဖြစ်ခဲ့ဖူးတဲ့ John D. Rockefeller (1839 and 1937) ဟာ ရေနံထုတ်လုပ်ေရးလုပ်ငန်းနယ်ပယ်ထဲကို 1863 ခုနှစ်မှာ စတင်ဝင်ေရာက်ခဲ့တာဖြစ်ပြီး 1880 ခုနှစ်ကိုရောက်ချိန်မှာ သူ့ရဲ့ Standard Oil Company ဟာ အမေရိကန်ရေနံထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံးရဲ့ 90% လောက်ကို ထိန်းချုပ်ခြယ်လှယ်နိုင်တဲ့အထိအောင်မြင်လာခဲ့ပါတယ်။ Rockefeller ရဲ့ပိုင်ဆိုင်မှုတန်ဖိုးစုစုေပါင်းကေတာ့ အမေရိကန်ဒေါ်လာ1.5 ဘီလျံ (2014ငွေတန်ဖိုးအရ $341ဘီလျံ) ပါ။
6. Andrew Carnegie

အမေရိကန်နိုင်ငံသား သံမဏိလုပ်ငန်းရှင်သူေဌးကြီးကြီး Andrew Carnegie (1835-1919) ကတော့ အသားတင်ကြွယ်ဝမှုပမာဏ ကန်ဒေါ်လာ 372 ဘီလျံထိပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစရင်းရဲ့ အဆင့် ၆ နေရာမှာရပ်တည်နေပါတယ်။
5. Joseph Stalin

USSR ရဲ့ ပိုင်ဆိုင်မှုကိုထိန်းချုပ်ခြယ်လှယ်ခဲ့သူ Joseph Stalin (1878-1953) ကို ကမ္ဘာ့အချမ်းသာဆုံးအဆင့် ၅ လို့သတ်မှတ်ထားရတဲ့အေကြာင်းရင်းက Soviet Union ရဲ့ပိုင်ဆိုင်မှုနဲ့ သူ့ရဲ့ပုဂ္ဂလိကပိုင်ဆိုင်မှုကို ခွဲခြားရှုမြင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တာေကြာင့်ဖြစ်ပါတယ်။
4. Akbar I

Mughal မင်းဆက်ေတွစိုးမိုးခဲ့ကြစဥ်အချိန်က အိန္ဒိယနိုင်ငံဟာ Global GDP ရဲ့ 25% ပမာဏေလာက်ထိထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ Mughal မင်းဆက်ဧကရာဇ်တစ်ပါးဖြစ်တဲ့ Akbar I (1542-1605) က ၄ ယောက်မြောက်ကမ္ဘာ့အချမ်းသာဆုံးေနရာကိုရရထားတာပါ။
3. Emperor Shenzong

တရုတ် Song မင်းဆက်ဘုရင်တစ်ပါးဖြစ်သူ ဧကရာဇ် Shenzong (1048-1085) ကို ကမ္ဘာ့တတိယမြောက်အချမ်းသာဆုံးသူလို့သတ်မှတ်ထားပြီး အဲဒီေခတ်ကမ္ဘာလုံးဆိုင်ရာ GDP တန်ဖိုးစုစုေပါင်းရဲ့ 25%-30% လောက်က တရုတ်နိုင်ငံကေနရတာပါ။
2. Augustus Caesar

ကမ္ဘာ့ဒုတိယမြောက်အချမ်းသာဆုံးလို့သတ်မှတ်ခံထားရသူက ရောမအင်ပါယာကိုတည်ထောင်သူ Augustus Caesar ပါ (63 BC နဲ့14 AD ကာလေတွအတွင်းက ကမ္ဘာ့စီးပွားရေးကဏ္ဍထုတ်လုပ်မှုအားလုံးေပါင်းရဲ့ 25%- 30% ပမာဏထိကို ရောမအင်ပါယာကပိုင်ဆိုင်ခဲ့ပါတယ်) သူ့ရဲ့ပုဂ္ဂလိကပိုင်ဆိုင်ကြွယ်ဝမှုက သူ့အင်ပါယာစီးပွားရေးကဏ္ဍတစ်ခုလုံးစာရဲ့ ငါးပုံ တစ်ပုံနဲ့ညီမျှပြီး ဒီဘက်ခေတ်ေငွတန်ဖိုးနဲ့တွက်ကြည့်ရင် အမေရိကန်ေဒါ်လာ 4.6 ထရီလျံနီးပါးရှိပါတယ်။
1. Mansa Musa

ကမ္ဘာ့သမိုင်းတစ်လျှောက် နံပါတ် (၁) အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခံထားရသူကတော့ အာဖရိကန်ဘုရင်တစ်ပါးဖြစ်တဲ့ Mansa Musa (1280-1337 ခုနှစ်) ပါ။ ၁၄ ရာစုအတွင်း မာလီနိုင်ငံမှာ ဇကရာဇ်အဖြစ်အုပ်စိုးခဲ့သူ Musa ရဲ့ပိုင်ဆိုင်ကြွယ်ဝမှုပမာဏကလညိး ပြောမပြနိုင်အောင်များပြားလွန်းတယ်လို့ေတာင် ဆိုထားပါတယ်။
Ref: Legit
Thiha