Advertisement

ကပ်ရောဂါကြီးကြောင့်ဇာတ်လမ်းတွဲတော်တော်များများရိုက်ကူးရေးတွေနောက်ဆုတ်လိုက်ရပါတယ်။ မြန်မာနိုင်ငံကပရိသတ်တွေကြားရေပန်းစားတဲ့ဇာတ်လမ်းတွဲတွေဘယ်တော့ပြန်လာမှာလဲ။ ဒီ list မှာကြည့်ပါ။

The Witcher

Netflix က The Witcher Season 2 ကိုကပ်ရောဂါဖြစ်နေတဲ့ကာလမှာတောင်ရိုက်ကူးဖို့ကြိုးစားခဲ့ပေမယ့် အဓိကသရုပ်ဆောင်တဦးအဖြစ်ပါဝင်လာမယ့် Kristofer Hivju (Game of Thrones ထဲက Tormund Giantsbane) Covid-19 ကူးစက်ခံခဲ့ရတဲ့အတွက်ရိုက်ကူးရေးတွေရပ်တန့်လိုက်ရပါတယ်။ Season 1 တုန်းက တည်းဖြတ်ပြင်ဆင်တဲ့လုပ်ငန်းစဉ် (post production) တောင် ၆လ ၇လကြာပါတယ်။ Season 2 ကတော့ ရိုက်ကူးရေးတောင်မစရသေးတဲ့အတွက် ၂၀၂၂လောက်မှထွက်ရှိလာမယ်လို့ခန့်မှန်းရပါတယ်။ Tormund ကြီးလည်းမြန်မြန်နေပြန်ကောင်းပါစေ။

Lucifer

Season 5 ကို ပထမပိုင်းနဲ့ဒုတိယပိုင်းဆိုပြီးခွဲထုတ်မယ်လို့သိရတယ်။ အရင်ကတော့ ပထမပိုင်းမှာပါမယ့် episode ၈ခုကိုဒီနှစ် မေ (သို့) ဇွန်လလောက်မှာထုတ်လွှင့်မယ်လို့ပြင်ဆင်ထားပေမယ့် showrunner တဦးဖြစ်တဲ့ Joe Henderson က post production တွေမပြီးပြတ်သေးတာမို့စောင့်ရပါလိမ့်ဦးမယ်။ Henderson ကတခုခုထူးတာနဲ့အသိပေးပါ့မယ်လို့ Twitter မှာရေးထားတဲ့အတွက် သူကိုယ်တိုင်တောင် ဘယ်နေ့ထုတ်လွှင့်မလဲသိပုံမရသေးပါဘူး။

Dark

ကံကောင်းထောက်မစွာပဲ Dark Season 3 ကိုဇွန်လ ၂၇ရက်နေ့ကျရင်ကြည့်ရတော့မှာပါ။ နောက်ဆုံး season လည်းဖြစ်ပြီး ဇွန် ၂၇ဟာ Season 2 မှာအရိပ်အမြွတ်ပြောထားခဲ့တဲ့ Last Cycle စတင်မယ့်နေ့လည်းဖြစ်ပါတယ်။ ဒီ season မှာအနုမြူဓာတ်ပေါင်းဖိုပေါက်ကွဲမှုကြီးကြောင့် နူကလိယဆောင်းရာသီဖြစ်ပွားနေတဲ့ကာလအကြောင်း ဇာတ်အိမ်တည်ထားပါလိမ့်မယ်။ Admin ကတော့ Season 1 နဲ့ 2 ကိုအခုကတည်းကပြန်နွှေးနေပြီ။

Elite

တနှစ်ကို season တခုထုတ်လွှင့်လေ့ရှိတဲ့အတွက် Elite Season 4 ကိုပုံမှန်အတိုင်းဆို ၂၀၂၁ ခုနှစ် မတ်လမှာ ကြည့်ခွင့်ရမှာပါ။ ဒါပေမယ့်ပုံမှန်မဟုတ်တော့တဲ့ကမ္ဘာကြီးကြောင့် Season 4 အတွက်ရိုက်ကူးရေးတွေတောင်မစရသေးပါဘူး။ သတင်းကောင်းတခုကတော့ Elite ဟာ Season 4 နဲ့တင်ပြီးဦးမှာမဟုတ်သေးဘဲ Season 5 အထိရိုက်ကူးဖို့စီစဉ်ထားတယ်ဆိုတာပါပဲ။

Sex Education

ဒီ British sit-com ရဲ့ Season 3 ကိုတော့သြဂုတ်လကစပြီး စတင်ရိုက်ကူးတော့မယ်လို့သိရတယ်။ ဒါကြောင့်ဗြိတိန်မှာရောဂါအခြေအနေတွေတည်ငြိမ်သွားရင် နောင်နှစ်လောက်မှာကြည့်ရမှာပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here