အရင်အချိန်ေတွတုန်းက စိတ်ကူးနဲ့ပဲဖန်တီးပုံေဖာ်ကြည့်ခဲ့ရတဲ့ UAE ရဲ့အာကာသခရီးသွားလာေရးစီမံကိန်းကတော့ အခု လက်တွေ့အကောင်အထည်ပေါ်လာခဲ့ပါပြီပါ။ Mars ဆီကိုသွားရောက်လေ့လာမှုပြုလုပ်မယ့်ဒီခရီးစဥ်ဟာ Arab ကမ္ဘာကနိုင်ငံတစ်နိုင်ငံရဲ့ပထမဆုံးေသာအာကာသခရီးစဉ်ဖြစ်ပြီး လာမယ့်သီတင်းပတ်ေတွအတွင်းမှာ စူးစမ်းလေ့လာရေးယာဉ် “Amal” ကို လွှတ်တင်သွားမှာဖြစ်ပါတယ်။
Amal (‘မျှော်လင့်ချက်’ ဟုအဓိပ္ပာယ်ရ) လို့အမည်ေပးထားတဲ့ ဒီအာကာသယာဉ်ေလးကို အမေရိကန်နိုင်ငံ Colorado မှာတပ်ဆင်တည်ဆောက်ခဲ့တာဖြစ်ပြီး Japan နိုင်ငံကဒုံးပျံနဲ့သယ်ဆောင်လွှတ်တင်သွားဖို့စီစဥ်ထားတာပါ။ Japan ကိုပို့တဲ့အချိန်မှာပဲ coronavirus pandemic စဖြစ်လာခဲ့တာေကြာင့် Engineer ေတွ quarantine ဝင်ခဲ့ရပြီး လွှတ်တင်ေရးအစီအစဥ်ကိုေရွှ့ဆိုင်းထားလိုက်ရတာဖြစ်ပါတယ်။

စူးစမ်းေလ့လာရေးယာဉ်ငယ် ‘Amal’ ဟာ Mars ကိုေရာက်ရှိနိုင်ဖို့ မိုင်ပေါင်း ၃၀၈ သန်း (ကီလိုမီတာပေါင်း ၄၉၃ သန်း) အကွာအဝေးကို ၇ လကြာ ဖြတ်သန်းသွားေရာက်ရမှာဖြစ်ပြီး Mars ရဲ့ဂြိုဟ်ပတ်လမ်းထဲကိုေရာက်ချိန်မှာေတာ့ Mars ရဲ့မိုးလေဝသနဲ့ လေထုအခြေအနေေတွကို ကမ္ဘာမြေဆီ အရင်ဆုံးေပးပို့သွားမှာဖြစ်ပါတယ်။ Amal ဟာ Mars ကိုတစ်ပတ်အပြည့်လှည့်ပတ်ဖို့ 55 နာရီကြာမြင့်မှာဖြစ်ပြီး လုံေလာက်တဲ့အချက်အလက်ပမာဏရေအာင်ေထာက်လှမ်းစုဆောင်းပြီးချိန်ထိဆိုရင် Martian Year အရ ၆၈၇ ရက်ေလာက်အချိန်ယူရမှာပါ။
UAE ဟာ အရင်တုန်းကတည်းက ကမ္ဘာပတ်လမ်းထဲ ဂြိုဟ်တုေတွလွှတ်တင်တာနဲ့ International Space Station ဆီ အာကာသယာဥ်မှူးပို့ဆောင်တာတွေလို Space Travel မှတ်တမ်းေတွ ရှိထားဖူးပါတယ်။ 1985 ခုနှစ်က US space shuttle နဲ့လိုက်ပါပြီး အာကာသခရီးထွက်ခဲ့တဲ့ Saudi မင်းသား Sultan Bin Salman Al-Saud ကေတာ့ပထမဦးဆုံး Arab လူမျိုးအာကာသခရီးသွားပါ။

“အခုစတင်တော့မယ့် Mars Mission ဟာ Arab လူငယ်သိပ္ပံပညာရှင်တွေ Space Engineering အလုပ်အပေါ် စိတ်ဝင်စားမှုပိုလာစေေလာက်မယ့်အပြင်းစားဆွဲေဆာင်မှုတစ်ခုလည်းဖြစ်တယ်လို့ Programme ရဲ့သိပ္ပံရေးရာအကြီးအကဲဖြစ်သူ Sarah Al-Amir ကပြောခဲ့ပါတယ်။ Mars ဆီကို Hope ရောက်ရှိသွားမယ်လို့ခန့်မှန်းထားကြချိန်ကတော့ ထူးထူးခြားခြားပဲ1971 မှာစတည်ထောင်ခဲ့တဲ့ UAE နိုင်ငံတည်ထောင်သက် နှစ် ၅၀ ပြည့်ေမြာက်ချိန်နဲ့ တိုက်ဆိုင်တူညီနေမယ်လို့သိရပါတယ်။
Ref: BBC
Thiha
#UAE #MarsMission #MMPlus