Advertisement

ရုပ်ရှင်ကား‌ေကာင်းတစ်ကားကိုရိုက်ကူးဖန်တီးဖို့ဆိုတာ ခက်ခဲနက်နဲလွန်းတဲ့အလုပ်တစ်ခုဖြစ်သလို အဘက်ဘက်ကပြီးပြည့်စုံ‌‌ေနပါမှလည်း ဖြစ်မြောက်လာနိုင်တဲ့ကိစ္စပါ။ တစ်ခါတလေ ယ ရုပ်ရှင်ရိုက်ကူး‌ေရးမှာပါဝင်‌ေနတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ တစ်ဦးဦး‌ေကြာင့်‌အလွဲအမှားတစ်ခုခုဖြစ်သွားလို့ ဆုံးရှုံးလိုက်ရမှာ‌ေတွကလည်း အများသားပါပဲ။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ကွင်းမှာ တစ်ခုခုလွဲမှားလုပ်မိလိုက်တဲ့ဘယ်သူမဆို (Mega Star တစ်ဦးပင်ဖြစ်နေ‌ပါစေ) ရိုက်ကူးရေးလုပ်ငန်းစဥ်ထဲကထုတ်ပယ်ခြင်းကို ခံလိုက်ရနိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တာကလည်း ရုပ်ရှင်ရိုက်ကူးလက်စအချိန်အတွင်းမှာတင် အကြောင်းအမျိုးမျိုးကြောင့်ထုတ်ပယ်ခံရ/ နုတ်ထွက်ခဲ့ရတဲ့ နာမည်ကြီးသရုပ်ဆောင်တချို့ရဲ့အဖြစ်အပျက်တွေပါ။ ဘာ‌ေကြာင့်များ သူတို့ဒီလိုလွဲခဲ့ကြရလဲ ဆိုတာသိရအောင် ဖတ်ကြည့်လိုက်ပါဦး။

Natalie Portman — Claire Danes

Natalie Portman က Romeo + Juliet ရုပ်ရှင်မှာပါဝင်ဖို့ သေချာခဲ့ပြီးခါမှ လွဲခဲ့ရတာပါ။ ရုပ်ရှင်ကို စရိုက်ကူးရေးချိန်မှာ 14 နှစ်သမီး Natalie ရဲ့သေးညှက်လွန်းတဲ့အသွင်အပြင်က 21 နှစ်အရွယ် Leonardo DiCaprio နဲ့တွဲဖို့ အဆင်မ‌ေပြဖြစ်‌ေနခဲ့ပါတယ်။ ဒါကြောင့်ပဲ ရုပ်ရှင်ဖန်တီးသူတွေက သူ့ကိုထုတ်ပယ်ပြီး Claire Danes နဲ့ ရိုက်ကူးခဲ့တာပါ။

Robert Downey Jr. — George Clooney

Robert Downey Jr. ဟာလည်း Gravity ရုပ်ရှင်ထဲက အဓိကဇာတ်ဆောင်တစ်‌ေနရာမှာပါဝင်ဖို့ နီးစပ်ခဲ့ဖူးသူပါ။ တကယ်ကိုအရည်အချင်းပြည့်ဝတယ်ဆိုတဲ့သရုပ်ဆောင်တွေထဲမှာ Robert ပါဝင်နေတာကို ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါပေမဲ့လည်း ဇာတ်လမ်းရဲ့အ‌ေကြာင်းအရာက သူ့ပင်ကိုသရုပ်ဆောင်ဟန်နဲ့ သဟဇာတမဖြစ်နိုင်ဘူးလို့ ဒါရိုက်တာ Alfonso Cuaron ကယူဆတဲ့အတွက် George Clooney ပြောင်းလဲရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Megan Fox — Rosie Huntington-Whiteley

Transformers: Dark of the Moon ရုပ်ရှင်ကိုရိုက်ကူး‌စဥ်က ဇာတ်ကောင်ပုံစံအတိုင်းအတိအကျရ‌ေအာင် 7-9 ပေါင်ထိ ဝိတ်တင်ခိုင်းတဲ့အတွက် “ဟစ်တလာနဲ့ အလုပ်တွဲလုပ်‌ေနရသလိုပဲ” လို့ တုံ့ပြန်‌ေပြာဆိုခဲ့မှု‌ေကြာင့် ဒါရိုက်တာ Michael Bay နဲ့ သရုပ်ဆောင်မင်းသမီး Megan Fox တို့ အကြီးအကျယ်ပြဿနာတက်ခဲ့ကြဖူးပါတယ်။ အဲဒီလိုပြဿနာ‌ဖြစ်ပွားမှုကနေ Megan Fox ပြန်ရလိုက်ကတော့ သူ့နေရာကို Rosie Huntington-Whiteleyget ထံလွှဲပေးလိုက်ရခြင်း ပါပဲ။

Nicole Kidman — Jodie Foster

ဩစတေးလျမင်းသမီး Nicole Kidman ကတော့ Panic Room ရိုက်ကူးရေးမှာ 18 ရက်ထိပါဝင်ထားခဲ့ပြီး‌မှ သဲထဲရေသွန်ဖြစ်ခဲ့ရသူပါ။ Moulin Rouge အတွက်သရုပ်ဆောင်‌‌စဥ်ရခဲ့တဲ့ဒူးဒဏ်ရာက Nicole Kidman ကို Panic Room ရုပ်ရှင်က‌ေနနုတ်ထွက်လိုက်ရ‌ေစပြီး သူ့နေရာကိုတော့ Jodie Foster နဲ့ အစားထိုးခဲ့ပါတယ်။

Ryan Gosling — Mark Wahlberg

Ryan Gosling က‌ေတာ့ ထုတ်ပယ်ခံခဲ့ရတာမဟုတ်ဘဲ ရိုက်ကူးရေးမစခင်တစ်ရက်အလိုမှာပဲ သူ့ဘာသာနုတ်ထွက်သွားခဲ့တာပါ။ The Lovely Bones ရုပ်ရှင်ရိုက်ကူးခါနီးအချိန်မှာ ဇာတ်လမ်းထဲကကောင်ရဲ့ပုံစံအတွက် ကိုယ်ပိုင်စိတ်ကူးရှိ‌ေနတဲ့ Gosling က ကိုယ်အလေးချိန်ထပ်တင်ဖို့လုပ်‌ေဆာင်ခဲ့ပါတယ်။ ဒါရိုက်တာ Peter Jackson က‌ေတာ့ အဲဒီလုပ်ရပ်အပေါ် လုံးဝသဘောမတွေ့ခဲ့ဘဲ Gosling ထွက်သွားချိန်မှာ Mark Wahlberg ကိုရွေးချယ်အစားထိုးခဲ့ပါတယ်။

Samantha Morton — Scarlett Johansson

ဒီဖြစ်ရပ်က‌ေတာ့ ဒါရိုက်တာက သရုပ်ဆောင်ရဲ့ရုပ်သွင်ပြင်ကို သဘောမကျဖြစ်တာမျိုးမဟုတ်ဘဲ သရုပ်ဆောင်ရဲ့အသံအ‌ေပါ် စိတ်တိုင်းမကျတဲ့ဖြစ်ရပ်ပါ။ ရုပ်ရှင်ဇာတ်လမ်းမှာပါတဲ့ Operating System ရဲ့စကားသံအတွက် အသံသရုပ်‌ေဆာင်‌ေပးဖို့‌ ကနဦး‌ေရွးခဲ့တာက Samantha Morton ဖြစ်ပါတယ်။ ဒါပေမဲ့ post-production ပြုလုပ်‌ချိန်မှာတော့ ရုပ်ရှင်ကားဒါရိုက်တာက Samantha ရဲ့အသံက ဆွဲဆောင်မှုအားနည်းတယ် လို့ယူဆမိတဲ့အတွက် Scarlett Johansson ကိုအစားထိုးပြီး အသစ်ပြန်ရိုက်ကူးခဲ့ပါတယ်။ Samantha ကတော့ operating system ရဲ့အမည်အ‌ေနနဲ့သာ ပါဝင်ခွင့်ရလိုက်ရှာပါတယ်။

Anne Hathaway — Katherine Heigl

Knocked Up ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်‌ေဆာင်‌ဖို့ အရင်ဆုံးကမ်းလှမ်းခံခဲ့ရသူက Anne Hathaway ပါ။ ဒါပေမဲ့ Anne က ရုပ်ရှင်ထဲမှာပါတဲ့ ကလေးမီးဖွားတဲ့ဇာတ်ဝင်ခန်းကို သရုပ်ဆောင်လိုစိတ်မရှိလို့ ငြင်းခဲ့တာကြောင့် ရုပ်ရှင်ဖန်တီးသူတွေက Katherine Heigl ကို ပြောင်းလဲရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

Ref: Brightside
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here