Advertisement

ရန်ကုန်မှာကော်ဖီဆိုင်တွေအများကြီးတွေ့လာရပြီး အဲ့ဒီထဲကမှအထူးတန်းဝင်ကော်ဖီ (specialty coffee) ရတဲ့ဆိုင်တချို့ကိုပြောပြပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ဒီလိုကော်ဖီကို အများအားဖြင့်ရှမ်းပြည်နယ် ရွာငံမှာစိုက်ပျိုးလေ့ရှိတယ်။ တခြားကော်ဖီထွက်တဲ့ဒေသတွေအကြောင်းကိုလည်းဖော်ပြလိုက်ပါတယ်။

Origin Coffee

Central Boulevard မှာဖွင့်တာသိပ်မကြာသေးတဲ့ဆိုင်လေးဖြစ်ပြီး ရွာငံကစိုက်ခင်းကထွက်တဲ့အထူးတန်းဝင် ကော်ဖီစေ့ကိုသာသုံးထားတယ်လို့သိရတယ်။ သောက်နေကျ Americano, Latte နဲ့ Flat Whites တွေအပြင် ၂၄နာရီနှပ်ထားတဲ့ကော်ဖီအေးနဲ့ tonic water ကိုဖျော်စပ်ထားတဲ့ tonic brew လို drink အသစ်အဆန်းတွေလည်းရှိပါတယ်။

The Central Boulevard, Shop 19, Kabar Aye Pagoda Rd, Yangon.
09 964 175 265 | Delivery available
8:00 AM – 7:00 PM

EASY Specialty Coffee

၂၀၁၃ခုနှစ်လောက်ကတည်းက specialty coffee ကိုအဓိကထားရောင်းချနေတာဖြစ်ပြီး Big 7 Travel လိုနိုင်ငံတကာ lifestyle media တွေရဲ့အညွှန်းမှာတောင်ဖော်ပြခံခဲ့ရတဲ့ဆိုင်ပါ။ Gentleman Coffee Roasters နဲ့လှော်တဲ့ရှမ်းပြည်ကအော်ဂဲနစ်ကော်ဖီစေ့တွေကိုသုံးပါတယ်။ Teochew ငါးအသားလုံးခေါက်ဆွဲလို ဟင်းပွဲတွေကိုလည်းမြည်းကြည့်ခဲ့နော်။

No. 30 (A), Street Bo Yar Nyunt Rd, Yangon | 09 262 546 289
No. 24 (D), Nar Nat Taw St, Yangon | 09 452 121 842
Delivery available
8:00 AM – 8:00 PM

Taster Coffee

ဘယ်တော့မှမရိုးနိုင်တဲ့ drip coffee ကိုရွာငံ၊ ဟိုပုံး၊ ရေချမ်းပြင်၊ ကျောက်ကူပြင်၊ မိုးကုတ် စတဲ့ဒေသတွေကလာတဲ့ ကော်ဖီစေ့ ၅မျိုးထဲကကြိုက်ရာရွေးချယ်မှာယူနိုင်တယ်။ ခပ်ပျော့ပျော့နဲ့ဆန်းဆန်းပြားပြားလေးသောက်ချင်တယ်ဆိုရင်တော့ Creative menu ထဲက Ginger Latte တို့ Salted Caramel တို့ကိုညွှန်းပါတယ်။

No. 31, Kaing Dan Street, Yangon
09 750 139407
9:00 AM – 5:00 PM (Closed every Sunday in July)

Café Deja Brew

ရေဒီယိုဟောင်းလေးတွေ၊ လက်နှိပ်စက်ဟောင်းလေးတွေနဲ့ အတိတ်ကိုအချိန်ခရီးသွားလို့ရတဲ့ဆိုင်လေး။ သူကရွာငံထွက်အထူးတန်းဝင်ကော်ဖီစေ့တွေကိုသုံးတယ်။ မိုးရွာနေတဲ့အချိန်ကော်ဖီသောက်ရင်း စိတ်ပါလာရင် ဆိုင်ရှင်အစ်မကိုခွင့်တောင်းပြီးလက်နှိပ်စက်နဲ့ကဗျာတွေဘာတွေရေးခဲ့ပေါ့။ မြေနီကုန်းမှာလည်းဆိုင်ခွဲသစ်ဖွင့်လိုက်ပြီနော်။

No.134, 37th Street middle block, between Mahabandula Road & Anawratha Road, Kyauktada Township, Yangon

Corner of Ma Po and Thukha streets, Myaenigone Township, Yangon

09 430 52489
9:30 AM – 8:00 PM

Mountaineer Coffee Myanmar

ယောမင်းကြီးလမ်းထဲကဆိုင်လေးဖြစ်ပြီး မိုင်းမောကပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၂၀၀-၁၅၀၀ မှာစိုက်ပျိုးတဲ့ကော်ဖီစေ့တွေကိုသုံးပါတယ်။ ဘယ်ကော်ဖီနဲ့မဆိုလိုက်ဖက်တဲ့ blueberry cheese cake ကတော့ must try ပေါ့။

No. 42(C), Yawmingyi Street, Yangon
09 953 521 336
8:30 AM – 5:30 PM (Closed Sunday)

Avenue’J Café

အပြင်အဆင်တော်တော်ခမ်းနားလို့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ business meeting လုပ်လို့ရသလို အပေါင်းအသင်းတွေနဲ့ gathering လုပ်မယ်ဆိုလည်းအဆင်ပြေတဲ့ဆိုင်လေး။ ရေချမ်းပြင်နဲ့ ရေဝန်းကလာတဲ့ကော်ဖီစေ့တွေနဲ့ဖျော်တဲ့ pour-over ကော်ဖီတွေအပြင် ဒိန်ချဉ်နဲ့လုပ်တဲ့ smoothie တွေကလည်းသောက်လို့ကောင်းပါတယ်။

No. (2/4), Shin Saw Pu Pagoda Street, Sanchaung Township, Yangon
09 40707 6644 | Delivery available
9:00 AM – 7:00 PM

Café Salween

Salween ကတော့ကော်ဖီနဲ့ပတ်သက်တဲ့ guide တခုခုရေးတိုင်းချန်ထားလို့မရတဲ့ဆိုင်ပါ။ လွန်ခဲ့တဲ့ ၃နှစ်ကစလို့ မိုးကုတ်နဲ့ပြင်ဦးလွင်ကကော်ဖီစေ့တွေကိုအဆင်အမြဲသုံးခဲ့တာမို့ မပြောင်းလဲတဲ့အရည်အသွေးကိုခံစားရမယ်။ မနက်စောစောရုံးသွားရတဲ့နေ့တွေမှာသူ့ရဲ့ cold brew သောက်လိုက်ရင်လန်းဆန်းသွားစမြဲပဲ။

G15, Urban Asia Center, Mahabandula Road, Between 47th and 48th Street, Yangon
8:00 AM – 8:00 PM

6.5 Miles, Marketplace by City Mart – 6.5 Mile, Pyay Road, Yangon
9:00 AM – 9:00 PM

09 42583 0657

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here