Advertisement

အိမ်မှာနေရတာပျင်းနေပြီလား။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ chill ဖို့ဘားနဲ့စားသောက်ဆိုင်အသစ် ၆ဆိုင်အကြောင်းပြောပြမယ်နော်။

G Six Bar & B.B.Q

ဘီယာလေးသောက်ရင်း BBQ စားမယ်ဆိုတဲ့သူတွေအတွက် တောင်ဥက္ကလာက G Six Bar။ အပေါ်ထပ်ကလေတဖြူးဖြူးနဲ့မိုးတွင်းမှာအရမ်းထိုင်လို့ကောင်း။

No. 889, 4/6 Byamaso Road, 6th Ward, South Okkalapa Township, Yangon
09 662 991 717
11:00 AM – 10:00 PM
Facebook: @GSixBar

Redhill Blues

၁၉၂၀၀န်းကျင်လောက်က အနောက်တိုင်းဘားတွေလို vintage အပြင်အဆင်နဲ့ စုံတွဲတွေဒိတ်လို့ကောင်းမယ့်နေရာလေး။ Open mic session ရှိလို့ မိုက်ခဲတွေအတွက်လည်းအဆင်ပြေတာပေါ့။

Zawtika Street, Sanchaung Township, Yangon
09 773 773 779
5:00 PM – 2:00 AM
Facebook: @redhillblues

Beer Vibe

ဘျာမှကြိုက်တယ်ဆိုတဲ့သူတွေအတွက် ဇွန်လကုန်လောက်ကမှဖွင့်တဲ့ ဘီယာဗိုက်ဆိုတဲ့ဆိုင်လေးက ဇူလိုင် ၁၄ရက်နေ့အထိ Myanmar Premium 2 Tower မှာရင် 1 Tower free ပေးနေပါတယ်။ ဝက်နေလှန်းကြော်တို့ နံရိုးမီးတောက်တို့ကိုလည်းမြည်းကြည့်ဖို့မမေ့နဲ့ဦးနော်။

No. 2, Myay Ni Street, Pyay Road, Kamayut Township, Yangon
09 40728 8880
4:00 PM – 11:00 PM
Facebook: @beervibe2020

Noodle Bowl

ထမင်းထက်ခေါက်ဆွဲစားရတာပိုကြိုက်တာလား။ ဒီဆိုင်မှာတော့ကျောက်မဲမြီးရှည်၊ ရှမ်းခေါက်ဆွဲ၊ ကွေ့တီယိုတွေအပြင် ထိုင်းဟင်းလျာတွေလည်းရပါတယ်။

No. 248, Kanbae Road, Yankin Township, Yangon
09 980 225850
7:00 AM – 10:00 PM
Facebook: @noodlebowlmyanmar

Rio

ဝိတ်ထိန်းချင်လို့ပဲဖြစ်ဖြစ်၊ diet ပြောင်းချင်လို့ပဲဖြစ်ဖြစ် အသီးအနှံအစေ့အဆန်လေးတွေနဲ့လုပ်ထားတဲ့ bowl တွေကိုမှာလို့ရပါပြီ။ Dairy free product တွေပဲသုံးထားပြီးသကြားမပါဘူးလို့ဆိုပါတယ်။

09 407 788100
7:00 AM – 9:00 PM
Facebook: @rioygn ကမှာပါ။

Soul Made

Sandwich နဲ့ပေါင်မုန့်တွေကြိုက်တယ်ဆိုရင် ဇူလိုင် ၇ရက်နေ့ကမှ Times City မှာဖွင့်တဲ့ Soul Made ကိုရောက်ပြီးပြီလား။ Toast နဲ့ pastry အမျိုးမျိုးအပြင်ကော်ဖီတွေလည်းရပါတယ်။

No. 6, Citywalk Foodies @ TimesCity
09 775 133 394
8:00 AM – 8:00 PM
Facebook: @soulmademm

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here