Advertisement

တရုတ်နိုင်ငံရဲ့် ဆွဲ‌ေဆာင်မှုအရှိဆုံး‌ေသာလည်ပတ်စရာ‌ေနရာသစ်တွေထဲကတစ်ခုဖြစ်‌တဲ့ မှန်ခင်းမိုးပျံတံတား “The Crystal” ပေါ်မှာတော့ ရှုခင်းကြည့်စင်တစ်ခုကို တည်ဆောက်ဖွင့်လှစ်လိုက်ပါပြီ။

“The Crystal” ဆိုတာ Chongqing မြို့မှာရှိ‌ေနတဲ့ မီတာ ၃၀၀ အမြင့်ရှိမိုးမျှော်တိုက် ၄ လုံး‌ေပါ်မှာဖြတ်သန်းတည်‌ေဆာက်ပြီး မီတာ ၃၅၀ အလျားရှိတဲ့ မှန်ခင်းတံတားရဲ့အမည်ပါ။ မိုးမျှော်တိုက်လုံးရေအများဆုံးနဲ့တွဲလျက်တည်ဆောက်ထားတဲ့ ကမ္ဘာ့အမြင့်ဆုံးမိုးပျံတံတား ဆိုတဲ့ဂုဏ်ပုဒ်ကိုရထားတဲ့ ဒီတံတားရဲ့ဒီဇိုင်းကိုဖန်တီးခဲ့သူကတော့ Singapore နိုင်ငံရဲ့ မီတာ 250 အမြင့်ရှိတဲ့ Changi Jewel Sky Bridge ကိုတည်ဆောက်ခဲ့သူ Moshe Safdie ပါ။ သံမဏိတန်ချိန် ‌12,000၊ မှန်ပြား‌ 3,000 နဲ့ aluminum panel 5,000 အသုံးပြုတည်‌ေဆာက်ခဲ့ရပြီး တည်ဆောက်ချိန် ၇ နှစ်ကြာမြင့်ခဲ့ကာ တည်ဆောက်စရိတ် ကန်ဒေါ်လာ ၃.၄ ဘီလျံကုန်ကျခဲ့ပါတယ်။

စတုရန်းမီတာ 1500 ကျော်‌အကျယ်အဝန်းရှိတဲ့ အဲဒီရှုခင်းကြည့်စင်မှာ ရှုမျှော်ခင်းကြည့်ဖို့‌ေနရာအပြင် တခြားစိတ်လှုပ်ရှားပျော်ရွှင်စရာတွေခံစားနိုင်မယ့်‌ေနရာ‌ေတွပါ ရှိ‌နေပါတယ်။ အဲဒါတွေထဲမှာ Crystal ရဲ့ Member ‌ေတွသာလာ‌ေရာက်ခွင့်ရှိတဲ့ Private Club နဲ့ စားသောက်‌ဆိုင် ၆ ဆိုင်နဲ့ Bar တွေရှိ‌ရာ စတုရန်းမီတာ 6,000 အကျယ်ရှိ The Sky Garden အစားအသောက်တန်း‌ တွေလည်းပါဝင်‌ပါတယ်။ Level 1 က 5 ထပ်ပြခန်းဆောင်ထဲမှာက Chongqing မြို့တော်ဆင့်ကဲတိုးတက်‌လာခဲ့ပုံကို သရုပ်‌ေဖာ်ပြသထားပြီး level 47 မှာလည်း အာကာသယာဥ်ဆန်‌ဆန်ဓာတ်‌ေလှကားစီးပြီးသွား‌ရောက်ရမယ့် Mars exhibition ရှိ‌ေနမှာပါ။ လအလည်အပတ်ခရီးစဉ်ရဲ့အဆုံးသတ်တဲ့အခါ ပန်းဥယျာဉ်တစ်ခုနဲ့အတူ မြို့‌နဲ့ Yangtze မြစ်ရဲ့ မြင်ကွင်းကျယ်ရှုခင်းကိုခံစားနိုင‌ေစမယ့် မှန်ခင်းတံတား‌ေပါ်က ရှုခင်း‌ေမျှာ်စင်ကိုတွေ့ရမှာဖြစ်ပါတယ်။

Covid-19 ကူးစက်မှုဆိုင်ရာလူစုလူဝေးကန့်သတ်မှုအရ ရှုခင်းကြည့်စင်ဆီ တစ်နေ့တာလာ‌ေရာက်လည်ပတ်သူဦးရေကို 3,000 ပဲခွင့်ပြု‌‌ေပးမှာပါ။ လာရောက်လည်ပတ်သူတွေကိုလည်း ဝင်ရောက်ချိန်ခွဲခြားပြီးမှ ဝင်ရောက်ခွင့်ပြုသွားမှာဖြစ်ပါတယ်။ လူပေါင်းစုံရဲ့ထိတွေ့အသုံးပြုမှု‌ေတွရှိလာမယ့် Touchscreen Panel အားလုံးမှာတော့ Hand sanitizer တွေထားရှိပေးမှာပါ။

May လနှောင်းပိုင်း opening weekend မှာရောင်းချခဲ့တဲ့လည်ပတ်ခွင့်လက်မှတ်‌ေတွက‌‌ေတာ့ အားလုံးရောင်းရပြီးပါပြီ။ လက်ရှိမှာက စမ်းသပ်ကာလအနေနဲ့ အကန့်အသတ်နဲ့သာလည်ပတ်ခွင့်ပြုထားပြီး အများပြည်သူ‌ရောက်လည်ပတ်နိုင်ဖို့အတွက်ကိုတော့2020 September လောက်မှ စတင်ခွင့်ပြုသွားမယ်လို့သိရပါတယ်။

Ref: CNN
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here