ရန်ကုန်မှာ တိုင်းရင်းသားအစားအသောက်ရောင်းတဲ့ဆိုင်တွေထဲက admin မကြာခဏစားဖြစ်တဲ့ဆိုင် ၁၂ဆိုင်ကိုပြောပြပေးလိုက်ပါတယ်။ Social distancing guideline တွေကြောင့်ဆိုင်တော်တော်များများလူဦးရေကန့်သတ်လက်ခံတဲ့အတွက် ဖုန်းကြိုဆက်ပြီး booking ယူဖို့မမေ့နဲ့နော်။
Taing Yin Thar

ကချင်ပြည်နယ်ကနေ မြိတ်ကျွန်းစုအထိတိုင်းရင်းသားတွေရဲ့ ရိုးရာအစားအသောက်တွေကိုရနိုင်တယ်။ ခံတွင်းမြိန်အောင်ကျွဲကောသီးသုပ်ကိုအရင်စားပါ။ ပြီးရင်တော့ ငါးမြင်းဟင်းဖြစ်ဖြစ်၊ ချင်းရိုးရာဝက်နံရိုးစွပ်ပြုတ်ဖြစ်ဖြစ်မြည်းစမ်းကြည့်ဖို့မမေ့နဲ့နော်။ ဇွန်လအတွင်း dine in နဲ့ takeaway အတွက် regular menu item တွေကို ၂၀ရာခိုင်နှုန်း discount ပေးနေပါတယ်။
အမှတ် (2/A)၊ ကန်ဘဲ့လမ်း၊ ရန်ကင်း။
09 787 154 799, 09 441 169 995 | Delivery available
11:30 AM – 9:30 PM
Taungoo Food House

တောင်ငူစာသီးသန့်ရောင်းတဲ့ဆိုင်ဆိုတာ ရန်ကုန်မှာရှားပါတယ်။ တောင်ငူချိတ်ဆိုးထမင်းနဲ့တို့ဟူးသုပ်၊ ဝက်အူချောင်းကြော်နဲ့ တို့ဟူးကြော်သုပ်တို့ကိုအကြိုက်ဆုံးပဲ။ ငါးခူငါးပြုတ်ရည်လေးနဲ့ချက်ထားတဲ့တောင်ငူမုန့်ဟင်းခါးက စားနေကျမုန့်ဟင်းခါးတွေလောက်မပျစ်ပေမယ့် သူ့ဟာနဲ့သူတော့စားကောင်းပါတယ်။ ဂျုံစေ့၊ သာကူ၊ အုန်းနို့၊ ဒူးရင်းသီးတွေနဲ့ကြိုထားတဲ့ဂျုံကြိုကလည်း မစားမဖြစ်စားရမယ့်အချိုပွဲပါ။ ဈေးနှုန်းတွေက ၂၀၀၀-၃၀၀၀၀န်းကျင်တွေမို့ ၃ယောက်လောက်ကို တသောင်းဝန်းကျင်နဲ့ဗိုက်အပြည့်စားနိုင်မယ့်ဆိုင်ဖြစ်ပါတယ်။ ဆိုင်အပြောင်းအရွှေ့ကြောင့်လောလောဆယ် delivery ပဲရပါဦးမယ်။
09 960 000447
6:00 AM – 6:00 PM
Mu Ai

Mu Ai ဆိုတာ “အရသာကောင်းတယ်” လို့အဓိပ္ပာယ်ရပြီးကချင်လူမျိုးတွေက အစားအစာတစ်ခုစားလို့ကောင်းပြီဆိုရင်ပြောလေ့ရှိတဲ့စကားလုံးလေးပါ။ ဒီဆိုင်လေးက နည်းနည်းကျဉ်းပေမယ့် လက်ရာကတော့ထိပ်တန်းပဲ။ Myanmore Awards 2019 မှာတနှစ်တာအကောင်းဆုံး ရိုးရာစားသောက်ဆိုင်ဆုကိုလည်းရထားတယ်။ ကချင်ဟင်းလျာတွေဟာ ဆီနည်းပြီးအသီးအရွက်တွေနဲ့ အဓိကချက်ပြုတ်ထားတာမို့ ဝိတ်ထိန်းချင်တဲ့သူတွေအတွက်သင့်လျော်တယ်။ ဆာဖြယ်နဲ့ ဆိတ်သားထောင်းကသူ့ဆိုင်လာတဲ့လူတိုင်းလိုလိုမှာစားလေ့ရှိတဲ့ နာမည်ကြီးဟင်းလျာတွေပါ။
10-B၊ မြေညီထပ်၊ လှည်းတန်း ၁လမ်း၊ ကမာရွတ်မြို့နယ် (J’ Donuts ဆိုင်ရဲ့မျက်နှာချင်းဆိုင်လမ်း)
09 698 907367 | Delivery available
10:30 AM – 7:00 PM
ငပိချက်

ဖွင့်တာတလကျော်လောက်ပဲရှိသေးတဲ့ဒီဆိုင်လေးဟာငါးပိကြိုက်တဲ့သူတွေအတွက်ကတော့ one stop ငါးပိစားသောက်ဆိုင်လို့ပြောရမယ်။ ဘာလို့လဲဆိုတော့ သူ့ဆီကဟင်းအများစုဟာငါးပိကိုအခြေခံပြီးချက်ထားလို့ စားနေကျငါးပိဟင်းလျာတွေနဲ့မတူတဲ့ အရသာကိုခံစားရမယ်။ ပြီးတော့မှာတဲ့ ဟင်းပွဲတွေမှာ ငါးပိပါဝင်မှု level စိတ်ကြိုက်ရွေးလို့ရပါတယ်။ ငါးပိရည်ပျစ်ပျစ်နဲ့တို့စရာအစုံအလင်ချပေးလို့ ငါးပိရည်နဲ့တို့စရာမပါရင်ထမင်းစားမမြိန်ဘူးဆိုတဲ့သူတွေအကြိုက်တွေ့မယ့်ဆိုင်မျိုး။ ငါးပိနဲ့ချက်တဲ့ကြက်သားဟင်း၊ အမဲသားဟင်းတွေစားခဲ့။ ပြီးရင်မြန်မာမုန့်လေးတွေအချိုတည်း။
အမှတ် (၅၇၂)၊ ကမ်းနားလမ်းနှင့်လမ်းသစ်လမ်းထောင့်၊ အမှတ်(၃)ရပ်ကွက်၊ လမ်းမတော်မြို့နယ်။
09 687 869 934
10:30 AM – 8:30 PM
The Northern

ဒီဆိုင်လေးက ရှမ်းပြည်မြောက်ပိုင်းမူဆယ်နယ်စပ်ကဟင်းလျာတွေနဲ့ အကင်တွေကိုအဓိကထားရောင်းပါတယ်။ အပူအစပ်ကြိုက်တဲ့သူတွေနဲ့ အကင်လေးစားရင်းဘီယာသောက်ချင်တဲ့သူတွေအတွက် ဒီဆိုင်ကိုညွှန်းတယ်။ မစားမဖြစ်စားကြည့်သင့်တာကတော့ ငါးခူချဉ်စော်ခါးသီးချက်နဲ့အမဲလျှာဆာခုံပဲ။ အကင်တွေထဲမှာတော့ အမဲဆီကင်၊ ငါးကင်နဲ့ ခရမ်းသီးကင်တို့ကဘီယာနဲ့တော်တော်လိုက်ပါတယ်။ အကင်တွေကိုဘိန်းစေ့လေးဖြူးပေးတဲ့အတွက် မွှေးဆိမ့်တဲ့အရသာကိုခံစားရမှာပါ။
Ground Floor, Urban Asia Center၊ ၄၈လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်။
09 959 367096 | Delivery available
10:00 AM – 7:00 PM
Nam Su

Nam Su ဆိုတဲ့ချစ်စရာကောင်းပြီး မှတ်မိလွယ်တဲ့နာမည်နဲ့ဒီဆိုင်လေးက Rangoon Tea House အုပ်စုရဲ့ နောက်ဆုံးပေါ်စားသောက်ဆိုင်တခုပါ။ ရှမ်းအစားအစာတွေနဲ့ကော့တေးတွေအဓိကရတယ်။ Menu ထဲမှာတော့ရှမ်းဆိုင်တွေရဲ့မပါမဖြစ် ရှမ်းခေါက်ဆွဲ၊ မြှီးရှည်၊ တို့ဟူးနွေးအပြင် ရှမ်းရိုးရာဟင်းလျာတွေလည်းရှိတယ်။ နာမည်ခပ်ဆန်းဆန်းနဲ့ ကော့တေးတွေကိုလည်းသောက်ကြည့်ပါဦးနော်။
၁၁၆/၁၁၈၊ ဘိုကလေးဈေးလမ်း အောက်လမ်း၊ ဗိုလ်တထောင်။
09 894 120 277 | Delivery available
11:00 AM – 9:00 PM
Jana Mon

Jana ဆိုတာမွန်ဘာသာစကားနဲ့ အစားအစာလို့အဓိပ္ပာယ်ရလို့ Jana Mon ဆိုတာကတော့ “မွန်အစားအစာ” ပေါ့နော်။ ကြက်စပါးလင်ကြော်တို့၊ ပြုတ်လက်သုပ်တို့စားပါ။ အုန်းနို့ရယ် နူးအိနေတဲ့ကောက်ညှင်းငချိတ်ရယ် ပေါင်းထားတဲ့သာခွေယိုင်ကိုအစပ်ပြေအချိုတည်းပါ။ ဆိုင်ခွဲ ၂ဆိုင်ရှိပြီး Jana Mon ရဲ့ 7 Mile Residence ဆိုင်ခွဲကတော့လတ်တလောပိတ်ထားပါတယ်။
အမှတ် (၁၁၉)၊ နန္ဒဝန်လမ်း၊ ဗဟန်း။
09 250 825 442 | Delivery available
10:00 AM – 9:30 PM
Root

ရန်ကုန်မှာ ဝရိုးရာစားသောက်ဆိုင်တွေတော်တော်ရှားတယ်။ ဝအစားအသောက်တွေမြည်းစမ်းကြည့်ချင်တယ် ဆိုရင်တော့ Root ကသွားသင့်တဲ့နေရာတခုပါ။ အသားသုပ်တွေနဲ့ ငါးကင်တို့ကို စွပ်ပြုတ်ပူပူနဲ့စားပြီး ဝရိုးရာအရက်နဲ့ဖျော်စပ်ထားတဲ့ကော့တေးတွေလည်းရပါတယ်။ ဇွန်လထဲ drink တွေအကုန် 15 per cent off။
ဗိုလ်မြတ်ထွန်းလမ်းနဲ့မဟာဗန္ဒုလလမ်းထောင့်၊ ဗိုလ်တထောင်။
09 45669 6695
11:00 AM – 10:00 PM
Aung Mingalar

ရှမ်းပြည်မြောက်ပိုင်းအစားအစာတွေကို အဓိကထားရောင်းတဲ့ဆိုင်လေးဖြစ်ပြီး နှစ် ၂၀ လောက်သက်တမ်းရှိနေပါပြီ။ ဖက်ထုပ်ပေါင်း၊ သတ်သတ်လွတ်ခေါက်ဆွဲနဲ့ အမဲသား ဂျုံစွပ်ပြုတ်တို့ကိုညွှန်းပါတယ်။ အထူးသဖြင့်ဆိုင်ရဲ့နာမည်ကြီးဟင်းပွဲဖြစ်တဲ့ဖက်ထုပ်ပေါင်းဟာဆိုရင် ထိုင်းမီဒီယာတခုကပေးတဲ့ဆုတောင်ရဖူးတယ်လို့သိရတယ်။
ဗိုလ်ရာညွန့်လမ်းနဲ့ နဝဒေးလမ်းထောင့်၊ ဒဂုံမြို့နယ်၊ ရန်ကုန်။
09 507 0778, 09 775 556 602 | Delivery available
7:00 AM – 8:00 PM
TT’s Kitchen

ဆိုင်လေးကစားသောက်ဆိုင်ဆိုတာထက် ဘားနဲ့ပိုတူတယ်ဗျ။ မစားမဖြစ်ကတော့ကယားဝက်အူချောင်းပေါ့။ မက်ခါမှုန့်ပူပူစပ်စပ်လေးနဲ့တို့စားရင်း ခေါင်ရည်လေးသောက်လိုက်တော့ ချွေးတွေတောင်စို့လာတဲ့အထိပဲ။ မိုးတွင်းနဲ့တော့အကိုက်ပေါ့ဗျာ။
17/A၊ သတိပဌာန်လမ်း၊ ကျောက်မြောင်း၊ တာမွေ၊ ရန်ကုန်။
09 952 107 799
4:00 PM – 11:00 PM
နော်တယာ

ကရင်စာတွေမှာ တူညီတဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ဟင်းချက်ရင် ဆီမပါတာပါပဲ။ ပုံမှန်ဆီပါတဲ့ဟင်းတွေ စားနေကျလူတစ်ယောက်ဟာ ကရင်စာ စားကြည့်ရင်ထူးခြားမှုကိုခံစားရမှာပါ။ အဓိကဇာတ်လိုက်ကတော့ တာလပေါ့ဟင်းပေါ့ဗျာ။ အချို၊ ချဉ်စပ်အရသာ ၂မျိုးရပြီး အသား၊ ပင်လယ်စာကြိုက်ရာထည့်စားနိုင်ပါတယ်။ လတ်တလော မြောင်းသန့်ရှင်းရေးလုပ်ငန်းတွေလုပ်နေလို့ တပတ်လောက်ပိတ်ထားရပြီး ဇွန် ၂၅လောက်မှပြန်ဖွင့်မယ်လို့သိရပါတယ်။
အမှတ်(၃၅)၊ အေးလမ်း၊အလုံမြု့ိနယ်။
09 792 243 412
10pm – 10pm
Min Lan

ထူးထူးထွေထွေမိတ်ဆက်ပေးစရာမလိုတဲ့စားသောက်ဆိုင်ပါ။ အခုလိုမိုးအေးအေးထဲ မင်းလမ်းမုန့်တီရည်ပူပူစပ်စပ်ကို ရေဘဝဲသုပ်ချဉ်ငံစပ်နဲ့စားလိုက်ရရင် တကိုယ်လုံးနွေးသွားပြီးချွေးလေးတွေတောင်စို့လာမှာ။ မုန့်တီပြီးရင် ပင်လယ်စာထမင်းကြော်ကိုအကြိုက်ဆုံးပါပဲ။
(Head Office) ၃၆၁၊ ရွှေဂုံတိုင်လမ်း၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗဟန်း။
(Parami Branch) ၁၆၊ ပါရမီလမ်း၊ မရမ်းကုန်း၊ ရန်ကုန်။
(Shinsawpu Branch) 77/C၊ ရှင်စောပုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်း။
(Kandawgyi Branch) Opposite Chatrium Hotel မျက်နှာချင်းဆိုင်၊ နတ်မောက်လမ်းနှင့် ဖိုးစိန်လမ်းထောင့်။
(Thakayta Branch) 296/D6၊ ဧရာဝဏ်လမ်း၊ သာကေတ။
(Waizayantar Branch) ၆၉၊ ဝေဇယန္တာလမ်း၊ အောင်ရတနာမှတ်တိုင်အနီး၊ တောင်ဥက္ကလာပ။
09 253 042 456 | Delivery available
10:00 AM – 10:00 PM